Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ်ရှိ Non-CDMများ ဒီဇင်ဘာ ၂၇ရက် နောက်ဆုံးထားအလင်းဝင်ရန် သတိပေး

Non-CDM များနှင့် ပတ်သက်သော သတိပေးချက်ကို ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(နိုဝင်ဘာ ၂၉ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

(စစ်ကောင်စီက ထီးချိုင့်မြို့ရှိ အမှတ်(၃)ရပ်ကွက်အား မီးရှို့ဖျက်ဆီးနေသည်ကို နိုဝင်ဘာ ၁၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ထီးချိုင့် PDF)
(စစ်ကောင်စီက ထီးချိုင့်မြို့ရှိ အမှတ်(၃)ရပ်ကွက်အား မီးရှို့ဖျက်ဆီးနေသည်ကို နိုဝင်ဘာ ၁၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ထီးချိုင့် PDF)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများ ဒီဇင်ဘာ ၂၇ရက် နောက်ဆုံးထား၍ ဆောင်ရွက် ဆဲ ရုံးလုပ်ငန်းများရပ်တန့်ပြီး ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ အလင်းဝင်ကြရန် ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။

Non-CDM များနှင့် ပတ်သက်သော သတိပေးချက်ကို ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(နိုဝင်ဘာ ၂၉ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

အလင်းဝင်ရောက်မည့် Non-CDM ဝန်ထမ်းများသည် အစိုးရဌာနဆိုင်ရာ(သို့မဟုတ်) ဒေသဆိုင်ရာ အာဏာပိုင်က ပိုင်ဆိုင်သည့် (သို့မဟုတ်) ယင်းတို့အား လွှဲအပ်ထားသည့် (သို့မဟုတ်) အသုံးပြုရန် ကြံရွယ်ထားသည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတန်ဆာပလာ သို့မဟုတ် အခြားပစ္စည်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဟု သတိပေးချက်တွင် ဖော်ပြထားသည်။

အမိန့်ထုတ်ပြန်သည့်နေ့ရက်မှစ၍ ဒီဇင်ဘာ ၂၇ရက်အထိ အလင်းဝင်ရောက်ခြင်း မရှိသည့် Non-CDM ဝန်ထမ်းများကိုတည်ဆဲဥပဒေနှင့်အညီထိရောက်စွာ အရေးယူအပြစ် ပေးမည်ဖြစ်ပါသဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ပြီး အလင်းဝင်ရောက်ကြရန် ပြင်းထန်စွာသတိပေးလိုက်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့နယ်တွင် လတ်တလော၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီသည် စခန်းများမကျစေရေးအတွက် အပြင်းအထန် ခုခံနေရသည်ဟု ဒေသခံများကပြောသည်။

“စစ်တပ်က PDF ကို ဒဲ့ရင်မဆိုင်ရဲဘူး။ လူထုနဲ့ လူထုရဲ့ အိုးအိမ်တွေကို အကာအကွယ်ယူပြီး တိုက်နေတာ။ အိမ်တွေလည်း မီးရှို့ဖျက်ဆီးနေတာ။ အလင်းမဝင်တဲ့ Non တွေကတော့ သမိုင်းတရားခံပဲ”ဟု မြို့ခံတစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည့် စစ်ကိုင်းတိုင်း ကောလင်းမြို့တွင်လည်း Non-CDM ဝန်ထမ်းများ ဒီဇင်ဘာ၂၅ရက် နောက်ဆုံးထား၍ အလင်းဝင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။