Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်မြို့နယ် ၁၀၂၇ စစ်ဆင်​ရေးတွင် စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများပြီးအထိနာ

၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်သာမက စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်တွင်လည်း စစ်ဆင်ရေးဖော်ဆောင်နေ​ကြောင်းမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ က ထုတ်ပြန်ထားသည်။

(AA ၊KIA ၊ PDF တပ်ဖွဲ့ဝင်အချို့ နှင့် တိုက်ပွဲဖြစ်ပွားရာ​​နေရာပြ​မြေပုံ။ ဓါတ်ပုံ-RFA ၊KIA)
(AA ၊KIA ၊ PDF တပ်ဖွဲ့ဝင်အချို့ နှင့် တိုက်ပွဲဖြစ်ပွားရာ​​နေရာပြ​မြေပုံ။ ဓါတ်ပုံ-RFA ၊KIA)

▪︎”စစ်ရေးအခြေအနေအသေးစိတ်ကိုတော့ ကျတော်တို့သိခွင့်မရှိဘူး။ စကစ အလောင်းတွေကတော့ ထင်းတွေ ကားပေါ်ကနေချသလိုပဲ ပုံနေတာ”-​​ထောက်ပို့PDF တစ််ဦး

▪︎စစ်​ကောင်စီက ၅ ရက်အတွင်း​လေ​ကြောင်းမှ ၁၂ ကြိမ်တိုက်ခိုက်၊ စစ်တပ်ကဖမ်းဆီးထားသောလူငယ် ၃ဦး​လေ​ကြောင်းတိုက်ခိုက်မှုအတွင်းထွက်​ပြေးလွတ်​မြောက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၌ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာလ ၂၇ရက်မှစ၍ ငါးရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်တွင် အကျအဆုံးများပြားခဲ့​ကြောင်းပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။

“စစ်ရေးအခြေအနေအသေးစိတ်ကိုတော့ ကျတော်တို့သိခွင့်မရှိဘူး။ စကစ အလောင်းတွေကတော့ ထင်းတွေ ကားပေါ်ကနေချသလိုပဲ ပုံနေတာ” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက People’s Spring ပြောသည်။

ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လမှစ၍ တိုက်ပွဲများ မကြာခဏဖြစ်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ရက်၌ KIA ၊ AA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ထီးချိုင့်၍လည်း တိုက်ပွဲဖော်ဆောင်ခဲ့သည်။ ထူးခြားချက်မှာ ​အောက်တိုဘာလတွင် ရက္ခိုင်တပ်​တော်-AA တပ်ဖွဲ့ဝင်များပါ​ အင်အားအများအပြားရောက်ရှိလာပြီး စစ်​ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

(AA ၊KIA ၊ PDF တပ်ဖွဲ့ဝင်အချို့ နှင့် တိုက်ပွဲဖြစ်ပွားရာ​​နေရာပြ​မြေပုံ။ ဓါတ်ပုံ-RFA ၊KIA)
(AA ၊KIA ၊ PDF တပ်ဖွဲ့ဝင်အချို့ နှင့် တိုက်ပွဲဖြစ်ပွားရာ​​နေရာပြ​မြေပုံ။ ဓါတ်ပုံ-RFA ၊KIA)

၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်သာမက စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်တွင်လည်း စစ်ဆင်ရေးဖော်ဆောင်နေ​ကြောင်းမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသည် ထီးချိုင့်မြို့နယ်၊ မင်းဝံတောင်ရိုးနှင့် မော်ကွန်းတောင်အနီးတဝိုက်၌ ဖြစ်ခဲ့ပြီး စစ်ကောင်စီက အောက်တိုဘာလ ၂၇က်မှ စတင်၍ နေ့စဉ် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

” ၂၇ရက် ကနေ ၃၁ ရက်အထိ လေကြောင်းတိုက်တာ။ မြေပြင်စစ်ကြောင်းမှာက သက်စောင့်ကျည်လောင်ပဲရှိတော့တယ်လို့ သိရတယ်။ ဒါကြောင့်လေကြာင်းပဲသူတို့ အားကိုးရတော့တာ” ဟု PDF ရဲ​ဘော်​တစ်ဦးက ပြောသည်။

မင်းဝံတောင်ရိုးနှင့် မော်ကွန်းတောင်အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများ အဓိက ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၃၀ရက် ညနေပိုင်းတွင် ထီးချိုင့်မြို့၊ ၅ ရပ်ကွက်၊ သုသာန်အနီးသို့ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားခဲ့သည်။ ငါးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ခဲ့ပြီး နေအိမ်ပျက်စီးမှုအချို့ရှိသော်လည်း အရပ်သား ထိခိုက်မှုမရှိကြောင်း ဒေသခံများကပြောသည်။ သို့​သော် နိုဝင်ဘာ ၁ ရက်တွင် တိုက်ပွဲမဖြစ်ဘဲ ငြိမ်သက်သွား​ကြောင်း​ဒေသခံအချို့က​ပြောသည်။

(AA ၊KIA ၊ PDF တပ်ဖွဲ့ဝင်အချို့ နှင့် တိုက်ပွဲဖြစ်ပွားရာ​​နေရာပြ​မြေပုံ။ ဓါတ်ပုံ-RFA ၊KIA)
(AA ၊KIA ၊ PDF တပ်ဖွဲ့ဝင်အချို့ နှင့် တိုက်ပွဲဖြစ်ပွားရာ​​နေရာပြ​မြေပုံ။ ဓါတ်ပုံ-RFA ၊KIA)

ထို့အပြင်စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားသော အရပ်သား သုံးဦးသည် အောက်တိုဘာ ၃၀ ရက်က လေကြောင်းတိုက်ခိုက်ခံနေရစဉ်အတွင်း ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“သုံးယောက်စလုံး လူငယ်တွေ။ စခတွေက ဖမ်းထားတာ နှစ်ရက်ရှိပြီ။ လေကြောင်းက လာပစ်ချိန် ဝရုန်းသုန်းကားဖြစ်နေတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးလာတာ။ သေနတ်နဲ့ လှမ်းပစ်လို့ တစ်ယောက် ကျည်ထိပေမယ့် လွတ်အောင် ပြေးလာနိုင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

သို့​သော်၁၀၂၇ စစ်ဆင်ရေးဖြင့် ထီးချိုင့်မြို့နယ်တွင်လည်း စစ်ဆင်ရေးဖော်ဆောင်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ကထုတ်ပြန်ထားသော်လည်း တိုက်ပွဲရလဒ်ကို မထုတ်ပြန်‌သေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။