Connect with us

Hi, what are you looking for?

Fact-Check

မလေးရဲကို NUG သတင်းပေးလို့ မြန်မာလုပ်သားတွေ ဖမ်းခံရတယ်ဆိုတဲ့သတင်းမှား

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အာဏာပိုင်တွေက အော်ပရာစီရာမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာဟာ စစ်ကောင်စီ ဆီအခွန်ဆောင်တဲ့အတွက် NUG က မလေး ရဲ ကို သတင်းပေးလိုက်တာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီအာဘော် တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်ဝေနေပါတယ်။

အဲဒီသတင်းကို ” မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ ၂၃ ရက်မှာစတင် ဖြန့်ဝေပြီး ဒီနေ့ထိတိုင် တယ်လီဂရမ်သုံးစွဲသူ လေးထောင်ကျော် ကြည့်ရှုပြီး တွေ့ရပါတယ်။

စစ်ကောင်စီအာဘော်တယ်လီဂရမ်ရဲ့ သတင်းဖြန့်ဝေလင့်ခ်
(https://t.me/hminewai/43652)

ဒီဖြန့်ဝေမှုကို စိစစ်ရာမှာ သတင်းမှားဖြစ်ပြီး ရည်ရွယ်ချက် ရှိရှိ ဝါဒဖြန့်တာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ ၂၁ ရက်က ကွာလာလမ်ပူမြို့မှာရှိတဲ့ ကိုတာရာယာအရပ်ကို မလေးရဲနဲ့ ဌာနစုံပါဝင်တဲ့ အင်အား တစ်ထောင်ခန့်ကမလေးလို ” အော်ပရာစီ” လို့ ခေါ်တဲ့ ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေကို လုပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအများစုနေထိုင်ကြပြီး ” ဒါကာအသေးစား ” လို့ ခေါ်တဲ့ အဲဒီ အရပ်ကို ဝင်ရောက်စီးနင်းတာဟာ ခွင့်ပြုချက်မရဘဲ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ ရဲ့ လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်တယ်လို့ မလေးရှားလဝက ကရှင်းလင်းထားပါတယ်။

မလေးရှားလဝက ရဲ့ သတင်းထုတ်ပြန်ချက်ကို ဖတ်ရှုနိုင်ဖို့

https://www.facebook.com/photo/?fbid=674942308150731&set=a.162848352693465)

စီးနင်းမှုအတွင်း နိုင်ငံခြားသား ၅၀၀ နီးပါး ဖမ်းခံရပြီး ဘင်္ဂလားဒေ့ရှ် ၊ နီပေါနဲ့ မြန်မာနိုင်ငံသားတွေပါဝင်တယ်လို့ မလေး လဝက ဆိုထားပါတယ်။

ဖမ်းဆီးသွားတဲ့သူတွေထဲက နေထိုင်ခွင့်အထောက်အထားရှိသူတွေကို မလေးအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တယ်လို့ RFA မြန်မာပိုင်းသတင်းဌာနက လည်းသတင်းဖော်ပြထားပါတယ်။

မလေးအာဏာပိုင်တွေ စီးနင်းတဲ့နေရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအများဆုံးနေထိုင်ပြီး တရားမဝင်နေထိုင်သူတွေများပြားနေတာကြောင့် မလေးအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးတာလို့ RFA က မလေးရောက် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူရဲ့ပြောပြချက်ကို ကိုးကားပြီး ဖော်ပြပါတယ်။

RFA မြန်မာပိုင်းရဲ့ သတင်းကိုဖတ်ကြည့်ဖို့

https://www.facebook.com/rfaburmese/videos/1105520877115561 )

မလေးရှားလဝက ရဲ့ထုတ်ပြန်ချက်တွေအရ ယခင်ကလည်း နိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေ များပြားရာနေရာတွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေရှိတာသိရပါတယ်။

အထက်ပါ စိစစ်တွေ့ရှိချက်တွေအရ စစ်ကောင်စီအာဘော် တယ်လီဂရမ်ချန်နယ်ရဲ့ ဖြန့်ဝေမှုဟာ သတင်းမှားသာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

သူသေဆုံးသွားပြီဆိုတဲ့ သတင်းတွေကို ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် စစ်ဆင်ရေး ကဏ္ဍတွေမှာ အဓိက ကြီးမှူး တာဝန်ယူနေသူ ထိုင်းစစ်နယ်မြေမှူးက ငြင်းဆိုခဲ့ပါတယ်။

Fact-Check

ရန်ကုန်မြို့ ၊ ပြင်ဦးလွင်မြို့ နဲ့ ရခိုင်ပြည်နယ်တို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ တွေ့ရတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာ အခုရက်ပိုင်းအတွင်း စတင် ပျံနှံ့နေပါတယ်။

Fact-Check

 သတင်းမှားတွေ လုပ်ကြံသတင်းတွေကို အတူတကွ ဖယ်ရှား၊ ရှင်းလင်းကြပါစို့  သတင်းမှားတွေ လုပ်ကြံသတင်းတွေဟာ ပြည်သူတွေရဲ့ နေစဥ်ဘဝနဲ့ လူမှုသဟာဇတ ဖြစ်မှုတွေအပေါ်များစွာ ထိခိုက်စေပါတယ်။ သတင်းမှားတွေ လုပ်ကြံသတင်းတွေကို စနစ်တကျဖြန့်ဝေနေသူတိုင်းကို နေ့စဥ်လူမှုဘဝတွေထဲကနေ တိုက်ထုတ်ဖယ်ရှားနိုင်ဖို့ အလွန်မှ အရေးကြီးတဲ့အချိန်လည်းဖြစ်ပါတယ်။ 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐒𝐩𝐫𝐢𝐧𝐠 သတင်းဌာနရဲ့ သတင်းတင်ဆက်သူ 𝑳𝒂𝒔𝒉𝒖...

Fact-Check

မန္တလေး PDF နဲ့ တအာင်းတပ် (TNLA) တို့ သိမ်းယူထားတဲ့ ပြင်ဦးလွင် − မိုးကုတ်လမ်းပိုင်းက သံဘို တပ်စခန်းကိုပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က သတင်းဖြန့်နေပါတယ်။ သံဘိုစခန်းပြန်ရဖို့ နှစ်ရက်ဆက်တိုက် တိုက်ရပြီး TNLA တပ်တွေ ဆုတ်ခွာသွားသလို ၊ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကိုသယ်ယူသွားတဲ့ ကားတွေကို...