Connect with us

Hi, what are you looking for?

သတင်း

နမ့်ဖတ်ကာဒေသ တစ်လနီးပါးတိုက်ပွဲအတွင်းအရပ်သား ၁၈ ဦးသေဆုံး

နမ့်ဖတ်ကာ မှာ အခြေစိုက်တဲ့ စစ်ကောင်စီ ရဲ့ခြေလျင်တပ်ရင်း ခလရ (၁၂၃) ကိုKIA တိုက်ခိုက်ရာမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ ဇန်နဝါရီလ ၂၄ ရက်မှာတော့ အပြီးသတ် သိမ်းယူနိုင်ခဲ့ပါတယ်။

နမ့်ဖတ်ကာဒေသ စစ်ရှောင်ပြည်သူတွေကိုတွေ့ရစဉ်
နမ့်ဖတ်ကာဒေသ စစ်ရှောင်ပြည်သူတွေကိုတွေ့ရစဉ်

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာမှာ တစ်လတာနီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား ၁၈ ဦးထိခိုက်သေဆုံးခဲ့ရတယ် တအာင်းအမျိုးသမီးအဖွဲ့ က ဖော်ပြပါတယ်။

နမ့်ဖတ်ကာမှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၉ ရက်ကနေ ဒီနှစ် ဇန်နဝါရီလ ၂၅ ရက်အထိ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု စာရင်းဖြစ်တယ်လို့သိရပါတယ်။

အရပ်သားထိခိုက်သေဆုံးရတဲ့အကြောင်းရင်းကတော့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ဆိုပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုအပြင် ဘုန်းကြီးကျောင်းတွေ ၊စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးမှု ရှိနေတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေကြောင့် နမ့်ဖတ်ကာမှာ ဒေသခံ တစ်ထောင်ဝန်းကျင် စစ်ရှောင်နေရတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ဖက်ကာ ကျေးရွာမှာ ဒေသခံ ၂၅ ဦးသေဆုံးပြီး ၂၈ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က စာရင်းပြုစုထားပါတယ်။

နမ့်ဖတ်ကာ မှာ အခြေစိုက်တဲ့ စစ်ကောင်စီ ရဲ့ခြေလျင်တပ်ရင်း ခလရ (၁၂၃) ကိုKIA တိုက်ခိုက်ရာမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ ဇန်နဝါရီလ ၂၄ ရက်မှာတော့ အပြီးသတ် သိမ်းယူနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ − တအာင်းအမျိုးသမီးအဖွဲ့

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook