Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နမ့်ဖတ်ကာဒေသ တစ်လနီးပါးတိုက်ပွဲအတွင်းအရပ်သား ၁၈ ဦးသေဆုံး

နမ့်ဖတ်ကာ မှာ အခြေစိုက်တဲ့ စစ်ကောင်စီ ရဲ့ခြေလျင်တပ်ရင်း ခလရ (၁၂၃) ကိုKIA တိုက်ခိုက်ရာမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ ဇန်နဝါရီလ ၂၄ ရက်မှာတော့ အပြီးသတ် သိမ်းယူနိုင်ခဲ့ပါတယ်။

နမ့်ဖတ်ကာဒေသ စစ်ရှောင်ပြည်သူတွေကိုတွေ့ရစဉ်
နမ့်ဖတ်ကာဒေသ စစ်ရှောင်ပြည်သူတွေကိုတွေ့ရစဉ်

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာမှာ တစ်လတာနီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား ၁၈ ဦးထိခိုက်သေဆုံးခဲ့ရတယ် တအာင်းအမျိုးသမီးအဖွဲ့ က ဖော်ပြပါတယ်။

နမ့်ဖတ်ကာမှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၉ ရက်ကနေ ဒီနှစ် ဇန်နဝါရီလ ၂၅ ရက်အထိ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု စာရင်းဖြစ်တယ်လို့သိရပါတယ်။

အရပ်သားထိခိုက်သေဆုံးရတဲ့အကြောင်းရင်းကတော့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ဆိုပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုအပြင် ဘုန်းကြီးကျောင်းတွေ ၊စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးမှု ရှိနေတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေကြောင့် နမ့်ဖတ်ကာမှာ ဒေသခံ တစ်ထောင်ဝန်းကျင် စစ်ရှောင်နေရတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ဖက်ကာ ကျေးရွာမှာ ဒေသခံ ၂၅ ဦးသေဆုံးပြီး ၂၈ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က စာရင်းပြုစုထားပါတယ်။

နမ့်ဖတ်ကာ မှာ အခြေစိုက်တဲ့ စစ်ကောင်စီ ရဲ့ခြေလျင်တပ်ရင်း ခလရ (၁၂၃) ကိုKIA တိုက်ခိုက်ရာမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ ဇန်နဝါရီလ ၂၄ ရက်မှာတော့ အပြီးသတ် သိမ်းယူနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ − တအာင်းအမျိုးသမီးအဖွဲ့

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။