Connect with us

Hi, what are you looking for?

သတင်း

နမ့်ဖက်ကာ တိုက်ပွဲ အောင်ပွဲရ KIA ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆိုဂုဏ်ပြု

တစ်ဖက်တွင်လည်း နမ့်ဖက်ကာတွင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေ၍ စစ်ရှောင်နေသည့် ပြည်သူများ နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် KIAက အသိပေးတိုက်တွန်းထားသည်။

(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )
(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး ဒေသတစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့သည့်​အောင်ပွဲရ ကချင်လွတ်လပ်ရေတပ်မတော်(KIA) တပ်ဖွဲ့ဝင်များကို ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဇန်နဝါရီ ၂၈ရက်ကပြည်သူများကဂူဏ်ပြုကြိုဆိုခဲ့ကြခြင်းဖြစ်သည်ဟု ​​ဒေသခံအချို့က​ပြောသည်။

ဆိုင်ကယ်၊ ကားငယ်၊ ကားကြီးများဖြင့် စစ်ကြောင်းလှုပ်ရှားလာသည့် KIA ရဲဘော်များကို ကားလမ်းတစ်လျှောက်၌ ဒေသခံ ပြည်သူများက ကချင်အမျိုးသားအလံများ ကိုင်ဆောင်ကာ အကအခုန်၊ အတီးအမှုတ်များဖြင့် ကြိုဆိုခဲ့ကြသည်ကို ရုပ်သံမှတ်တမ်းများတွင်တွေ့ရသည်။

(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )
(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )

KIAစစ်ကြောင်းတွင် ရဲဘော် ၂ဦးစီး စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်အစီး ၂၀ကျော်က ရှေ့ပြေးဝင်ရောက်လာပြီး နောက်တွင် ကားငယ် များ၊ KIA ရဲဘော်များ လိုက်ပါလာသည့် ကုန်တင်ယာဉ်များ ကို တွေ့ရပြီး ဒေသခံများနှင့် KIA ရဲဘော်များ အပြန်အလှန် လက်ပြနှုတ်ဆက်နေကြသည်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

Public Service Announcement

Public Service Announcement

လူ​နေအိမ်​ခြေများသည့်​နေရာအ​ရောက်တွင် ပြည်သူများရာ​ထောင်ချီ၍ ပန်းများဖြင့် ဂုဏ်ပြုကြိုဆိုကြသည်ကို​တွေ့ရသည်။

အဆိုပါ စစ်ကြောင်းသည် နမ့်ဖက်ကာမြို့ကို ဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်ပြီး အင်အားအများအပြား ပါဝင်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )
(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )

တစ်ဖက်တွင်လည်း နမ့်ဖက်ကာတွင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေ၍ စစ်ရှောင်နေသည့် ပြည်သူများ နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် KIAက အသိပေးတိုက်တွန်းထားသည်။

KIAသည် နမ့်ဖက်ကာကို ၂၀၂၃ ဒီဇင်ဘာလတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ဇန်နဝါရီ ၂၄ရက်တွင် နမ့်ဖက်ကာကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတိုက်လေယာဉ် ၁စီးကို KIAက ပစ်ချနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှဟောင်ဝစ်ဇာ လက်နက်ကြီး ၂လက်၊ လေယာဉ်ပစ် စက်သေနတ် ၁လက်၊ အခြား လက်နက်ခဲယမ်းများ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

Facebook