Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နမ့်ဖက်ကာ တိုက်ပွဲ အောင်ပွဲရ KIA ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆိုဂုဏ်ပြု

တစ်ဖက်တွင်လည်း နမ့်ဖက်ကာတွင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေ၍ စစ်ရှောင်နေသည့် ပြည်သူများ နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် KIAက အသိပေးတိုက်တွန်းထားသည်။

(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )
(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး ဒေသတစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့သည့်​အောင်ပွဲရ ကချင်လွတ်လပ်ရေတပ်မတော်(KIA) တပ်ဖွဲ့ဝင်များကို ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဇန်နဝါရီ ၂၈ရက်ကပြည်သူများကဂူဏ်ပြုကြိုဆိုခဲ့ကြခြင်းဖြစ်သည်ဟု ​​ဒေသခံအချို့က​ပြောသည်။

ဆိုင်ကယ်၊ ကားငယ်၊ ကားကြီးများဖြင့် စစ်ကြောင်းလှုပ်ရှားလာသည့် KIA ရဲဘော်များကို ကားလမ်းတစ်လျှောက်၌ ဒေသခံ ပြည်သူများက ကချင်အမျိုးသားအလံများ ကိုင်ဆောင်ကာ အကအခုန်၊ အတီးအမှုတ်များဖြင့် ကြိုဆိုခဲ့ကြသည်ကို ရုပ်သံမှတ်တမ်းများတွင်တွေ့ရသည်။

(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )
(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )

KIAစစ်ကြောင်းတွင် ရဲဘော် ၂ဦးစီး စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်အစီး ၂၀ကျော်က ရှေ့ပြေးဝင်ရောက်လာပြီး နောက်တွင် ကားငယ် များ၊ KIA ရဲဘော်များ လိုက်ပါလာသည့် ကုန်တင်ယာဉ်များ ကို တွေ့ရပြီး ဒေသခံများနှင့် KIA ရဲဘော်များ အပြန်အလှန် လက်ပြနှုတ်ဆက်နေကြသည်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

Public Service Announcement

Public Service Announcement

လူ​နေအိမ်​ခြေများသည့်​နေရာအ​ရောက်တွင် ပြည်သူများရာ​ထောင်ချီ၍ ပန်းများဖြင့် ဂုဏ်ပြုကြိုဆိုကြသည်ကို​တွေ့ရသည်။

အဆိုပါ စစ်ကြောင်းသည် နမ့်ဖက်ကာမြို့ကို ဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်ပြီး အင်အားအများအပြား ပါဝင်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )
(​အောင်ပွဲရ KIA တပ်ဖွဲ့ဝင်များကို ကြိုဆို​နေ​သောပြည်သူများ။ဓါတိပုံ-CJ )

တစ်ဖက်တွင်လည်း နမ့်ဖက်ကာတွင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေ၍ စစ်ရှောင်နေသည့် ပြည်သူများ နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် KIAက အသိပေးတိုက်တွန်းထားသည်။

KIAသည် နမ့်ဖက်ကာကို ၂၀၂၃ ဒီဇင်ဘာလတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ဇန်နဝါရီ ၂၄ရက်တွင် နမ့်ဖက်ကာကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတိုက်လေယာဉ် ၁စီးကို KIAက ပစ်ချနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှဟောင်ဝစ်ဇာ လက်နက်ကြီး ၂လက်၊ လေယာဉ်ပစ် စက်သေနတ် ၁လက်၊ အခြား လက်နက်ခဲယမ်းများ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။