Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းမြို့နယ် လေးခုတွင် ဒေသခံကာကွယ်ရေးတပ်များတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး၁၈ဦးသေဆုံး

ယနေ့ နေ့လည်ပိုင်းတွင် ဒီပဲယင်းမှတက်လာသည့် စစ်ကောင်စီ၏ ကား သုံးစီး ၊ အိမ်စီးကား တစ်စီးနှင့် စစ်ကောင်စီများ လိုက်ပါလာသည့် နာရေးကား တစ်စီးကို ဘုတလင်မြို့အဝင်တွင် မိုင်းဆွဲခံရပြီး နှစ်စီး ပျက်စီးသွားသည်ဟု ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ရွှေဘို၊ ဒီပဲယင်း၊ တန့်ဆည်နှင့် ပုလဲမြို့နယ်များ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်မှုများ ဆက်လက်လုပ် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် သတင်းဌာနများ၏ ဖော်ပြချက် မြေပြင်သတင်းတာဝန်ခံများထံမှ ရရှိထားချက်များကို အခြေခံပြုစု၍ နေ့စဉ်စစ်ရေးသတင်းအကျဉ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၀ရက်နံနက်က ရွှေဘိုမြို့မ ရဲစခန်းအား ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်မှ လက်ပစ်ဗုံး၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီများဘက်မှ ထိခိုက်မှု ပြင်းထန်နိုင်သော်လည်း ထိခိုက်ဒဏ်ရာရ စာရင်းအတိအကျ မသိရသေးဟု ဖော်ပြထားသည်။

ယနေ့ နေ့လည်ပိုင်းတွင် ဒီပဲယင်းမှတက်လာသည့် စစ်ကောင်စီ၏ ကား သုံးစီး ၊ အိမ်စီးကား တစ်စီးနှင့် စစ်ကောင်စီများ လိုက်ပါလာသည့် နာရေးကား တစ်စီးကို ဘုတလင်မြို့အဝင်တွင် မိုင်းဆွဲခံရပြီး နှစ်စီး ပျက်စီးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တန့်ဆည်မြို့နယ် နဘက်ကြီး ရွာနှင့် သစ္စေးကုန်းရွာကြားရှိ တာဝါတိုင်အနီးတွင် ဆိုင်ကယ်ဖြင့်လာသော စစ်ကောင်စီ အုပ်စုကို တန့်ဆည် PDFများက မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

ပုလဲမြို့နယ်တွင် အောက်တိုဘာ ၁၀ရက် နံနက်က စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုနှစ်ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။

ပုလဲမြို့ ကိုးလောင်းကွေ့အနီးတွင် ဆိုင်ကယ်သုံးစီးဖြင့်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်တန်းနောက်တွင်ပါလာသည့် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် Express ကားတစ်စီး မိုင်းထိပြီးတိမ်းမှောက်သွားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့ပြင် ပုလဲ PDFက သရက်ကန်လမ်းခွဲအနီးတွင် ရဲကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့၍ ကားပေါ်ပါ ရဲများသေဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။

ပုလဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ Area-21 Revolution Network ကထုတ်ပြန်ခဲ့ရာ ကိုးလောင်းကွေ့တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သရက်ကန်လမ်းခွဲအနီး တိုက်ခိုက်မှုတွင် ၁၂ဦး စုစုပေါင်း ၁၈ဦး ခန့်သေဆုံးနိုင်ကြောင်း ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook