Connect with us

Hi, what are you looking for?

သတင်း

ရက္ခိုင်ဒေသရှိ မြို့နယ် ခုနစ်မြို့နယ်၌ တိုက်ပွဲဆက်ဖြစ်

နိုဝင်ဘာ ၁၃ရက်မှ စတင်ခဲ့သည့် ရက္ခိုင်ဒေသ စစ်ဆင်ရေးသည် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲရှိန်မြင့်လာနေကြောင်း အသိပေးထားသည်။

(ရခိုင်ပြည်နယ်တွင် AA သိမ်းယူထား​သောစခန်းများပြ​မြေပုံ ။ ဓါတ်ပုံ-AA Info desk)
(ရခိုင်ပြည်နယ်တွင် AA သိမ်းယူထား​သောစခန်းများပြ​မြေပုံ ။ ဓါတ်ပုံ-AA Info desk)

▪️မြန်မာ-တရုတ်နယ်စပ်​မှပြည်သူများထိခိုက်​စေမည့်အ​ရေးအမြဲ​ရှောင်ကျဥ်ပြီး တရုတ်နှစ်ကူးကာလတွင်ပြည်သူများ ပွဲတော်ကို မိသားစုများ အတူတကွဆင်နွှဲနိုင်ကြပါစေဟုထုတ်ပြန်

ရက္ခိုင်ပြည် ဒေသရှိ မြို့နယ် ခုနစ်မြို့နယ်တွင် တိုက်ပွဲများဆက်ဖြစ်နေကြောင်း တအာင်း၊ ကိုးကန့်၊ ရက္ခိုင်ညီနောင်မဟာမိတ် သုံးဖွဲ့က အသိပေးထုတ်ပြန်သည်။

မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲ၊ဘူးသီးတောင်နဲ ​ကျောက်ဖြူမြို့နယ်များတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ထိတွေ့တိုက်ပွဲများ ဆက်ရှိနေ​ကြောင်းသိရသည်။

တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသော စစ် ကောင်စီ၏ တပ်စခန်းအချို့အား ရက္ခိုင့်တပ် တော်မှ အပြီးသတ်သိမ်းပိုက်ရယူရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်သည်။ရက္ခိုင့်တပ်တော်၏ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား ရက္ခိုင်ဒေသတွင်း တိုက်ပွဲများသည် ရက္ခိုင်ဒေသ၏ နေရာအသစ်များ၌ ဖြစ်ပွားလျက်ရှိသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တံတားအနီး၌ တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ရက္ခိုင့်တပ်တော်တို့ကြား ယမန်နေ့က ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ခဲ့ရာ ဘူးသီးတောင်မြို့အခြေစိုက်တပ်ရင်းမှ လက်နက်ကြီးပစ်ကူများအပြင် ဂျက်ဖိုက်တာများဖြင့်ပါ လေကြောင်းပစ်ကူအမြောက်အမြား အသုံးပြုကာ ခုခံကာကွယ်လျက်ရှိသည်ဟု သိရသည်။

ထို့အပြင်ကျောက်ဖြူမြို့နယ်၊ မလကျွန်း၊ ပြင်ရှည်ရွာသစ်အနီးရှိ ရေမျက်တွင် စစ်ကောင်စီ၏ အင်အား (၃၀)ခန့် ရှိသော စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ကြား ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း ​ဖော်ပြသည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ၏ ကျောက်ဖြူ၊ ဒိုးတန်းတောင်ရှိ အမှတ် (၃၂) ရဲတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဖက်မှ အထိအခိုက်အကျအဆုံးအချို့ရှိခဲ့ပြီး အသေးစိတ်မသိရသေးကြောင်း ဖော်ပြသည်။

ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်မှ အရပ်သားပြည်သူများနေထိုင်ရာအနီးအနား ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့၍ အူချေကျေးရွာတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ရွာခံပြည်သူတစ်ဦးအပါအဝင် ဇင်ချောင်းမြို့မှ စျေးဝယ်၍ ပြန်လာသော အရပ်သားပြည်သူငါးဦးအား လက်နက်ကြီးထိမှန်ခဲ့သည်ဟု သိရသည်။

ရမ်းဗြဲမြို့တွင်လည်း ယမန်နေ့ ညနေပိုင်း၌ သိမ်တောင်ကုန်း၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ခစန်းမှ ရမ်းဗြဲမြို့အတွင်းသို့ လက်နက်ကြီးဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာ ၁၃ရက်မှ စတင်ခဲ့သည့် ရက္ခိုင်ဒေသ စစ်ဆင်ရေးသည် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီအကြား တိုက်ပွဲရှိန်မြင့်လာနေကြောင်း အသိပေးထားသည်။

ထိုအပြင်ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်နှင့် တရုတ်-မြန်မာနယ်စပ်တွင် ဆင်နွှဲခဲ့သော်လည်း ပြည်သူလူထုတစ်ယောက်ချင်းစီတိုင်း၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ထိခိုက်ပျက်စီးစေမည့် အရေးကို လုံးဝရှောင်ကြဉ်ကြောင်း ဖော်ပြသည်။

ယခုလည်း တရုတ်နှစ်သစ်ကူးပွဲတော်သို့ ရောက်ရှိလာပြီဖြစ်၍ တရုတ်နှစ်သစ်ကူးကာလအတွင်း ပွဲတော်ကို မိသားစုများ အတူတကွဆင်နွှဲနိုင်ကြပါစေဟု ထုတ်ပြန်သည်။

ထိုအပြင် ညီနောင်သုံးဖွဲ့ကစစ်ကောင်စီ နှင့်ပတ်သပ်၍ ​ဖော်ပြရာတွင် စစ်​ကောင်စီသည်အာဏာသိမ်းယူထားခဲ့သည့် (၃)နှစ်ပြည့်ကာလ အရေးပေါ်ကာလ ၆ လထပ်မံ သက်တမ်းတိုးသည့် လုပ်ရပ်မှာ အများထင်မှတ် ထားသည့် လုပ်ရပ်သားဖြစ်ပြီး နိုင်ငံရေးလူရာဝင် စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။

ပြည်သူ့အာဏာကို မတရားသဖြင့်ရယူထားသော အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းယူထားခဲ့သည့် (၃)နှစ်ပြည့်နေ့တွင် စစ်ကောင်စီအနေဖြင့် စစ်ရေးအရရှုံးနိမ့်နေမှုများကို ပြန်လည် အဖတ်ဆယ်ရန် ကြိုးစားနေသကဲ့သို့ နိုင်ငံရေးအရ နိုင်ငံတကာမှ လူကြားကောင်းစေရန်နှင့် နိုင်ငံရေးလူရာဝင်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။