Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆိုမြို့နယ်ရှိ စစ်​ဘေး​ရှောင်စခန်းကို စစ်​ကောင်စီဗုံးကြဲ စာသင်​နေ​သောက​လေးငယ် ၄ ဦး​သေ၊၁၀ ဦး​ကျော်ဒဏ်ရာရဟုကနဦးသတင်းရရှိ

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People’s Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)
(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)

ကရင်နီပြည်၊ ဒီး​မော့ဆိုမြို့နယ် ရှိ စစ်​ဘေး​ရှောင်က​လေးငယ်များတက်​ရောက်ပညာသင်ကြား​နေသည့် စာသင်​ကျောင်းကို ယ​​နေ့နံနက် တွင်စစ်​ကောင်စီက တိုက်​လေယာဥ်နဲ့ ဗုံးနှစ်ကြိမ်ကြဲသဖြင့် စာသင်ကြား​နေ​သော က​လေးငယ် ၄ ဦး​သေဆုံးပြီး ၁၀ ဦး​ကျော် ဒဏ်ရာရရှိ​​ကြောင်း ကနဦးသတင်းရရှိသည်။

(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)
(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)

“မနက်(၁၀)နာရီဝန်းကျင်ခန့်က စစ်ရေးပစ်မှတ် မဟုတ်တဲ့ စစ်ဘေးရှောင်ကလေးတွေနဲ့ ရွာခံကလေးတွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းကို စကစဖက်က လေယာဉ်နဲ့ ဗုံး(၂)ကြိမ်တိတိ ‌ကြဲချခဲ့တာကြောင့်-(၁၁-၁၃)အသက်ရွယ်ကြား ကလေးငယ် ကျား (၄)ဦး သေဆုံးခဲ့ရပြီး ၊ ထိခိုက်ဒဏ်ရာရ ကလေးငယ် (၁၀)ဦးကျော် ရှိခဲ့ပါတယ်။”ဟု ကရင်နီ​ဒေသသတင်းများ​ဖော်ပြ​ပေး​နေ​သော jobs for kayah က စာသင်း​ကျောင်းဗုံးကြဲခံရ​သောပုံများနှင့် ​ဖော်ပြထားသည်။

ဒီမောဆိုမြို့နယ်တွင် စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက လည်း “ကလေးလေးယောက်သေဆုံးတယ်။ ကျောင်းကိုမှ တည့်တည့်ပစ်သွားတာ။ ဗုံးနှစ်လုံး ကြဲသွားတာပါ” ဟု People’s Spring ကို ပြောသည်။

“ခံစားကြည့်ပါဗျာအပိုင်းပိုင်း ပြတ်နေတဲ့ ခန္ဓာအစတွေကို ဘယ်သူကလေး ၊ငါ့ကလေး မသိတော့ဘူး။တစ်စစီကောက်နေရတယ်” ဟု Jobs For Kayah က​နောက်ဆပ်တွဲ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အလားတူကရင်နီ​ဒေသ ရှိစစ်​ဘေး​ရှောင်များအ​ကြောင်း​ဖေည်ပြ​ပေး​နေသည် Clean Yangon ​​ဖေစ်ဘွခ်စာမျက်နှာကလည်း “ကလေးတွေစာသင်နေတဲ့ စာသင်ကျောင်းကို ဗုံးလာကြဲနေကလေးများ ထိခိုက်မှုရှိ”ဟု ​ရေးသား​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)
(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People’s Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

စစ်​ကောင်စီတပ်၏ ​လေ​ကြောင်းပျံသန်းမှုများကို စုံစမ်း​ဖော်ပြ​ပေး​နေ​သော EAR -Enemy Air Route Channel ကလည်း ယ​နေ့ နံနက် ၁၀ နာရီ ၃၆ မိနစ်နှင့် ၁၀ နာရီ ၃၉ မိနစ်တွင် ဖယ်ခုံကိုဖြတ်၍ Jet Fighter ၁ စင်းနှင့် Y-12 ဟုယူဆရ​​သော ​လေယာဥ် ၂ စင်းအ​ရှေ့ဘက်သို့ပျံသန်းသွား​ကြောင်း​​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)
(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)

နိူင်ငံတစ်ဝန်း တိုက်ပွဲများတွင် အထိနာ​နေ​သောစစ်​ကောင်စီတပ်သည် အရပ်သားပြည်သူများကိုပါ ​လေ​ကြောင်းမှ ဗုံးကြဲခြင်း၊လက်နက်ကြီးများပစ်ခတ်ခြင်းများပိုမို ပြုလုပ်လာ​ကြောင်း​တော်လှန်​ရေးအဖွဲ့များက​ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။