Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်နှင့် လောင်းလုံးတွင် စစ်ကောင်စီ ကင်းစခန်းနှင့် စစ်သင်္ဘော တိုက်ခိုက်ခံရ၊ လက်နက်ခဲယမ်းအချို့ ရရှိ

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို LLPDF၊ ဥသြစစ်ကြောင်း စသည့်ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - BHA)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - BHA)

တနင်္သာရီတိုင်းတွင် ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ရှေ့တန်းကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လောင်းလုံးနယ်အတွင်း လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်နေသော စစ်သင်္ဘောတစ်စင်းကို ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ထားဝယ်မြို့နယ် စစ်ကောင်စီ ခမရ(၄၀၁)နှင့် (၄၀၂)ကပ်လျက်ရှိ မယ်ဝေးတောင်တပ်စခန်းကို ဖေဖော်ဝါရီ ၅ ရက်တွင် ဗထူးတပ်မတော် (BHA)နှင့် ထားဝယ်စုပေါင်းစစ်ကြောင်း (DCC)တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားကြောင်း BHA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ ဝင်တိုက်တဲ့အချိန် ဒဏ်ရာနဲ့ထွက်ပြေးသွားကြတာ။ ပုံမှန်တော့(အင်အား) ၁၀ ယောက်လောက် ရှိတယ်ဗျ။ ကျနော်တို့ဝင်တိုက်တဲ့အချိန်မှာတော့ ၅ ယောက်လောက်ပဲရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ မယ်ဝေးတောင်စစ်တပ်ကင်းစခန်းသည် သာသနာ့နယ်မြေပေါ်တွင် တည်ဆောက်၍ အထိုင်ချတပ်စွဲထားခြင်းဖြစ်ရာ စခန်းအား သိမ်းပိုက်ရရှိစဥ် မီးရှို့ဖျက်ဆီးခြင်း မပြုဘဲ သိမ်းဆည်းရရှိသော သေနတ်သုံးလက်နှင့် ခဲယမ်းများသာယူဆောင်၍ တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဗထူးတပ်မတော် (BHA)က အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ ဖေဖော်ဝါရီ ၆ ရက်တွင် လောင်းလုံးမြို့နယ် ထားဝယ်မြစ်အ တွင်းကျောက်ချ၍ ကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသော စစ်သင်္ဘောကို လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (LLPDF)မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်။

“(စစ်သဘော်)ဦးခေါင်းပိုင်းကို တစ်လုံးပါပဲ ခင်ဗျား။ တိုက်ခိုက်ခံရအပြီးမှာ ဘိတ်(မြိတ်) ဘက်ကို ပြန်ဆုတ်သွားပါတယ်”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ စစ်ရေယာဥ်အမှတ် (၄၂၃)မှ ရန်သူ့တပ်သားငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားရာ အနီးဝန်း ကျင်ကျေးရွာများဖြစ်သော သကျက်တောနှင့် ကဝင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်ဆုတ်ခွာသွားကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို LLPDF၊ ဥသြစစ်ကြောင်း စသည့်ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ စစ်ကောင်စီရုံးများအား စီးနင်းတိုက် ခိုက်မှုတွင် စာရင်းစစ်ရုံးနှင့် အခြားဌာနဆိုင် ရာရုံးတစ်ရုံးကို တော်လှန်ရေးတပ်များက မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား