Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက မင်းတပ်မြို့ ခလရ (၂၇၄) တပ်ရင်းသို့​လေ​ကြောင်းမှ လေထီးဖြင့် ရိက္ခာခဲယမ်းထုပ်များချ

ယနေ့ (ဖေဖော်ဝါရီ ၁၄ရက် )မနက် ၉နာရီကျော်အချိန်တွင် စစ်ကောင်စီက မင်းတပ် ၂၇၄ တပ်ရင်းသို့ ကုန်တင်လေယာဉ်မှ လေထီးဖြင့် ရိက္ခာထုပ်များ လာရောက်ပစ်ချသွားခြင်းဖြစ်သည်။

(စစ်​ကောင်စီက ​လေထီးဖြင့် အထုပ်များချ​နေစဥ်။ ဓါတ်ပုံ- HKL Mindat)
(စစ်​ကောင်စီက ​လေထီးဖြင့် အထုပ်များချ​နေစဥ်။ ဓါတ်ပုံ- HKL Mindat)

▪︎“အရင်က ပခုက္ကူကနေပဲ ပို့ရတာ ယာဉ်တန်းနဲ့။ အခုက လူအင်အားနည်းလာတာလည်း ပါမယ်။ တခါမှ အခုလို လေကြောင်းနဲ့ မပို့ဖူးဘူး” ဒေသခံတစ်ဦး

ချင်းပြည်နယ် မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၇၄)သို့ စစ်ကောင်စီတပ်က ရိက္ခာ ခဲယမ်း ဖြည့်တင်းရာ၌ မြေပြင်မှ ပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲ လေယာဉ်အသုံးပြု လေထီးဖြင့် ပို့ဆောင်နေ​ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၄ရက် )မနက် ၉နာရီကျော်အချိန်တွင် စစ်ကောင်စီက မင်းတပ် ၂၇၄ တပ်ရင်းသို့ ကုန်တင်လေယာဉ်မှ လေထီးဖြင့် ရိက္ခာထုပ်များ လာရောက်ပစ်ချသွားခြင်းဖြစ်သည်။

“လက်နက်ခဲယမ်းရိက္ခာတွေ။ ၁၀ထုပ်လောက်ရှိမယ်။ အရင်က ပခုက္ကူကနေပဲ ပို့ရတာ ယာဉ်တန်းနဲ့။ အခုက လူအင်အားနည်းလာတာလည်း ပါမယ်။ တခါမှအခုလိုလေကြောင်းနဲ့ မပို့ဖူးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

(စစ်​ကောင်စီက ​လေထီးဖြင့် အထုပ်များချ​နေစဥ်။ ဓါတ်ပုံ- HKL Mindat)
(စစ်​ကောင်စီက ​လေထီးဖြင့် အထုပ်များချ​နေစဥ်။ ဓါတ်ပုံ- HKL Mindat)

အခြားမင်းတပ်မြို့ခံတစ်ဦးကလည်း“စစ်ကောင်စီက ကုန်တင်လေယာဉ်နဲ့ လေးကြိမ်လောက် ချပေးသွားတယ်။”ဟုပြောသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်သားများက ထိုးစစ်အရှိန်မြင့်နေချိန်တွင် မင်းတပ်မြို့ကို ချင်းပြည်ကာကွယ်ရေးတပ်များ(CDF)က မကြာခင်တိုက်ခိုက်သိမ်းပိုက်တော့မည် သတင်းများကြောင့် ယခုလို လက်နက်ခဲယမ်းများဖြည့်တင်းနေခြင်းဖြစ်သည်ဟု CDFရဲဘော်တစ်ဦးကပြောသည်။

ကုန်တင်လေယာဉ်ဖြင့် ၄ကြိမ် လာရောက်ပစ်ချရာ အချို့အထုပ်များသည် ၂မိုင် ကန်ကြီးဥယာဉ် ဘက် နှင့် ၃ မိုင်ကြားတို့တွင်ကျပြီး ၂၇၄ တပ်ရင်းထဲရှိ ထင်းရှူးပင်များတွင် အထုပ်အချို့ တင်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များက လုံခြုံရေးယူ တပ်ဖြန့်ထား၍ ပြည်သူများ သတိထား၍ သွားလာကြရန်လည်း ဒေသခံက အချင်းချင်းသတိပေး​နေကြသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမင်းတပ်၊ မတူပီ ရှိ စစ်ကောင်စီတပ်များသို့ ယာဉ်တန်းများဖြင့် ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းခဲ့ရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်များကလမ်းတ​လျှောက် ကြားဖြတ်၍အကြိမ်ကြိမ်တိုက်ခိုက်သဖြင် ယခင်က အချိန်တိုတွင်း သွားရောက်နိုင်သည့် ခရီးများကို လချီ ၍ ကြာခဲ့သည်။

လက်ရှိတွင် ​တော်လှန်​ရေးတပ် ပိုမိုအားကောင်းလာသည့် အခြေအနေတွင် စစ်ကောင်စီယာဉ်တန်းများ သွားလာရန် ပိုမိုခက်ခဲနေပြီဟုလည်း ဒေသခံက ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။