Connect with us

Hi, what are you looking for?

News

ရန်ကုန်တိုင်းရှိ ၃၁ မြို့နယ်တွင် စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ဟုဆိုပြန်

“PDFတွေကြောင့် စစ်တပ်က အကြံအိုက်ပြီး ကြံရာမရဖြစ်နေတာ။ နောက်ပြီး စစ်တပ်အသိုင်းအဝိုင်းက လူတွေက အရင်ထုတ်ထားတဲ့ အမိန့်ကို မနာခံဘဲ အပြင်ထွက်နေတာကို ထိန်းချုပ်သတိပေးချင်တာလဲပါမယ်”ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးကသူ၏အမြင်ကိုပြောသည်။

ရန်ကုန်တိုင်းရှိ မြို့နယ် ၃၁ ခုတွင် လူငါးဦးထက်ပို၍ မစုဝေးရသော ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း အကြမ်းဖက် စစ်ကောင်စီက အောက်တိုဘာ ၈ ရက် ရက်စွဲဖြင့်ထုတ်ပြန်သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကို အကြမ်းဖက်စစ်ကောင်၏ လက်အောက်ခံ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။ယခင်ကတည်းကညမထွက်ရအမိန့်ထုတ်ထားသော်လည်း ည ၁၀ နာရီမှ မနက် ၄ နာရီအထိ့ ညမထွက်ရဟုဆိုထပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုများအနက်မှ လူအချို့သည် အများပြည်သူ၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည်ဟုဆိုသည်။ ထိုကြောင့် လူ၅ ဦးနှင့် လူ ၅ ဦးအထက် စုဝေးခြင်းမပြုရဟု အကြမ်းဖက်စစ်ကောင်စီကတားမြစ်ပြန်သည်။
ထိုပြင် စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလှည့်လည်ခြင်း လှုံဆောင်ခြင်း၊ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းတို့ကို မပြုလုပ်ရဟု အကြမ်းဖက်စစ်ကောင်စီက တားမြစ်သည်သည်။

ထိုကန့်သတ်ချက်ကို ဆိပ်ကြီးခနောက်တိုနှင့် ဒလမြို့နယ်များမှအပ ကန့်သတ်ထားပြီး ရန်ကုန်မြို့တွင်းရှိ မြို့နယ်အားလုံးအကျုံးဝင်သည်ဟုသည်။

Public Service Announcement

Public Service Announcement

“PDFတွေကြောင့် စစ်တပ်က အကြံအိုက်ပြီး ကြံရာမရဖြစ်နေတာ။ နောက်ပြီး စစ်တပ်အသိုင်းအဝိုင်းက လူတွေက အရင်ထုတ်ထားတဲ့ အမိန့်ကို မနာခံဘဲ အပြင်ထွက်နေတာကို ထိန်းချုပ်သတိပေးချင်တာလဲပါမယ်”ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးကသူ၏အမြင်ကိုပြောသည်။

ထိုပြင် ရန်ကုန်တိုင်းတွင်း မနက်စောစောပေါက်ကွဲမူများကို ဖြစ်လာနေ၍ ထိန်းချုပ်ရန်အတွက်လည်း ပါဝင်သည်ဟု ၎င်းကသုံးသပ်သည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ညမထွက်ရ အမိန့် နှင့် လူ ၅ ဦးထက်ပိုမစုရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။ထိုပြန်စဉ်က ည ၈နာရီမှ မနက် ၅နာရီသတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် ညမထွက်ရအမိန့်ကို ည ၁၀နာရီမှ ၄ နာရီကိုပြောင်းလဲခဲ့သည်။

ညမထွက်ရအမိန့်ထုတ်ထားသော်လည်း ရန်ကုန်မြို့တွင် ကလပ်များ၊ KTVနှင့် ဘားများဖွင့်လှစ်နေသည်။ ယခင်အပါတ်ကပင် ရန်ကုန်မြို့ရှိ Brave ဘားတွင် ပျော်ပါးနေသူများနှင့် ဆိုင်မန်နေဂျာ အပါအဝင်ဆိုင်ဝန်ထမ်းများကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့သည်။သို့သော် ဆိုင်ရှင်သည် အာဏာလုစစ်ခေါင်းဆောင်များ၏ မိသားစုနှင့် ဆက်စပ်စီးပွားရေးလုပ်နေသူဖြစ်၍ ဖမ်းထားသူအားလုံးကိုခံဝန်ထိုးပြီး ပြန်လွှတ်ပေးခဲ့သည်။

” ၅ ယောက်ထက် ပိုမစုရဘူးလား။ ဒါဆို ဘားတွေ ဆိုင်တွေ စျေးတွေ ပိတ်မှာလား” ဟု ပြည်သူတစ်ဦးကလည်း မှတ်ချက်ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook