Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ရန် ပြန်လာသည့် ပြည်သူလူထုကားတန်း စစ်ကောင်စီပစ်ခတ် တိုက်ခိုက်၍ အရပ်သား ခုနစ်ဦးသေဆုံး

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

▪️လုံခြုံရေးအခြေအနေကြောင့် မြို့ကို ပြန်မလာရန် PNLAက ထပ်မံမေတ္တာရပ်ခံ၊ အွန်လိုင်းမှ အခြေအမြစ်မရှိသည့် သတင်းများ မယုံကြည်ရန် သတိပေး

ဆီဆိုင်မြို့သို့ ပစ္စည်းများသယ်ရန် ပြန်လာသည့် ပြည်သူလူထု ကားတန်းကိုစစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းကြောင့် ပြည်သူခုနစ်ဦးသေဆုံးခဲ့ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ယနေ့ ထုတ်ပြန်သည်။

ဆီဆိုင်မြို့တိုက်ပွဲစတင်ချိန် ဇန်နဝါရီလကုန်ပိုင်းကတည်းက လုံခြုံရေးအခြေအနေများအရ မြို့ပေါ်သို့ ပြန်နေထိုင်ခြင်း၊ နေအိမ်ပြန်ကြည်ခြင်းများ မပြုလုပ်ရန် PNLAက မေတ္တာရပ်ခံထားသည့် အခြေအနေတွင် ဖေဖော်ဝါရီ ၁၉ရက်က ပြည်သူအချို့က ကားဖြင့်ပစ္စည်းပြန်သယ်ရန် ပြန်လာစဉ် စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ နံနက် ၆ နာရီခန့်တွင် ပြည်သူလူထုကားတန်းကို စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲံကြောင်း၊ ကားတန်းသည် ဆီဆိုင်မြို့နှင့် တဆက်တစပ်တည်းတည်ရှိသည့် ဝါးတောရွာအနီးအရောက်တွင် တိုက်ခိုက် ခံရခြင်းဖြစ်ပြီး သေဆုံးသူများအပြင် ဒဏ်ရာရသူများလည်းရှိသည်ဟု PNLAက အသိပေးသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – PNLA)

စစ်ကောင်စီသည် အရပ်သားပြည်သူများကိုပါ ရန်သူအဖြစ်သတ်မှတ်ကာ တိုက်ခိုက် သတ်ဖြတ် နေပြီး စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခု ဖြစ်စဉ်မဖြစ်မီ အွန်လိုင်းတွင် ဖေဖော်ဝါရီ ၂၀ရက်၌ မြို့ပေါ်သို့ ပစ္စည်းပြန်ယူခွင့် ပြုသည်ဟု ရေးသားချက်များရှိခဲ့ရာ ဒေသခံအချို့က သတင်းအမှားဖြစ်သည်ဟု ပြန်လည်ရှင်းပြမှုများရှိခဲ့သည်။

“ပစ္စည်းပြန်သယ်လို့ရတယ်လို့ အာချောင်တဲ့သူက ချောင်၊ ဘာအထောက်အထားမှ မရှိဘဲ ယုံတဲ့လူက ယုံ။ ဒီလောက်အတန်တန် ဝိုင်းတားနေတဲ့ကြားထဲက ခုတော့ အားလုံးဒုက္ခရောက်ကြရပြီ”ဟု ဒေသခံ သတင်းရင်းမြစ်က ဆီဆိုင်မြို့နယ် ဒေသခံများအား အသိပေး ရေးသားထားသည်။

အခြားဒေသခံ တစ်ဦးကလည်း “ဆီဆိုင်မြို့ထဲ မဝင်ကြပါနဲ့ ။ မြု့ထဲ ပစ်ခတ်မှုတွေရှိတယ်။ မထင်ရင် မထင်သလို လက်နက်ကြီး ၊ ဒရုန်းများ ပစ်ခတ်မှုရှိတယ်။ အရင်ထက် ပိုကြမ်းပါတယ်။ ပစ္စည်းတွေ ဆုံးရှုံးသွားရင် ပြန်ရှာလို့ရတယ်။ ခင်ဗျားတို့ လက်တွေ ၊ ခြေတွေ၊ အသက်တွေ ဆုံးရှုံးသွားရင် အစားပြန်မရဘူး”ဟုလည်း အသိပေးထားသည်။

ထိုသို့ ဒေသခံအချင်းချင်း အသိပေးမှုများရှိသော်လည်း အချို့က ယနေ့ ဆီဆိုင်ပြန်၍ရလားဟု မေးမြန်းမှုများ ရှိနေသည်ကိုလည်း တွေ့ရသည်။

“မိမိ အသိမိတ်ဆွေတွေထဲက လိုင်းမမိတဲ့ နေရာရောက်နေတဲ့ လူရှိရင် ဖုန်းဆက်ပြီး တားကြအုံးနော်။ အချို့က ၂၀ရက်နေ့ ပြန်လို့ရတယ်ဆိုတဲ့ သတင်းမှားပဲသိတာ။ နောက်ဆက်တွဲ ဖြစ်သွားတာကို မသိသေးတဲ့လူတွေရှိနေပါသေးတယ်။”ဟု ဒေသ သတင်းရင်းမြစ်က အချင်းချင်း သတိပေးကြရန် တိုက်တွန်းထားသည်။

ပြည်သူများအနေဖြင့်လည်း အွန်လိုင်းပေါ်မှ သတင်းအမှားများ အခြေအမြစ်မရှိသည့် သတင်းများကို ယုံကြည်ပြီး မြို့အတွင်းရှိ နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းများ မပြုလုပ်ကြရန် PNLAက ထပ်မံ တိုက်တွန်းသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားသည်။

ယမန်နေ့တွင်ပင် စစ်ကောင်စီသည် ဆိုက်ခေါင်အရှေ့ဘက်ရှိ နေရာများကို လေယာဉ်သုံးစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် ၆၀ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်