Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ ချက်အရက်သောက်ပြီး လူ ၃၄ ဦး သေဆုံး

အိုရန်ဘက်ဂ်ဒေသ အုပ်ချုပ်ရေး အဖွဲ့က ချက်အရက်သောက်ပြီး လူတွေ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို ရာဇဝတ်ကြောင်းအရ အမှုဖွင့် ကိုင်တွယ်နေကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ရဲတွေက လူ ၁၀ ဦးကို ခေါ်ယူ စစ်ဆေးမှုတွေ ပြုလုပ်ထားပြီးပါပြီ။

ရုရှားနိုင်ငံမှာ ချက်အရက်သောက်ပြီး အဆိပ်သင့်လို့ သေဆုံးသူ ၃၄ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံ အနောက်တောင်ပိုင်းမှာ တရားမဝင် ချက်အရက်တွေ သောက်မိရာက လူတွေ အဆိပ်သင့်ခဲ့ကြတာ ဖြစ်ပါတယ်။ မူလက အသေအပျောက် စာရင်းကို ၂၉ ဦးလို့ ကြေညာထားပေမယ့် အောက်တိုဘာ ၁၀ ရက်မှာ ၃၄ ဦးထိ များပြားလာသလို အသည်းအသန် အခြေအနေမျိုးနဲ့ ဆေးရုံတက် ကုသမှု ခံယူနေရသူတွေလည်း ရှိနေဆဲပါ။

အိုရန်ဘက်ဂ်ဒေသ အုပ်ချုပ်ရေး အဖွဲ့က ချက်အရက်သောက်ပြီး လူတွေ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို ရာဇဝတ်ကြောင်းအရ အမှုဖွင့် ကိုင်တွယ်နေကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ရဲတွေက လူ ၁၀ ဦးကို ခေါ်ယူ စစ်ဆေးမှုတွေ ပြုလုပ်ထားပြီးပါပြီ။

အဆိပ်အတောက် ပစ္စည်းတွေ ရောနှော ပါဝင်နေတဲ့ ချက်အရက် သောက်မိသူ ၆၇ ဦး ရှိခဲ့ကြောင်း၊ အဲဒီထဲမှာ ၃၄ ဦးကတော့ သေဆုံးသွားပြီ ဖြစ်ကြောင်း ဒေသဆိုင်ရာ အစိုးရ အဖွဲ့က ထုတ်ပြန်ပါတယ်။ ဆေးရုံ တက်ရောက် ကုသမှု ခံယူနေဆဲ လူနာတွေထဲမှာ ၇ ယောက်က တော်တော်လေး စိုးရိမ်ရတဲ့ အနေအထား ရှိနေတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက ချက်အရက်တွေ ထည့်ထားတဲ့ ပုလင်း ၂၀၀၀ လောက်ကို အောက်တိုဘာ ၉ ရက်က သိမ်းဆည်း ရမိခဲ့ပါတယ်။ အဲဒီထဲမှာ လူ့ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေတဲ့ မက်သနောတွေ ရောနှော ပါဝင်နေတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ရုရှားမှာ အရင်ကလည်း ချက်အရက် အဆိပ်သင့်လို့ အစုလိုက်အပြုံလိုက် သေကြေတာတွေ ကြုံခဲ့ဖူးပါတယ်။ ၂၀၁၆ တုန်းကလည်း ဆိုက်ဘေးရီးယားမှာ အလားတူ ဖြစ်စဉ်ကြောင့် လူ ၇၇ ဦး ဖိတ်စဉ်ခဲ့ဖူးပါတယ်။

ရုရှားဟာ ကမ္ဘာပေါ်မှာ အရက်သောက်သုံးမှု အများဆုံး နိုင်ငံတစ်ခုအဖြစ် နာမည်ကြီးခဲ့ဖူးပေမယ့် နောက်ပိုင်း နှစ်တွေမှာတော့ အရက်သောက်သူ အရေအတွက် လျော့နည်းလာပါတယ်။ ၂၀၀၃ ခုနှစ်နဲ့ ယှဉ်ရင် ၂၀၁၆ မှာ အရက်သောက်သူ အရေအတွက်က ၄၃ ရာခိုင်နှုန်းလောက် ကျဆင်းလာကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook