Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ပြည်သူသုံးဦးသတ်ဖြတ်၊ ကျေးရွာခုနစ်ရွာ မီးရှို့ဖျက်ဆီး

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက တစ်ပတ်အတွင်း ပြည်သူ သုံးဦးအား သတ်ဖြတ်ပြီး ကျေးရွာ ခုနစ်ရွာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီး စုစုပေါင်း အင်အား ၂၀၀ကျော်ပါ စစ်ကြောင်းသည် မတ်လ ၂၁ ရက်က ချောင်းရိုးကျေးရွာကို ဝင်ရောက်ပြီး အမျိုးသား နှစ်ဦးဖမ်းဆီးကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

“ဖမ်းခံရတဲ့ နှစ်ဦးကို ကြိုးတုပ်ထားတာတွေ့တယ်။ ဗိုက်ကိုဓားနဲ့ဖောက်ထားတယ်။ ခေါင်းလည်း ဖြတ်ထားတယ်။ လက်တွေလည်း ဖြတ်ထားတယ်။ ရက်ရက်စက်စက် သတ်ဖြတ်ထားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် မတ်လ ၁၉ ရက်ကလည်း သာကေတကျေးရွာနေ အမျိုးသားတစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ကြောင်းသည် မတ်လ ၁၇ရက်မှ စတင်ကာ ယမန်နေ့အထိ တန့်ဆည်နယ်အတွင်း စစ်ကြောင်းထိုးနေပြီး တစ်ပတ်အတွင်း မြောက်အင်း၊အိုးသည်ကုန်း၊ ညောင်လေးပင်၊ ညံသာ၊ တုတ္တလုပ်(တောင်)၊ ချောင်းရိုးကျေးရွာနှင့် ဖန်းခါးဇင်ကျေးရွာ စသည့် ကျေးရွာ ရွာမှ လူနေအိမ် ၈၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

အဆိုပါစစ်ကြောင်းသည် ယနေ့ (မတ်လ ၂၅ရက်)တွင် ရေဦးမှတဆင့် ခင်ဦးမြို့နယ်အနောက်ခြမ်းသို့ ကူးသန်းလာပြီး ထိုစစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် PDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ထိတွေ့မှုအနေအထားမဖြစ်ခဲ့ဘူး။ ဒါပေမယ့် ကြိုးစားရင်း Local PDF ရဲဘော်တစ်ဦး ကျဆုံးသွားတယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ကြောင်းက ညနေ ၆နာရီခန့်တွင် တဲစုကျေးရွာအား မီးရှို့ဖျက်ဆီးနေပြီး ယခုညပိုင်းအထိ မီးရောင်များမြင်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို