Connect with us

Hi, what are you looking for?

သတင်း

ဖျာပုံမြို့ထောင်မှ နိုင်ကျဉ်းအချို့အပါအဝင် အကျဉ်းသား ၁၁ဦးခန့် ထောင်ပြောင်းမည်ဟုဆိုကာ စစ်ကောင်စီ ခေါ်ထုတ်

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဖျာပုံမြို့ထောင်မှ နိုင်ကျဉ်းအချို့အပါအဝင် အကျဉ်းသား ၁၁ဦးခန့် ထောင်ပြောင်းမည်ဟုဆိုကာ စစ်ကောင်စီ ခေါ်ထုတ်
ဖျာပုံမြို့ထောင်မှ နိုင်ကျဉ်းအချို့အပါအဝင် အကျဉ်းသား ၁၁ဦးခန့် ထောင်ပြောင်းမည်ဟုဆိုကာ စစ်ကောင်စီ ခေါ်ထုတ်

ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် အကျဉ်းသား ၁၁ဦးခန့်ကို ထောင်းပြောင်းရွှေ့မည်ဟုဆိုကာ စစ်တပ်၊ရဲနှင့် အကျဉ်းဦးစီး ဝန်ထမ်းများမှ ယနေ့ (ဧပြီ ၅ရက်)နံနက်တွင် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ထောင်ပြောင်းမယ်လို့ပဲ ကြားလိုက်ရတယ်။ ကျန်တာမသိရဘူး။ အနားလည်းကပ်လို့မရဘူး။ မိသားစုဝင်တွေကိုလည်းတွေ့ခွင့်မပေးဘူး”ဟု ဖျာပုံမြို့ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ခေါ်ထုတ်သွားသူများတွင် နိုင်ငံရေးအကျဉ်းသား ဦးရဲမျိုးထွဋ်၊ကိုဗညားအောင်၊ကိုမင်းမောင်၊ကိုဝေယံဦး(ခ)ရှည်ကြီးတို့ ပါဝင်သွားကြောင်း ကနဦးသိရှိထားပြီး အင်းစိန်အကျဥ်း‌ထောင်နှင့် သာယာဝတီထောင်သို့ ထောင်းပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ဧပြီ ၅ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါထောင်ပြောင်းရွှေ့ခံရသူများမှာ ပြီးခဲ့သည့် မတ်လ ၃၁ရက်က ဖျာပုံအကျဉ်းထောင် တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်အတွင်း ဥပဒေမဲ့ရိုက်နှက်ခံရပြီး ထောင်ဒဏ်(၆)လ ထပ်တိုးချခံရသူများ ပါဝင်သွားကြောင်း PPNMက ထုတ်ပြန်ထားသည်။

ထောင်ပြောင်းရွှေ့စဉ် ထွက်ပြေးရန်ကြိုးပမ်းသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားသည်ဟုဆိုကာ ဥပဒေမဲ့သတ်ဖြတ်ခံရမည့်အန္တရာယ်ကြောင့် ယနေ့ ထောင်ပြောင်းရွေ့မှုကို အရေးပေါ်ထုတ်ပြန်ရခြင်းဖြစ်ပးကြောင်း PPNMက အသိပေးထားသည်။

ဖျာပုံအကျဉ်းထောင်တွင် မတ်လ ၃၁ ရက် ညနေက အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများပဋိပက္ခဖြစ်ပွားပြီး နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့သည်။ ထိုအချိန်မှစ၍ အကျဉ်းထောင်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားခဲ့ပြီး ယခုအခါ အကျဥ်းသားကို ထောင်ပြောင်းမည်ဟုဆိုကာ ခေါ်ထုတ်သွားခြင်းဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။