Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖျာပုံမြို့ထောင်မှ နိုင်ကျဉ်းအချို့အပါအဝင် အကျဉ်းသား ၁၁ဦးခန့် ထောင်ပြောင်းမည်ဟုဆိုကာ စစ်ကောင်စီ ခေါ်ထုတ်

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဖျာပုံမြို့ထောင်မှ နိုင်ကျဉ်းအချို့အပါအဝင် အကျဉ်းသား ၁၁ဦးခန့် ထောင်ပြောင်းမည်ဟုဆိုကာ စစ်ကောင်စီ ခေါ်ထုတ်
ဖျာပုံမြို့ထောင်မှ နိုင်ကျဉ်းအချို့အပါအဝင် အကျဉ်းသား ၁၁ဦးခန့် ထောင်ပြောင်းမည်ဟုဆိုကာ စစ်ကောင်စီ ခေါ်ထုတ်

ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် အကျဉ်းသား ၁၁ဦးခန့်ကို ထောင်းပြောင်းရွှေ့မည်ဟုဆိုကာ စစ်တပ်၊ရဲနှင့် အကျဉ်းဦးစီး ဝန်ထမ်းများမှ ယနေ့ (ဧပြီ ၅ရက်)နံနက်တွင် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ထောင်ပြောင်းမယ်လို့ပဲ ကြားလိုက်ရတယ်။ ကျန်တာမသိရဘူး။ အနားလည်းကပ်လို့မရဘူး။ မိသားစုဝင်တွေကိုလည်းတွေ့ခွင့်မပေးဘူး”ဟု ဖျာပုံမြို့ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ခေါ်ထုတ်သွားသူများတွင် နိုင်ငံရေးအကျဉ်းသား ဦးရဲမျိုးထွဋ်၊ကိုဗညားအောင်၊ကိုမင်းမောင်၊ကိုဝေယံဦး(ခ)ရှည်ကြီးတို့ ပါဝင်သွားကြောင်း ကနဦးသိရှိထားပြီး အင်းစိန်အကျဥ်း‌ထောင်နှင့် သာယာဝတီထောင်သို့ ထောင်းပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ဧပြီ ၅ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါထောင်ပြောင်းရွှေ့ခံရသူများမှာ ပြီးခဲ့သည့် မတ်လ ၃၁ရက်က ဖျာပုံအကျဉ်းထောင် တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်အတွင်း ဥပဒေမဲ့ရိုက်နှက်ခံရပြီး ထောင်ဒဏ်(၆)လ ထပ်တိုးချခံရသူများ ပါဝင်သွားကြောင်း PPNMက ထုတ်ပြန်ထားသည်။

ထောင်ပြောင်းရွှေ့စဉ် ထွက်ပြေးရန်ကြိုးပမ်းသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားသည်ဟုဆိုကာ ဥပဒေမဲ့သတ်ဖြတ်ခံရမည့်အန္တရာယ်ကြောင့် ယနေ့ ထောင်ပြောင်းရွေ့မှုကို အရေးပေါ်ထုတ်ပြန်ရခြင်းဖြစ်ပးကြောင်း PPNMက အသိပေးထားသည်။

ဖျာပုံအကျဉ်းထောင်တွင် မတ်လ ၃၁ ရက် ညနေက အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများပဋိပက္ခဖြစ်ပွားပြီး နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့သည်။ ထိုအချိန်မှစ၍ အကျဉ်းထောင်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားခဲ့ပြီး ယခုအခါ အကျဥ်းသားကို ထောင်ပြောင်းမည်ဟုဆိုကာ ခေါ်ထုတ်သွားခြင်းဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။