Connect with us

Hi, what are you looking for?

သတင်း

ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ

ဇွန်လ ၁၉ ရက် ၈ နာရီခန့်ကလည်းရစ်ခ်ျတာစကေး ၅ဒဿမ ၄ အဆင့်ငလျင်လှုပ်ခဲ့ပြီး ယမန်နေ့ (ဇွန်လ ၂၁ရက်) နံနက်တွင် ရစ်ခ်ျတာစကေး ၄ဒဿမ ၇ အဆင့်ဖြင့် လှုပ်ခဲ့သည်။လေးကြိမ်စလုံးသည် မြေအနက်တိမ်သည့်နေရာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု USGS ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ
ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီးပင်လယ်ပြင်အတွင်းဇွန်လ ၁၉ရက်နောက်ပိုင်း ၄ရက်အတွင်း ငလျင် လေးကြိမ်လှုပ်ခဲ့သဖြင့် ​ဒေသခံများစိုးရိမ်​နေကြသည်။

“ဆက်တိုက်တွေ ဖြစ်လာတယ်။မြို့ခံတွေရော၊ ပင်လယ်ကလုပ်သားတွေပါ စိုးရိမ်မှုတွေ ရှိနေပါတယ်” ဟု ဖျာပုံမြို့ခံတစ်ဦးကပြောသည်။

ငလျင်သည် ယနေ့(ဇွန်လ ၂၂ရက်)နံနက် ၁နာရီ မထိုးခင်ရစ်ခ်ျတာစကေး ၄ဒဿမ ၄ အဆင့်ဖြင့်ပထမအကြိမ်လှုပ်ခတ်ပြီး နံနက် ၆နာရီ ၄၂မိနစ်တွင် ရစ်ခ်ျတာစကေး ၄ ဒဿမ ၉ အဆင့်ဖြင့်ထပ်မံလှုပ်ခဲ့ကြောင်းအမေရိကန် ဘူမိလေ့လာရေးဌာန USGS ကထုတ်ထားသည်။ USGS သည်ကမ္ဘာတစ်ဝန်း ​မြေငလျင်လှုပ်ရှားမှုများကို ​စောင့်ကြည့်မှတ်တမ်းတင်​​ပေး​​နေ​သောဌာနဖြစ်သည်။

ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ
ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ

ဇွန်လ ၁၉ ရက် ၈ နာရီခန့်ကလည်းရစ်ခ်ျတာစကေး ၅ဒဿမ ၄ အဆင့်ငလျင်လှုပ်ခဲ့ပြီး ယမန်နေ့ (ဇွန်လ ၂၁ရက်) နံနက်တွင် ရစ်ခ်ျတာစကေး ၄ဒဿမ ၇ အဆင့်ဖြင့် လှုပ်ခဲ့သည်။လေးကြိမ်စလုံးသည် မြေအနက်တိမ်သည့်နေရာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု USGS ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းအတွင်း ရန်ကုန်မြို့နှင့် ထိစပ်နေသော မြို့နယ်အချို့တွင် ငလျင်လှုပ်ရှားမှု မကြာခဏဖြစ်နေခြင်းဖြစ်သည်။ပြီးခဲ့သည့် ဇွန်လ ၇ရက်က မအူပင်မြို့တွင် အင်အားရစ်ချ်တာစကေး ၄ဒဿမ ၈ အဆင့် လှုပ်ခတ်ခဲ့ပြီး မြို့ပေါ်မှ အဆောက်အဦအချို့ ပြိုကျပျက်စီးခဲ့သည်။ မအူပင်မြို့၊မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦတစ်ခုပြိုကျရာသီလရှင်တစ်ပါးနှင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အချို့ ဒဏ်ရာရခဲ့သည်။

ဧရာဝတီတိုင်း၊ ဒေးဒရဲ၊ ဖျာပုံ၊မအူပင်နှင့် ကျိုက်လတ်မြို့အပါအဝင် ပတ်ဝန်းကျင်ဒေသများသည် ဒေးဒရဲပြတ်ရွေ့တွင်ပါဝင်ပြီး ယခုရက်ပိုင်းငလျင်လှုပ်ရှားမှုများကို သတိပြုနေထိုင်ကြရန် ဘူမိဗေဒပညာရှင်များက အကြံပြုသည်။ ဒေးဒရဲပြတ်ရွေ့သည် ၁၉၂၇ ခုနှစ်က ရစ်ခ်ျတာစကေး ၇အဆင့်ဖြင့် အင်အားပြင်းငလျင် လှုပ်ရှားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။