Connect with us

Hi, what are you looking for?

သတင်း

ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ

ဇွန်လ ၁၉ ရက် ၈ နာရီခန့်ကလည်းရစ်ခ်ျတာစကေး ၅ဒဿမ ၄ အဆင့်ငလျင်လှုပ်ခဲ့ပြီး ယမန်နေ့ (ဇွန်လ ၂၁ရက်) နံနက်တွင် ရစ်ခ်ျတာစကေး ၄ဒဿမ ၇ အဆင့်ဖြင့် လှုပ်ခဲ့သည်။လေးကြိမ်စလုံးသည် မြေအနက်တိမ်သည့်နေရာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု USGS ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ
ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီးပင်လယ်ပြင်အတွင်းဇွန်လ ၁၉ရက်နောက်ပိုင်း ၄ရက်အတွင်း ငလျင် လေးကြိမ်လှုပ်ခဲ့သဖြင့် ​ဒေသခံများစိုးရိမ်​နေကြသည်။

“ဆက်တိုက်တွေ ဖြစ်လာတယ်။မြို့ခံတွေရော၊ ပင်လယ်ကလုပ်သားတွေပါ စိုးရိမ်မှုတွေ ရှိနေပါတယ်” ဟု ဖျာပုံမြို့ခံတစ်ဦးကပြောသည်။

ငလျင်သည် ယနေ့(ဇွန်လ ၂၂ရက်)နံနက် ၁နာရီ မထိုးခင်ရစ်ခ်ျတာစကေး ၄ဒဿမ ၄ အဆင့်ဖြင့်ပထမအကြိမ်လှုပ်ခတ်ပြီး နံနက် ၆နာရီ ၄၂မိနစ်တွင် ရစ်ခ်ျတာစကေး ၄ ဒဿမ ၉ အဆင့်ဖြင့်ထပ်မံလှုပ်ခဲ့ကြောင်းအမေရိကန် ဘူမိလေ့လာရေးဌာန USGS ကထုတ်ထားသည်။ USGS သည်ကမ္ဘာတစ်ဝန်း ​မြေငလျင်လှုပ်ရှားမှုများကို ​စောင့်ကြည့်မှတ်တမ်းတင်​​ပေး​​နေ​သောဌာနဖြစ်သည်။

ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ
ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ​ဒေသခံများစိုးရိမ်​နေ

ဇွန်လ ၁၉ ရက် ၈ နာရီခန့်ကလည်းရစ်ခ်ျတာစကေး ၅ဒဿမ ၄ အဆင့်ငလျင်လှုပ်ခဲ့ပြီး ယမန်နေ့ (ဇွန်လ ၂၁ရက်) နံနက်တွင် ရစ်ခ်ျတာစကေး ၄ဒဿမ ၇ အဆင့်ဖြင့် လှုပ်ခဲ့သည်။လေးကြိမ်စလုံးသည် မြေအနက်တိမ်သည့်နေရာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု USGS ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းအတွင်း ရန်ကုန်မြို့နှင့် ထိစပ်နေသော မြို့နယ်အချို့တွင် ငလျင်လှုပ်ရှားမှု မကြာခဏဖြစ်နေခြင်းဖြစ်သည်။ပြီးခဲ့သည့် ဇွန်လ ၇ရက်က မအူပင်မြို့တွင် အင်အားရစ်ချ်တာစကေး ၄ဒဿမ ၈ အဆင့် လှုပ်ခတ်ခဲ့ပြီး မြို့ပေါ်မှ အဆောက်အဦအချို့ ပြိုကျပျက်စီးခဲ့သည်။ မအူပင်မြို့၊မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦတစ်ခုပြိုကျရာသီလရှင်တစ်ပါးနှင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အချို့ ဒဏ်ရာရခဲ့သည်။

ဧရာဝတီတိုင်း၊ ဒေးဒရဲ၊ ဖျာပုံ၊မအူပင်နှင့် ကျိုက်လတ်မြို့အပါအဝင် ပတ်ဝန်းကျင်ဒေသများသည် ဒေးဒရဲပြတ်ရွေ့တွင်ပါဝင်ပြီး ယခုရက်ပိုင်းငလျင်လှုပ်ရှားမှုများကို သတိပြုနေထိုင်ကြရန် ဘူမိဗေဒပညာရှင်များက အကြံပြုသည်။ ဒေးဒရဲပြတ်ရွေ့သည် ၁၉၂၇ ခုနှစ်က ရစ်ခ်ျတာစကေး ၇အဆင့်ဖြင့် အင်အားပြင်းငလျင် လှုပ်ရှားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်​ကောင်စီတပ်က ခရိုင်ချင်းဆက်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာ​ကြောင့် ပြည်သူ ၂ နှစ်ဦးသေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ၁၀ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ၂လကျော် ပျောက်ဆုံးနေသော (၂၃)နှစ်အရွယ်အမျိုးသမီး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် တရားဥပဒေမစိုးမိုးတော့ကြောင်း မြို့ခံများက ပြောသည်။

သတင်း

သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား သိမ်းပိုက်နိုင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ PDF ရဲဘော်များအား ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။

သတင်း

လျှပ်စစ်ရုံးပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်ပြီး ထရန်စဖော်မာနှင့် အနီးရှိ အဆောက်အဦးအချို့လည်းပျက်စီး