Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမားစ် ခေါင်းဆောင်ရဲ့ သားသုံးယောက် သေဆုံး

ဟန်နီရာဟာ ဟားမားစ်ရဲ့ စကားပြော တင်းမာ ပြတ်သားသူ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါတယ်။ နိုဝင်ဘာလတုန်းကလည်း ဂါဇာမှာ ရှိနေတဲ့ သူ့ရဲ့ မိသားစု နေအိမ်ဟာ အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ပျက်စီးခဲ့ပါတယ်။

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမားစ် ခေါင်းဆောင်ရဲ့ သားသုံးယောက် သေဆုံး
အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမားစ် ခေါင်းဆောင်ရဲ့ သားသုံးယောက် သေဆုံး

အစ္စရေးရဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း သားသုံးယောက်ကို ဆုံးရှုံးလိုက်ရတယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်က အတည်ပြု ပြောကြားခဲ့ပါတယ်။

အစ္စမေးလ် ဟန်နီယာက ဧပြီ ၁၀ ရက်နေ့၊ ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှု တခုကြောင့် သားသုံးယောက် သေဆုံးသွားတယ် ဆိုတာကို ကြေညာခဲ့ပါတယ်။ ဟာဇမ်၊ အေမာနဲ့ မိုဟာမက်တို့ သုံးဦးဟာ အယ်လ်ရှာတီ ဒုက္ခသည် စခန်းမှာ သူတို့ စီးနင်းလာတဲ့ကားကို ပစ်မှတ်ထား ဗုံးကြဲမှု တစ်ခုအတွင်း သေဆုံးသွားခဲ့တယ် ဆိုတာကို ဟားမားစ် အဖွဲ့ကလည်း သီးခြား ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟန်နီရာရဲ့ မြေးနှစ်ဦးလည်း သေဆုံးပြီး တတိယမြောက် မြေးတစ်ဦးကတော့ ဒဏ်ရာရသွားခဲ့ပါတယ်။

ဟားမားစ်ရဲ့ ရပ်တည်ချက်တွေနဲ့ တောင်းဆိုချက်တွေက တိကျပြီး ရှင်းလင်းကြောင်း၊ သူ့သားတွေကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့ရုံနဲ့ အလျှော့ပေးလိုက်မယ်လို့ ယူဆရင် ရန်သူဟာ အကြီးအကျယ် စိတ်ရူးပေါက်နေတာသာ ဖြစ်နိုင်ကြောင်း၊ ဟားမားစ်ဟာ ရပ်တည်ချက်တွေ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ကြောင်း ဟန်နီရာက Al Jazeera သတင်းဌာနဆီ ဆက်သွယ် ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူ့အတွက်တော့ ပါလက်စတိုင်း ပြည်သူတွေ ကျခဲ့တဲ့ သွေးတွေထက် သားတွေရဲ့ သွေးတွေက ပိုပြီးတော့ တန်ဖိုး ကြီးမနေဘူးလို့လည်း ဟားမားစ် ခေါင်းဆောင်က ဆိုပါတယ်။ သူဟာ လောလောဆယ် ဂါဇာမှာ ရှိမနေဘဲ ကာတာမှာ အခြေစိုက် နေထိုင်ပါတယ်။

ဟန်နီရာဟာ ဟားမားစ်ရဲ့ စကားပြော တင်းမာ ပြတ်သားသူ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါတယ်။ နိုဝင်ဘာလတုန်းကလည်း ဂါဇာမှာ ရှိနေတဲ့ သူ့ရဲ့ မိသားစု နေအိမ်ဟာ အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ပျက်စီးခဲ့ပါတယ်။

သူဟာ ဂါဇာမှာ အပစ်ရပ်ရေးအတွက် အစ္စရေးဖက်က အဆိုပြုချက်တွေကို လေ့လာခဲ့ပေမယ့် ပါလက်စတိုင်းတွေရဲ့ သဘောထား ဆန္ဒနဲ့ နီးစပ်မှု လုံးဝ မရှိတဲ့အတွက် အထမြောက်ဖို့ မလွယ်ကြောင်းလည်း မကြာသေးခင်က မှတ်ချက် ပေးထားပါတယ်။

သူဟာ ဟားမားစ် ခေါင်းဆောင်အဖြစ် ၂၀၁၇ ခုနှစ်မှာ တင်မြှောက် ခံခဲ့ရပြီး စစ်ရေးထက် နိုင်ငံရေးနဲ့ သံတမန်ရေး တာဝန်တွေကို အဓိက ထမ်းဆောင်နေခဲ့ပါတယ်။ ဂါဇာမှာ စစ်ပွဲစတင်လာတဲ့နောက် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုတွေဟာ ဟန်နီရာဟာ အရေးပါတဲ့ ပါဝင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။