Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတာကို အမေရိကန် ငြင်းဆို

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အော်စတင်က အမေရိကန် အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာမှု အစီအစဉ်မှာ အော်စတင်က ပြောကြားသွားပါတယ်။

အစ္စရေးက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတာကို အမေရိကန် ငြင်းဆို
အစ္စရေးက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတာကို အမေရိကန် ငြင်းဆို

ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အမေရိကန် အစိုးရက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က မဟာမိတ် အစ္စရေးဟာ ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ဟားမားစ် ပြောက်ကျားတွေ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် တာဝန်ယူ၊ တာဝန်ခံဖို့ ဖိအားမပေးနိုင်တဲ့ နိုင်ငံတကာ အသိုက်အဝန်းအပေါ် ဝေဖန် မေးခွန်းထုတ်ခဲ့ပါတယ်။

အစ္စရေး-ဟားမားစ် စစ်ပွဲကာလအတွင်း ဂါဇာမှာ အစ္စရေး တပ်တွေက ဒေသခံ ပါလက်စတိုင်းတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ယူဆရတဲ့အတွက် စုံစမ်းစစ်ဆေးပေးဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ တောင်အာဖရိက အစိုးရက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ဆီမှာ ဦးတိုက် လျှောက်ထားခဲ့ပါတယ်။ အစ္စရေးကတော့ အဲဒီ စွပ်စွဲချက်တွေကို ခါးခါးသီးသီး ငြင်းဆိုထားပါတယ်။

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အော်စတင်က အမေရိကန် အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာမှု အစီအစဉ်မှာ အော်စတင်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အော်စတင်က အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်ပြောက်ကျားတွေက အစ္စရေး နယ်စပ်ကို ကျူးကျော်ပြီး အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှုတွေလို့ သုံးနှုန်း စွပ်စွဲသွားပါတယ်။ အမေရိကန် အထက်လွှတ်တော်ထဲမှာတော့ တချို့ အမတ်တွေက အစ္စရေးရဲ့ ထိုးစစ်ကြောင့် ဂါဇာ အရပ်သားတွေ သေဆုံးနေတာကို ဝေဖန်ပြီး အစ္စရေးဆီ အမေရိကန်က စစ်လက်နက်တွေ တင်ပို့တာမျိုး မလုပ်တော့ဖို့ တောင်းဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကလည်း အစ္စရေးက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတာကို ပယ်ချခဲ့ပေမယ့် ဂါဇာမှာ ထောက်ပံ့ရေး ယာဉ်တန်းတွေ ပိုမိုဝင်ရောက်နိုင်အောင်တော့ အစ္စရေးက ခွင့်ပြုပေးဖို့ လိုတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ သူက ဟားမားစ်တွေရဲ့ ရန်စ တိုက်ခိုက်မှုအပေါ် တာဝန်ယူ၊ တာဝန်ခံအောင် နိုင်ငံတကာ အသိုက်အဝန်းက လုံလုံလောက်လောက် ဘာကြောင့် ဖိအားမပေးသလဲ ဆိုတာကိုပါ မေးခွန်းထုတ်ခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကတော့ ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ထရပ်ကား အစီး ၄၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ဒါဟာ စစ်ပွဲကာလတလျှောက် အရေအတွက် အများဆုံး ဖြစ်လာပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ထိရောက်တဲ့ လူသားချင်း စာနာမှု မစ်ရှင်တွေ မြန်မြန်ဆန်ဆန် အကောင်အထည် မဖော်နိုင်ဘူးဆိုရင် ဂါဇာ ပြည်သူတွေဟာ လက်တွေ့ အငတ်ဘေးဆိုက်မယ့် အန္တရာယ်နဲ့ နီးနီးကပ်ကပ် ကြုံတွေ့နေပြီလို့ သတိပေးထားပါတယ်။

ကိုးကား: VoA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။