Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တိုက်ပွဲ​နောက်ဆက်တွဲ သက်​ရောက်မှုများကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မဲဆောက်သို့ ရောက်ရှိ

ထိုင်းအစိုးရအနေဖြင့် နှစ်နိုင်ငံနယ်စပ်အရေးကိစ္စကိို ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်ရန် အထက်ပါအတိုက်အခံလွှတ်တော်အမတ်က တိုက််တွန်းထားသည်။

ဓာတ်ပုံ - The Reporters
ဓာတ်ပုံ - The Reporters

▪️စစ်ကောင်စီိတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထိုင်းထံ ခိိုလှုံခွင့်တောင်းထား၊ ထိုင်းလက်မခံသေး

▪️နှစ်နိုင်ငံနယ်စပ်အရေးကိစ္စ ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်ရန် ထိုင်းအစိုးရကို ထိုင်းအတိုက်အခံလွှတ်တော််အမတ် တိုက်တွန်း

People’s Spring

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukaraသည် မြဝတီမြို့တိိုက်ပွဲများကြောင့် မဲဆောက်မြိို့အခြေအနေကို ကြည့်ရှုရန် ယမန့်(ဧပြီိ ၁၂ ရက်)တွင် မဲဆောက်မြို့သို့ရောက်ရှိလာခဲ့သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Parnpree သည် တာ့ခ်ခရိုင််အတွင်းရှိိ သက်ဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ မြဝတီ-မဲဆောက် နယ်စပ်ဒေသနောက်ဆုံးအခြေအနေကိုဆွေးနွေးပြီး နယ်စပ်ဒေသနှင့်ပတ်သက်၍ ကြိိုတင်ပြင်ဆင်မှုများလုပ်ဆောင်မည်ဟု သိရသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အမှတ်(၁)နှစ်နိုင်ငံချစ်ကြည်ရေးတံတားသို့ သွားရောက်ခဲ့သလို တံတားအနီးရှိ ဒေသခံများနှင့်လည်း တွေ့ဆုံစကားပြောဆိုခဲ့သည်။

ဓာတ်ပုံ - The Reporters
ဓာတ်ပုံ – The Reporters

ယနေ့ နံနက်ပိုင်းတွင် ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားမှာ ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး မြန်မာဘက်မှ ကူးသန်းသွားလာမှုများလည်း ရှိနေသည်။ သို့သော် မြဝတီမြို့အဝင် စစ်ကောင်စီိ ခလရ ၂၇၅ မှ စခန်းစွန့်ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသည့် အမှတ်(၂) နှစ်နိုင််ငံချစ်ကြည််ရေးတံတားကိုမူ ယနေ့ နံနက်ပိုင်းတွင် ကုန်စည်စီးဆင်းရေးအတွက် အချိန် တစ်နာရီခန့်သာ ဖွင့်လှစ်ခဲ့ပြီး ကျန်အချိန်များတွင်် ပိတ်ထားသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

စခန်းစွန့်ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်မှာ ယနေ့ မွန်းလွဲပိိုင်းအထိိ အမှတ်(၂)ချစ်ကြည်ရေးတံတား စစ်ဆင်းရေးဂိတ်(မြန်မာဘက်အခြမ်း)တွင် ရှိနေပြီး ထိုင်းဘက်သို့ ခိုလှုံခွင့်တောင်းခံထားကြောင်း သိရသည်။ ယမန်နေ့(ဧပြီိ ၁၁ရက်)တွင် ခလရ ၂၇၅ မှ စခန်းစွန့်ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ ၈ ဦးကို ထိုင်းဘက်ခြမ်းက အိမ်စီးကားများဖြင့် လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း နယ်စပ်သတင်းရင်းမြစ်က ပြောသည်။

ထိို့အပြင် ထိုင်းအတိုက်အခံ လွှတ်တော်အမတ် Kannavee Suebsang သည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်အရေးအတွက် မဲဆောက်သို့ရောက်ရှိနေသည်။ ယင်းထိုင်းလွှတ်တော်အမတ်က ဒုက္ခသည်နှင့် လူသားချင်းစာနာမှုရှုထောင့်မှ အချက် ၃ ချက်ကို သတင်းမီဒီယာများမှတဆင့် တောင်းဆိုသည်။

ဓာတ်ပုံ - The Reporters
ဓာတ်ပုံ – The Reporters

ပထမအချက်မှာ ခိုလှုံခွင့်တောင်းထားသည့်စစ်ကောင်စီိတပ်သားများကို ထိုင်းနိုင်ငံက ခိုလှုံခွင့်ပေးမည်ဆိုပါက အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေဖြင့် လက်ခံကာ စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်ခြင်းမပြုရန်၊ ဒုတိိယအချက်မှာ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ဆွေးနွေးညှိိနှိုင်းမှုပြုလုပ်ရန်၊ စစ်သုံ့ပန်းများအဖြစ် တော်လှန်ရေးအဖွဲ့များက နိုင်ငံတကာဥပဒေနှင့်အညီီ ဆက်လက်ထားရှိရန်၊ တတိိယအချက်မှာ အဆိုပါ ပြဿနာကို မဖြေရှင်းနိုင်ပါက မြဝတီမြိို့တွင် တိုက်ပွဲများ ဆက်ရှိမည်ဖြစ်ကာ ထိုင်း-မြန်မာနှစ်နိုင်ငံပြည်သူများအပေါ် သက်ရောက်မှုရှိိိမည် တို့ဖြစ်သည်။

ထိုင်းအစိုးရအနေဖြင့် နှစ်နိုင်ငံနယ်စပ်အရေးကိစ္စကိို ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်ရန် အထက်ပါအတိုက်အခံလွှတ်တော်အမတ်က တိုက််တွန်းထားသည်။

ကိုးကား/ဓာတ်ပုံ – The Reporters

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့ တာ့ခ်ပြည်နယ်ထဲက မဲဆောက်မြို့နယ်နဲ့ ထိစပ်ရာ မြဝတီဖက်ခြမ်း နယ်စပ်ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့တော်လှန်​ရေးတပ်​တွေအကြားတိုက်ပွဲတွေ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ခမရ (၅၈၅)စစ်​ကြောင်းမှူးအပါအဝင်​သေဆုံးထိခိုက်သူများ၊စစ်သား ၆ဦးအလင်းဝင်

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook