Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးပြင်းထန်နေ၍ သင်္ကြန်ကာလအတွင်း လူစုလူဝေးမပြုလုပ်ရန် ရက္ခိုင်ပြည်သူများအား AA မေတ္တာရပ်ခံ

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

(၂၀၁၈က စစ်တွေမြို့၌ ဗဟိုရေကစားမဏ္ဏပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(၂၀၁၈က စစ်တွေမြို့၌ ဗဟိုရေကစားမဏ္ဏပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

-“တပ်တော်က လိုအပ်လို့ထုတ်ပြန်ပေမယ့် ညီမတို့ကလည်း ကိုယ့်အသိနဲ့ကိုယ် သက်ြန်ကို Boycott မှာပါ။ ဒါက တကယ် ပျော်စရာမှမဟုတ်တာ။ ဝင်နွှဲစရာမရှိပါဘူး” -စစ်တွေမြို့ခံတစ်ဦး

ရှိုင်း/People’s Spring

လက်ရှိကာလသည် စစ်ရေးပြင်းထန်နေသည့် ကာလဖြစ်သည့်အလျောက် မကြာမီကျရောက်လာမည့် သင်္ကြန်ကာလအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများ၌ လူစုလူဝေး များ ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲကြီးများ မပြုလုပ်ကြရန် ရက္ခိုင်ပြည်သူများအား မေတ္တာရပ်ခံကြောင်း ရက္ခိုင့်တပ်တော်(AA)က ဧပြီ ၁၁ရက်တွင် အသိပေးထုတ်ပြန်သည်။

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီနှင့် AA တို့ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်အပြင် တစ်ရက်ထက် တစ်ရက် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ စစ်ရှုံးနေသည့် စစ်ကောင်စီသည် AAက သိမ်းပိုက်ထားသည့် ဒေသများတွင်သာမက နောက်ထပ်သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် နေရာများ၌ပါ လူစုလူဝေးဟု ယူဆရသည့် နေရာများအား အလစ်ချောင်း အငိုက်ဖမ်းပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ရန် ကြိုးပမ်းနေသည်ဟု အသိပေးသည်။

ထို့ကြောင့် AAက ယခုကဲ့သို့ ပန်ကြားချက် ထုတ်ပြန်ခဲ့သည့်အပြင် လူအများအပြား စီးနင်းလိုက်ပါသည့် ကားများဖြင့် မြို့ပြဒေသများ ၊ တစ်မြို့နှင့် တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ အကြား ကခုန်လှည့်ပတ်ပြီး ရေကစားခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် လူစုလူဝေးဖြစ်စေသော Show ပွဲများ ပြုလုပ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ လူစုလူဝေးကြီးများဖြင့် ဥပုသ်သီလ ဆောက်တည်ခြင်း ၊ အလှူအတန်းများ ပြုလုပ်ခြင်းတို့ကိုလည်း လုံး၀ မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့သည်။

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

ထို့ကြောင့် သင်္ကြန်ကာလအတွင်း မလိုလားအပ်သည့် အသက်များ အစုလိုက် အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများ အနေဖြင့် ထုတ်ပြန်ချက်ပါ လိုက်နာရမည့်အချက်များကို တိကျစွာ လိုက်နာကြရန် AA ကပန်ကြားထားသည်။

“ရခိုင်ပြည်သူတွေက လွပ်လပ်ရေးအတွက် ရင်းထားရတာ အများကြီးပဲ။ ရမ်းဗြဲ လိုပျက်စီးသွားတဲ့မြို့တွေအထိ ပေးဆပ်ခဲ့တာ။ တပ်တော်က လိုအပ်လို့ထုတ်ပြန်ပေမယ့် ညီမတို့ကလည်း ကိုယ့်အသိနဲ့ကိုယ် သက်ြန်ကို Boycott မှာပါ။ ဒါက တကယ် ပျော်စရာမှမဟုတ်တာ။ ဝင်နွှဲစရာမရှိပါဘူး”ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။