Connect with us

Hi, what are you looking for?

News

ပြည်သူကို နှိပ်စက်ညှင်းပန်းနေသောစစ်ကောင်စီခန့် ရပ်/ကျေးအုပ်ကြီးများ၊ စာရေးများ၊ ဝန်ထမ်းများကို PDF ကနီနောက်ဆုံးအကြိမ်သတိပေး

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အားပေးကူညီသူများသို့နောက်ဆုံးအကြိမ် ကြိုတင်သတိပေးခြင်းဟု ရေးသားထားသည့် ကြေညာချက်အား ယနေ့( အောက်တိုဘာလ၁၃ ရက်)တွင် ကနီ PDFက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ပြည်သူလူထုကို နည်းအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက်နေသည့် စစ်ကောင်စီခန့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ စာရေးများနှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ကိုယ့်ထိုက်နှင့်ကိုယ့်ကံသာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) People’s Defense Force (Kani)က သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အားပေးကူညီသူများသို့နောက်ဆုံးအကြိမ် ကြိုတင်သတိပေးခြင်းဟု ရေးသားထားသည့် ကြေညာချက်အား ယနေ့( အောက်တိုဘာလ၁၃ ရက်)တွင် ကနီ PDFက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ ခန့်အပ်သော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စု စာရေးများသည် အကြမ်းဖက် စစ်ကောင်စီ၏ အခွန်ငွေတိုးလာရေးအတွက် အခွန်ငွေ ၊ လိုင်စင်အရပ်ရပ်ငွေ ကောက်ခံရာတွင်ပါဝင်ကူညီခြင်း ၊ အမြန်ရေယာဉ်များ၊ မော်တော်များ ၊ ကုန်ကားများကို မတရားငွေကြေးကောက်ခံရာတွင် ပါဝင်ခြင်း ၊ သစ်ပွဲစား သစ်ကုန်သည်များနှင့် ပူးပေါင်း၍ ငွေကြေးတံစိုး လက်ဆောင်များရှာဖွေပေးခြင်း ၊ နှစ်လုံး သုံးလုံး လောင်းကစား ရောင်းချသူများထံမှ ငွေကြေးတောင်းခံပေးရာတွင် ပါဝင်ခြင်း ၊ ပြည်သူလူထု၏ ကိုယ်စိတ်ပင်ပန်းအောင် ဧည့်စာရင်းစစ်ဆေးရာ ၊ နေအိမ်များသို့မတရားရှာဖွေရာတွင်ပါဝင်ခြင်း ၊ ပြည်သူလူထု၏ လုံခြုံရေးကို ချိုးဖောက်၍ အကြမ်းဖက်စစ်ကောင်စီ၏ လိုအပ်သော သတင်းအချက်အလက်နှင့် မှတ်တမ်းများ ကောက်ယူရာတွင် ပါဝင်ခြင်းများရှိကြောင်း ကျွန်ုပ်တို့တပ်ဖွဲ့က စုံစမ်းလေ့လာ သိရှိပြီးဖြစ်ကြောင်း ကနီ PDFက ပြောသည်။

အချို့သော အကြမ်းဖက်စစ်ကောင်စီ ခန့်အပ်သည့် ရပ် /ကျေးအုပ်ချုပ်ရေးမှူးများသည် ရပ်ရွာနေ ပြည်သူလူထုအား ပြည်သူနှင့်ပူးပေါင်းသည်ဟု ကြေညာပြီး ဒေသခံ ဒလန်များ ၊ ပျူစောထီးများကို အသုံးချ၍ အထက်ပါလုပ်ငန်းများ လုပ်ဆောင်ရန် အဝေးမှ စီစဉ်ညွှန်ကြား ဆောင်ရွက်နေကြောင်း ကျွန်ုပ်တို့ တပ်ဖွဲ့မှ အသေးစိတ်မှတ်တမ်းများနှင့်တကွ စုံစမ်းလေ့လာသိရှိပြီးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ကနီမြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် CDM ဝင်ရောက်သည့် ပြည်သူ့ဝန်ထမ်းများကို ပြည်သူ့အစိုးရလက်ထက်က
ကိုဗစ် ချေးငွေများ ပြန်လည်ပေးဆောင်ရန် အမျိုးမျိုးဖိအားပေး၍ မတရားငွေတောင်းနေသော ဌာနများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငွေတောင်းရန်အားပေးသော အကြမ်းဖက်ဝန်ထမ်းများ၏ စာရင်းကို ကျွန်ုပ်တို့တပ်ဖွဲ့မှ လေ့လာသိရှိပြီးဖြစ်ကြောင်းလည်းပါရှိသည်။

ကျွန်ုပ်တို့ တပ်ဖွဲ့အနေနှင့် အဆိုပါ ကိစ္စရပ်များကိုမလုပ်ဆောင်ရန်အကြိမ်ကြိမ် အသိပေးကြေညာခဲ့ပြီး ပြည်သူနှင့်အတူ ပူးပေါင်းရန် အချိန်ကာလတစ်ခုအထိ စောင့်ကြည့်ကြိုဆိုခဲ့ကြောင်း၊ ဤသည်ကို အခွင့်ကောင်းယူ၍ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ စာရေးများ ၊ အားပေးကူညီသူများသည် ပြည်သူလူထုနှင့် ပြည်သူ့ဝန်ထမ်းများအပေါ် မတရားမှု့များ များစွာ ပြုလုပ်လာပြီဖြစ်ရာ အသင်တို့၏ လုပ်ရပ်အတွက် အသင်တို့ ထိုက်နှင့် အသင်တို့ ကံသာဖြစ်ကြောင်း နောက်ဆုံးအကြိမ် ကြိုတင် သတိပေးကြေညာအပ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)PDF(Kani)က သတိပေးထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။