Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် စစ်စရိတ် အလုံးအရင်း ထောက်ပံ့နိုင်ရေး အမေရိကန် လွှတ်တော် အတည်ပြုချက်ရရှိ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

ယူကရိန်းအတွက် စစ်စရိတ် အလုံးအရင်း ထောက်ပံ့နိုင်ရေး အမေရိကန် လွှတ်တော် အတည်ပြုချက်ရရှိ
ယူကရိန်းအတွက် စစ်စရိတ် အလုံးအရင်း ထောက်ပံ့နိုင်ရေး အမေရိကန် လွှတ်တော် အတည်ပြုချက်ရရှိ

လပေါင်းအတော်ကြာ နှောင့်နှေးနေခဲ့တဲ့နောက် ယူကရိန်းအတွက် စစ်ရေး အသုံးစရိတ် အလုံးအရင်း ထောက်ပံ့ရေး အဆိုကို အမေရိကန် လွှတ်တော်မှာ အတည်ပြုပေးလိုက်နိုင်ပြီ ဖြစ်ပါတယ်။

ငြင်းခုံမှုတွေ၊ ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့်လည်း ဧပြီ ၂၀ ရက်နေ့ ဆွေးနွေးမှုတွေအပြီး ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံဖိုး စစ်ရေး အထောက်အပံ့တွေ ပေးပို့မယ့် အစိုးရရဲ့ အဆိုကို လွှတ်တော်က မီးစိမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ထောက်ပံ့ရေး အစီအမံတွေ ပေးပို့မှုကို ရက်ပိုင်းအတွင်း စတင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တကယ်လို့ ယူကရိန်းသာ အမေရိကန်ရဲ့ စစ်ရေး အထောက်အပံ့တွေ ဆက်လက် မရရှိနိုင်တော့ဘူးဆိုရင် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားကို ဒူးထောက် အရှုံးပေးလိုက်ရနိုင်ကြောင်း သတိပေး ပြောကြားထားပါတယ်။

ဘိုင်ဒန်က လွှတ်တော်ရဲ့ နောက်ဆုံး သဘောတူညီမှု ရလဒ်ကို ချီးကျူးခဲ့ပြီး နိုင်ငံတကာနယ်ပယ်မှာ အမေရိကန်ရဲ့ ဦးဆောင်ဦးရွက် ရှိနေဆဲ ရပ်တည်ချက်ကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ဇီလန်စကီးကလည်း လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီဟာ ထာဝရ တည်တံ့နေဖို့လိုကြောင်း၊ အဲဒီ ရည်မှန်းချက်ကို အပတ်တကုတ် အားထုတ်နေတဲ့ အမေရိကန်အတွက် ယူကရိန်းဟာ ဘယ်တော့မှ ပျက်ကွက်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အခု စစ်ရေးအထောက်အပံ့သစ်တွေ ရရှိလာခြင်းဟာ ယူကရိန်းမှာ လူ့အသက်ပေါင်း များစွာကို ကာကွယ်နိုင်မယ့် ကိစ္စလို့လည်း ဇီလန်စကီးက ဆိုပါတယ်။

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

အမေရိကန်ဟာ ယူကရိန်းကို ထောက်ပံ့ပေးမယ့် အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး အနီးကပ် လေ့လာ စောင့်ကြည့်မယ်လို့လည်း ပြောပါတယ်။ စစ်လက်နက် ဝယ်ယူရေးနဲ့ ဆက်စပ်တဲ့ အဂတိမှုတွေကြောင့် ယူကရိန်း စစ်တပ်မှာ နာမည်ပျက်ရတဲ့ အခြေအနေတချို့ ကြုံခဲ့တဲ့နောက် ငွေကြေးတွေ လွှဲပြောင်းမှုမှာ အမေရိကန် ပိုပြီး တင်းတင်းကျပ်ကျပ် စိစစ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် လွှတ်တော်မှာ နောက်ဆုံး အတည်ပြုပေးခဲ့တဲ့ နိုင်ငံခြား ထောက်ပံ့ရေး ရန်ပုံငွေတွေထဲမှာ အစ္စရေးအတွက် စစ်ရေးအထောက်အပံ့ ဒေါ်လာ ၂၆.၄ ဘီလီယံ၊ ဂါဇာက လူသားချင်း စာနာမှု လုပ်ငန်းစဉ်တွေအတွက် ဒေါ်လာ ၉.၁ ဘီလီယံ၊ တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့အတွက် ထိုင်ဝမ် အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်း မိတ်ဖက် နိုင်ငံတွေအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၈.၁ ဘီလီယံ အသီးသီး ပါဝင်ကြောင်း သိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။