Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားထိုးစစ်ကြောင့် ရှေ့တန်းမှာ အခြေအနေတွေ ပိုဆိုးလာနေတယ်လို့ ယူကရိန်း စစ်ဦးစီးချုပ် ဝန်ခံ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားထိုးစစ်ကြောင့် ရှေ့တန်းမှာ အခြေအနေတွေ ပိုဆိုးလာနေတယ်လို့ ယူကရိန်း စစ်ဦးစီးချုပ် ဝန်ခံ
ရုရှားထိုးစစ်ကြောင့် ရှေ့တန်းမှာ အခြေအနေတွေ ပိုဆိုးလာနေတယ်လို့ ယူကရိန်း စစ်ဦးစီးချုပ် ဝန်ခံ

နိုင်ငံ အရှေ့ပိုင်း စစ်မြေပြင်တွေမှာ ရုရှားရဲ့ ထိုးစစ်ကြောင့် ကာကွယ်ရေးတပ်တွေ ဆုတ်ခွာပေးနေရကြောင်း ယူကရိန်း စစ်ဦးစီးချုပ်က ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဒွန်းညက်စ်ခ် ဒေသမှာ ကျူးကျော်သူ ရုရှားတပ်တွေက ထိုးစစ်ကို အရှိန်မြှင့်တင်လာခြင်းနဲ့အတူ ယူကရိန်း ကာကွယ်ရေးတပ်တွေဟာ နယ်မြေတွေ လက်လွှတ်ရပြီး ဆက်တိုက် နောက်ဆုတ်ပေးနေရတယ်လို့ ဗိုလ်ချုပ်ကြီး အိုလက်ဇန္ဒား ဆာစ်ခ်ယီက ပြောပါတယ်။

လက်နက်ကြီး ပစ်အားနဲ့ လူအင်အား သာလွန်မှုကို ရုရှားက ကောင်းကောင်းကြီး အသုံးချပြီး ရုရှားတပ်တွေက တောက်လျှောက် ရှေ့တိုးလာနေကြောင်း၊ ယူကရိန်း တပ်တွေအတွက် လက်နက်နဲ့ ခဲယမ်းမီးကျောက် အထောက်အပံ့တွေ အပူတပြင်း လိုအပ်နေပြီဖြစ်ကြောင်း ဆာစ်ခ်ယီက ဆိုပါတယ်။ အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံဖိုး စစ်လက်နက်တွေ ဖြည့်တင်းထောက်ပံ့ပေးဖို့ မကြာသေးခင်က အတည်ပြု ဆုံးဖြတ်ခဲ့ပေမယ့် အဲဒီ လက်နက်တွေ ယူကရိန်း ရှေ့တန်း စစ်မြေပြင်ဆီ ရောက်လာဖို့ကတော့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

ဆာစ်ခ်ယီက ရှေ့တန်းက အခြေအနေတွေဟာ ဆိုးသထက် ဆိုးလာနေတယ်လို့ Telegramမှာ ဧပြီ ၂၈ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ မူလက ခံစစ်ကြောင်းကို ကြံ့ကြံ့ခံ ပြင်ဆင်ထားခဲ့ရာ ဒွန်းညက်စ်ခ် ဒေသထဲက နေရာတချို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာနေရကြောင်း၊ ဖေဖော်ဝါရီလမှာ ရုရှားက အက်ဒ်ဗစ်ဗ်ကာမြို့ကို သိမ်းယူလိုက်ပြီး ကတည်းက ယူကရိန်းရဲ့ ခံစစ် အစီအမံတွေ အတော်လေး အထိနာခဲ့ကြောင်းလည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆာစ်ခ်ယီက မကြာသေးခင်ကတင် ယူကရိန်း တပ်တွေဟာ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ကျေးရွာ သုံးခုကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့လည်း ပြောပါတယ်။ လက်ရှိ အချိန်မှာတော့ တိုက်ပွဲတွေဟာ ယူကရိန်းတပ်တွေ ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ချာဆစ်ဗ်ယာ ဧရိယာ တဝိုက်မှာ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။ သူက ရုရှားတပ်တွေဟာ မဟာဗျူဟာအရ အရေးကြီးတဲ့ နေရာတချို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းမှာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလုဇ်ညီကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်ခဲ့တဲ့နောက် ဆာစ်ခ်ယီကို အစားထိုး ခန့်အပ်ခဲ့တာပါ။ လတ်တလောမှာတော့ ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ ခါကစ်ဗ်ကိုလည်း ဦးတည် ချီတက်ဖို့ အင်အားစုရုံးနေဖွယ်ရှိကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးက သတိပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook