Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့အနီးရှိ ငါးဂို​​​ထောင်များကို စစ်‌ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

(စစ်​တွေမြို့ကို Google Earth တွင်​တွေ့ရပုံ)
(စစ်​တွေမြို့ကို Google Earth တွင်​တွေ့ရပုံ)

ယောနသံ/People’s Spring

စစ်တွေမြို့အနီးရှိ ငါးကန်ဂိုထောင်များကို စစ်ကောင်စီက အင်အားပြင်းဗုံးများသုံး၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

မြို့အနီးရှိ ငါးကန်ဂိုထောင်များကို ယနေ့(မေလ ၂ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီက ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“ပြင်းပြင်းထန်ထန်ပေါက်ကွဲတာ။ဒရုန်းနဲ့ ဗုံးချမှန်းကို ပြီးမှသိတာ။ အဲဒီနေရာက အရပ်သားတွေရှိတဲ့နေရာပါ။ ငါးလုပ်ငန်းလုပ်တဲ့နေရာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။ စစ်တွေမြို့တွင် ယခင်ကလည်း စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ဒေသခံများထိခိုက်သေဆုံးမှုရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ညကလည်း စစ်တွေမြို့ရှိရဲတပ်ရင်း(၁၂)မှပစ်သော လက်နက်ကြီးသည်စစ်တွေမြို့၊ကသဲရွာရပ်ကွက်နှင့် အင်ဘာလာရပ်ကွက်ကြား၌ ကျရောက်ပေါက်ကွဲကာ ပြည်သူရှစ် ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်းဒဏ်ရာ ရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၉ ရက်ကလည်း စစ်တွေမြို့အနီးရှိ စစ်ကောင်စီရေတပ်မှ ကိုးရီးယားဆိပ်ကမ်းမြို့မဈေးအား လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးသွားပြီး ၈၀ ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း၊ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုကိုပြောင်းပြောင်းတင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်နေကြောင်းရက္ခိုင့်တပ်တော်( AA )က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း မင်းပြားမြို့အား ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူမြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်ရာနယ်မြေများ၌ ပိတ်မိနေသော ပြည်သူများ လွတ်မြောက်နယ်မြေသို့လာရောက်နေထိုင်ကြရန်နှင့်အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်ထားကြရန် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဧပြီလ ၁၀ ရက်နေ့က ကျရောက်သော AA ၁၅ နှစ်မြောက် တပ်တော်နေ့အခမ်းအနားတွင် ပြောကြားထားသည်။ ထိုပြောကြားချက်နောက်ပိုင်း ကျောက်ဖြူနှင့်စစ်တွေမြို့မှဒေသခံများ အခြားမြိုများသို့တိမ်းရှောင်မှုများရှိနေကြောင်းသိရသည်။

လတ်တလောတွင် စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

Facebook