Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့ရှိ စစ်​ကောင်စီဝန်ထမ်းများ အခြား​ဒေသသို့စတင်တိမ်း​ရှောင်​​နေ

ခလရ(၁၄၂)အား KIA က မသိမ်းပိုက်မီ ယင်းတပ်ရင်းထဲမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား နယ်စပ်ဖြတ်ကျော်၍ ယူဆောင်လာခွင့်ပြုရန် စစ်ကောင်စီ၏တောင်းဆိုမှုကို တရုတ်ကပယ်ချခဲ့ကြောင်း People’s Spring က စုံစမ်းသိရှိရသည်။

(သံတွဲမြို့လယ်တစ်​နေရာကို​တွေ့ရစဥ်။ဓါတ်ပုံ-LiM)
(သံတွဲမြို့လယ်တစ်​နေရာကို​တွေ့ရစဥ်။ဓါတ်ပုံ-LiM)

▪︎စစ်​ကောင်စီက သံတွဲမြို့ရှိစီးပွား​ရေးဘဏ်မှ​ငွေများကို စစ်တပ်အတွင်း​သယ်ယူ

ဆလိုင်းမာန်အောင်/People’s Spring

ရခိုင်ပြည် သံတွဲမြို့နယ်၌ တိုက်ပွဲများပိုမိုပြင်းထန်လာရာစစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ မြို့မှ တိမ်း​ရှောင်မှုများရှိလာပြီး ၊ စစ်​ကောင်စီထိန်းချုပ်ထား​သောသံတွဲမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှငွေများကိုလည်း စစ်တပ်ထဲသို့ ပို့ဆောင်နေကြောင်း ဒေသခံများကပြောသည်။

“ဟုတ်တယ်။ စီးပွားရေးဘဏ်ကငွေတွေကို ကဲ့သယ်နေတာတွေ လုပ်နေတာဟုတ်တယ်။ နောက်ပြီး တိုက်ပွဲတွေပိုဖြစ်လာမယ်ဆိုတဲ့ သတင်းတွေလည်း ရတယ်။ စစ်ကောင်စီတပ်တွေလည်း ယောက်ယက်ခပ်နေတာ တွေ့တယ်” ဟုဒေသခံတစ်ဦးကပြောသည်။

သံတွဲမြို့တွင် ဧပြီလ ၂၂ရက်မှစ၍ စစ်ကောင်စီစခန်းအချို့ကို အာရက္ခတပ်တော်(AA)ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယ‌နေ့(မေလ ၁၇ရက်)အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။ လတ်တလောတွင် သံတွဲမြို့နှင့် ၁၀မိုင်ခန့်ဝေးသော သူဌေးကျွန်းရေအားလျပ်စစ်စီမံကိန်းအနီး

Public Service Announcement

Public Service Announcement

ရွှေလှေ၊ ဒေါ်မြ၊ လင်းသီကျေးရွာအနီးပတ်ဝန်းကျင်၌စစ်ရေးတင်းမာနေသည်။ မေလ ၁၄ရက်က လင်းသီရွာအနီး စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ရာ အရပ်သား ၇ဦးသေ ၅ဦးဒဏ်ရာရခဲ့သည်။

” အခုက တိုက်ပွဲတွေ ပိုပြင်းလာဖို့ပဲရှိတယ်လို့ သုံးသပ်လို့ရတယ်။ စစ်တပ်ဘက်က ဌာနဝန်ထမ်းတွေကိုလည်း ခလရ(၅၅) တပ်ထဲ ခေါ်ထားသလို တချို့လည်း နယ်ပြန်နေကြတာတွေ့တယ်။ အထူးသဖြင့် အရာရှိတွေ တဖြည်းဖြည်း ပြန်နေကြနေတာ”ဟု သံတွဲမြို့ ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးကPeople’s Spring သို့ပြောသည်။

ရခိုင်ပြည်နယ်တွင် သံတွဲအပြင် စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ တောင်ကုတ်မြို့နယ်တို့၌ စီးပွားရေးဘဏ်များရှိသည်။

“အရင်ကဆို လစာတွေ၊ ဌာနသုံးငွေတွေကို သံတွဲဘဏ်ကနေ တခြားမြို့နယ်တွေကိုကားနဲ့ပို့တာ။ အခုကတော့ ဟတ်စကီးနဲ့ တပ်ထဲကို ပို့တာတွေလုပ်တယ်”ဟု သံတွဲမြို့ခံတစ်ဦးကလည်းပြောသည်။

စစ်ကောင်စီသည် ၂၀၂၃ နိုဝင်ဘာလဆန်းတွင် ​ကောလင်းမြို့သိမ်းပိုက်ခံရပြီး​နောက်ပိုင်း တော်လှန်ရေးအင်အားသစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ​ကြောင့် မြို့ကိုလက်လွတ်ရမည့် အ​ခြေအ​နေကြုံလာလျင် စစ်​ကောင်စီထိန်းချုပ်ထား​​သော ဘဏ်များနှင့် ဌာနပိုင်ငွေကြေးများကို ကြိုတင် သယ်ယူ​ရွေ့​ပြောင်းထားလေ့ရှိသည်။ ပြီးခဲ့သည့်ဧပြီလက ကချင်ပြည်နယ်လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းယူစဉ် နယ်စပ်ကုန်သွယ်ရေးမှရရှိသည့်ငွေ သိမ်းပေါင်း ငါးသောင်းကျော်ကိုလွယ်ဂျယ်မြို့ အခြေစိုက် ခလရ(၁၄၂)ထဲသို့ စစ်ကောင်စီကသယ်ယူထားခဲ့ဖူးသည်။ သို့သော် ခလရ(၁၄၂)မှ စစ်ကောင်စီအရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တရုတ်နိုင်ငံဘက်ထဲသို့ ထွက်ပြေးခိုလှုံသွားစဉ် အဆိုပါငွေကြေးများကို KIAက သိမ်းယူရရှိခဲ့သည်။

ခလရ(၁၄၂)အား KIA က မသိမ်းပိုက်မီ ယင်းတပ်ရင်းထဲမှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား နယ်စပ်ဖြတ်ကျော်၍ ယူဆောင်လာခွင့်ပြုရန် စစ်ကောင်စီ၏တောင်းဆိုမှုကို တရုတ်ကပယ်ချခဲ့ကြောင်း People’s Spring က စုံစမ်းသိရှိရသည်။

မြဝတီမြို့ ရှိ စစ်​ကောင်စီ၏ မြို​စောင့်တပ် ခလရ ၂၇၅ ကို KNLA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်များက ပြီးခဲ့သည့်ဧပြီ လဆန်းတွင် တိုက်ခိုက်ရန် ပြင်ဆင်​နေစဥ်ကလည်း စစ်​ကောင်စီက ထိုင်းနယ်ရပ်မြို့ မဲ​ဆောက်သို့ ​လေယာဥ်​စေလွှတ်ပြီး ​ ဘဏ်များမှ ​​ငွေနှင့်​ရွှေများသယ်ယူသွားခဲ့​ကြောင်းထိုင်းသတင်းဌာနများက​ဖော်ပြသည်။

AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ပလက်ဝ၊ ​မြောက်ဦး ၊​ကျောက်​တော် ၊မင်းပြား၊​ပေါက်​တော၊ ​မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရ​သေ့​တောင် မြို့နယ် တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။​ ထပ်မံ၍ မောင်​တော၊ ဘူးသီး​တောင်၊ သံတွဲ၊ အမ်း စ​​သောမြို့နယ်များရှိ စစ်​ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေသည်၊

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

သံတွဲမြို့မှာ ​ဒေသခံပြည်သူ ၁ ဦး​သေပြီး ၄ဦးထက်မနည်းဒဏ်ရာရ

Facebook