▪︎NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် အဖွဲ့အစည်း ၊ ပုဂ္ဂိုလ် ၃၀ကျော် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ ဈာပနအခမ်းအနားကိုယနေ့(မေလ ၁၆ရက်)တွင် ကျင်းပခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပြသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များများ၊ တော်လှန်ရေးအင်အားစုများက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ရာ ပေးပို့သည့် သဝဏ်လွှာ ၃၀ ကျော်ရရှိကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးဖော်ပြထားသည်။


KIAက ဖော်ပြခဲ့သည့် သဝဏ်လွှာလက်ခံရရှိမှု ဇယားအရ NUG၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ၀တပ်(UWSA)၊ မိုင်းလားတပ်(NDAA)၊ ရှမ်းတပ်(SSPP)၊ တအာင်း(TNLA)၊ ကိုးကန့် MNDAA နှင့် ရက္ခိုင် AA တပ်များ ပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့၊ ချင်းတပ်ဖွဲ့(CNF) ကရင်နီတပ် KNPP၊ ကျောင်းသားတပ် ABSDF၊ ရက္ခိုင်ပြည်အမျိုးသားကောင်စီ(ANC/AA) စသည့် အဖွဲ့များ သဝဏ်လွှာပေးပို့ထားသည်ကို တွေ့ရသည်။

Public Service Announcement
ထို့ပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) တို့ ကလည်း သဝဏ်လွှာပေးပို့ခဲ့ကြပြီး သဝဏ်လွှာ ၃၁စောင့် လက်ခံရရှိထားကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။KNU/KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကလည်း သဝဏ်လွှာပေးပို့ထားကြောင်းသိရသည်။
KIAဖော်ပြသည့် ဇယား၌ ပါဝင်ခြင်းမရှိသော်လည်း မွန်တော်လှန်ရေးတပ် ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD တပ်ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့သည်။ ဝါရင့်မွန်တော်လှရေးတပ်ဖွဲ့ဖြစ်သော NMSP တပ်က သဝဏ်လွှာပေးပို့မှုကို မတွေ့ရပေ။ NMSP-ADသည် NMSPမှ ခွဲထွက်လာသည့် တပ်ဖြစ်သည်။
KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် မေလ ၁၃ရက်ညနေတွင် အသဲရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။
(KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း၏ နာရေးအခမ်းအနားအတွက်ပြင်ဆင်ထားမှုနှင့် သဝဏ်လွှာပေးပို့သော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များစာရင်း။ဓါတ်ပုံ-ဗိုလ်ချုပ်ဂွန်မော်FB ၊ The Kachin Net)
