Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်တွင်းဖြစ် ကာကွယ်ဆေးကို အသက် ၂ နှစ်အထက် ကလေးတွေမှာ ထိုးနှံဖို့ အိန္ဒိယ ဆေးပညာရှင်တွေ ထောက်ခံ

အိန္ဒိယဟာ အသက် ၁၈ နှစ်အထက် နိုင်ငံသား ၉၄၄ သန်း ရှိတဲ့ထဲမှာ ၂၉ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပေးပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာ Covaxin ကာကွယ်ဆေး အလုံးရေ သန်းပေါင်း ၁၁၀ ကျော်လည်း ပါဝင်ပါတယ်။

ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး တစ်မျိုးကို အသက် ၂ နှစ်အထက် ကလေးငယ်တွေမှာ အရေးပေါ် ထိုးနှံ သုံးစွဲဖို့ အိန္ဒိယ ဆေးသိပ္ပံ ပညာရှင်တွေက ထောက်ခံလိုက်ပါတယ်။

ဇီဝနည်းပညာ ကုမ္ပဏီ Bharatက ထုတ်လုပ်ထားတဲ့ Covaxin ကာကွယ်ဆေးဟာ အသက် ၂ နှစ်နဲ့ ၁၈ နှစ်ကြား အရွယ်တွေမှာ သုံးစွဲဖို့ သင့်တော်တယ်လို့ အိန္ဒိယ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ ဒုတိယ အများဆုံး နိုင်ငံကြီး အနေနဲ့ ကာကွယ်ဆေး ထိုးနှံမှုကို လက်ရှိထက် အရှိန်မြှင့်ဖို့ ကြိုးစားလာတဲ့ ခြေလှမ်းတစ်ရပ် အနေနဲ့ ကလေးတွေမှာပါ ဆေးထိုးပေးဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

အိန္ဒိယဟာ အသက် ၁၈ နှစ်အထက် နိုင်ငံသား ၉၄၄ သန်း ရှိတဲ့ထဲမှာ ၂၉ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပေးပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာ Covaxin ကာကွယ်ဆေး အလုံးရေ သန်းပေါင်း ၁၁၀ ကျော်လည်း ပါဝင်ပါတယ်။

Covaxinဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ တရားဝင် အသိအမှတ်ပြုမှု မရသေးဘဲ လျှောက်ထားဆဲ အဆင့်မှာသာ ရှိနေပါတယ်။ ဒီဆေးကို WHOက ကိုဗစ်ကာကွယ်ဆေး အနေနဲ့ အသိအမှတ် ပြုမပြု ဆိုတာကို အခုလကုန်ပိုင်းလောက်မှာ ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။ WHOဆီက အသိအမှတ်ပြုမှု မရသေးပေမယ့် ပြည်တွင်းနဲ့ တခြားနိုင်ငံ တချို့မှာ Covaxin ဆေးဝါးတွေ အရေးပေါ် သုံးစွဲနေနှင့်ပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ WHOရဲ့ ထောက်ခံချက် မရသေးသ၍ ကမ္ဘာတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံသုံးစွဲလာဖို့တော့ အဟန့်အတားတွေ ကြီးကြီးမားမား ရှိနေဦးမှာပါ။ ကာကွယ်ဆေး အများစုဟာ အသက် ၁၈ နှစ်အထက် အရွယ်တွေ အတွက်ပဲ သတ်မှတ်ထားပေမယ့် အခုတော့ အမေရိကန်မှာ Pfizerရဲ့ ကာကွယ်ဆေးကို အသက် ၁၂ နှစ်အထက် ဆယ်ကျော်သက်တွေ အတွက်ပါ ထိုးနှံပေးလာပါပြီ။ တခြား ဆေးကုမ္ပဏီကြီးတွေကလည်း ကလေးတွေမှာ ဆေးထိုးပေးနိုင်ဖို့ အင်တိုက်အားတိုက် သုတေသနပြု လုပ်ဆောင်နေကြပါတယ်။

Covaxinကို အိန္ဒိယက ကလေးငယ်တွေဆီမှာ လက်တွေ့ ထိုးနှံပေးဖို့ ဆိုတာကတော့ ဌာနဆိုင်ရာ စိစစ် အကဲဖြတ်မှုတွေ လိုအပ်နေဆဲပါ။ ဗယ်လိုရီ ခရစ္စယာန် ဆေးပညာ ကောလိပ်က ဒေါက်တာ ဂါဂန်ဒီကန်ကတော့ ဒီဆေးကို အရွယ်ရောက်ပြီး သူတွေမှာ ထိုးနှံပေးထားတဲ့ သုတေသန အချက်အလက်တွေအရ ကျန်းမာရေး အခြေအနေ ပုံမှန်ရှိတဲ့ ကလေးတွေမှာလည်း ဘေးဥပါဒ် မဖြစ်ဘဲ အသုံးပြုနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

တကယ်လို့ Covaxinကို ကလေးတွေအတွက် သုံးစွဲခွင့် ပြုလိုက်မယ်ဆိုရင် အိန္ဒိယမှာ ကလေးတွေအတွက် အသုံးပြုတဲ့ ကိုဗစ် ကာကွယ်ဆေး နှစ်မျိုး ရှိလာပါမယ်။ လတ်တလောမှာတော့ Zydus Cadila ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကိုလည်း အသက် ၁၂ နှစ်အထက် အရွယ်တွေမှာ ထိုးနှံပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။