Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပြည်တွင်းဖြစ် ကာကွယ်ဆေးကို အသက် ၂ နှစ်အထက် ကလေးတွေမှာ ထိုးနှံဖို့ အိန္ဒိယ ဆေးပညာရှင်တွေ ထောက်ခံ

အိန္ဒိယဟာ အသက် ၁၈ နှစ်အထက် နိုင်ငံသား ၉၄၄ သန်း ရှိတဲ့ထဲမှာ ၂၉ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပေးပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာ Covaxin ကာကွယ်ဆေး အလုံးရေ သန်းပေါင်း ၁၁၀ ကျော်လည်း ပါဝင်ပါတယ်။

ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး တစ်မျိုးကို အသက် ၂ နှစ်အထက် ကလေးငယ်တွေမှာ အရေးပေါ် ထိုးနှံ သုံးစွဲဖို့ အိန္ဒိယ ဆေးသိပ္ပံ ပညာရှင်တွေက ထောက်ခံလိုက်ပါတယ်။

ဇီဝနည်းပညာ ကုမ္ပဏီ Bharatက ထုတ်လုပ်ထားတဲ့ Covaxin ကာကွယ်ဆေးဟာ အသက် ၂ နှစ်နဲ့ ၁၈ နှစ်ကြား အရွယ်တွေမှာ သုံးစွဲဖို့ သင့်တော်တယ်လို့ အိန္ဒိယ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ ဒုတိယ အများဆုံး နိုင်ငံကြီး အနေနဲ့ ကာကွယ်ဆေး ထိုးနှံမှုကို လက်ရှိထက် အရှိန်မြှင့်ဖို့ ကြိုးစားလာတဲ့ ခြေလှမ်းတစ်ရပ် အနေနဲ့ ကလေးတွေမှာပါ ဆေးထိုးပေးဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

အိန္ဒိယဟာ အသက် ၁၈ နှစ်အထက် နိုင်ငံသား ၉၄၄ သန်း ရှိတဲ့ထဲမှာ ၂၉ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပေးပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာ Covaxin ကာကွယ်ဆေး အလုံးရေ သန်းပေါင်း ၁၁၀ ကျော်လည်း ပါဝင်ပါတယ်။

Covaxinဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ တရားဝင် အသိအမှတ်ပြုမှု မရသေးဘဲ လျှောက်ထားဆဲ အဆင့်မှာသာ ရှိနေပါတယ်။ ဒီဆေးကို WHOက ကိုဗစ်ကာကွယ်ဆေး အနေနဲ့ အသိအမှတ် ပြုမပြု ဆိုတာကို အခုလကုန်ပိုင်းလောက်မှာ ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။ WHOဆီက အသိအမှတ်ပြုမှု မရသေးပေမယ့် ပြည်တွင်းနဲ့ တခြားနိုင်ငံ တချို့မှာ Covaxin ဆေးဝါးတွေ အရေးပေါ် သုံးစွဲနေနှင့်ပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ WHOရဲ့ ထောက်ခံချက် မရသေးသ၍ ကမ္ဘာတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံသုံးစွဲလာဖို့တော့ အဟန့်အတားတွေ ကြီးကြီးမားမား ရှိနေဦးမှာပါ။ ကာကွယ်ဆေး အများစုဟာ အသက် ၁၈ နှစ်အထက် အရွယ်တွေ အတွက်ပဲ သတ်မှတ်ထားပေမယ့် အခုတော့ အမေရိကန်မှာ Pfizerရဲ့ ကာကွယ်ဆေးကို အသက် ၁၂ နှစ်အထက် ဆယ်ကျော်သက်တွေ အတွက်ပါ ထိုးနှံပေးလာပါပြီ။ တခြား ဆေးကုမ္ပဏီကြီးတွေကလည်း ကလေးတွေမှာ ဆေးထိုးပေးနိုင်ဖို့ အင်တိုက်အားတိုက် သုတေသနပြု လုပ်ဆောင်နေကြပါတယ်။

Covaxinကို အိန္ဒိယက ကလေးငယ်တွေဆီမှာ လက်တွေ့ ထိုးနှံပေးဖို့ ဆိုတာကတော့ ဌာနဆိုင်ရာ စိစစ် အကဲဖြတ်မှုတွေ လိုအပ်နေဆဲပါ။ ဗယ်လိုရီ ခရစ္စယာန် ဆေးပညာ ကောလိပ်က ဒေါက်တာ ဂါဂန်ဒီကန်ကတော့ ဒီဆေးကို အရွယ်ရောက်ပြီး သူတွေမှာ ထိုးနှံပေးထားတဲ့ သုတေသန အချက်အလက်တွေအရ ကျန်းမာရေး အခြေအနေ ပုံမှန်ရှိတဲ့ ကလေးတွေမှာလည်း ဘေးဥပါဒ် မဖြစ်ဘဲ အသုံးပြုနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

တကယ်လို့ Covaxinကို ကလေးတွေအတွက် သုံးစွဲခွင့် ပြုလိုက်မယ်ဆိုရင် အိန္ဒိယမှာ ကလေးတွေအတွက် အသုံးပြုတဲ့ ကိုဗစ် ကာကွယ်ဆေး နှစ်မျိုး ရှိလာပါမယ်။ လတ်တလောမှာတော့ Zydus Cadila ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကိုလည်း အသက် ၁၂ နှစ်အထက် အရွယ်တွေမှာ ထိုးနှံပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။