Connect with us

Hi, what are you looking for?

News

ခရမ်းမြို့ ပျူစောထီးခေါင်းဆောင် မျိုးနိုင် ပစ်သတ်ခံရ

“လမ်းပေါ်မှာပဲ ပစ်သတ်သွားတယ်လို့ကြားတယ်။ နောက် ကျောကို နှစ်ချက်ပစ်သွားတာ။ သူက ပျူစောထီး ခေါင်းဆောင်လို့ နာမည်ထွက်နေတာ”ဟု ခရမ်းမြို့ ပြည်သူတစ်ဦးက ပြောသည်။

ခရမ်းမြို့နယ် ပျူစောထီးခေါင်းဆောင်မျိုးနိုင် ယနေ့ (အောက်တိုဘာ ၁၃)နေ့လည် ၁၂ နာရီခန့်က ဗိုလ်တဲလမ်းမတွင် အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်ဖြင့်နှစ်ချက် ပစ်သတ်၍ သေဆုံးသွားသည်။

“လမ်းပေါ်မှာပဲ ပစ်သတ်သွားတယ်လို့ကြားတယ်။ နောက် ကျောကို နှစ်ချက်ပစ်သွားတာ။ သူက ပျူစောထီး ခေါင်းဆောင်လို့ နာမည်ထွက်နေတာ”ဟု ခရမ်းမြို့ ပြည်သူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁ ရက်ကလည်း ခရမ်းမြို့ ရိုးကြီးကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီလက် အောက်ခံ ရဲနှစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်ခဲ့သည်။

ယင်းပစ်ခတ်မှုတွင် ဒုရဲအုပ်သက်လင်းအောင်မှာ ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပြီး ရဲတပ်သားစိုင်းအောင်မှာမူ ဝဲရင်ဘတ် ကျည်ဆံဒဏ်ရာကြောင့် မဂ်လာဒုံစစ်ဆေးရုံ၌ အောက်တိုဘာ ၂ ရက် ညနေပိုင်းတွင် သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကိုလည်း စစ်ကောင်စီလက်အောက်၌ ဆက်လက်တာဝန်ထမ်းဆောက်ခြင်းမပြုရန်နှင့် အောက်တိုဘာ ၁၅ ရက်နောက်ဆုံးထားနှုတ်မထွက်လျှင် မိသားစုဝင်များ၏လုံးခြုံရေးကို တာဝန်ယူမည်မဟုတ်ဟု သတိပေးထားသည်။

ထို့ကြောင့် သတိပေးစာထုတ်ပြန်သည့် အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်နေ့အထိ တစ်ပတ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅၆ ဦး ရာထူးမှနှုတ်ထွက်ထားသည်။

(ဓာတ်ပုံ – CJ၊ ပစ်သတ်ခံရသော ပျူစောထီးခေါင်းဆောင် မျိုးနိုင်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။