Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်ရှိ PDF စခန်းဟောင်းစီးနင်းရန် ကြိုးပမ်းသည့် စစ်ကောင်စီတပ်နှင့် PDFများ တိုက်ပွဲပြင်းထန်

စစ်ကောင်စီတပ်​၏ ထိခိုက် သေဆုံးသူများအား ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်သား ၃၄ ဦးအား နေအိမ် သုံးအိမ်၌ ခွဲကာ ဆေးကုသနေကြောင်း သိရသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကေိးရွာ ပြည်သူများအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းက မြောင်မြို့နယ်ရှိ PDF စခန်းဟောင်းအား ဝင်ရောက်စီးနင်းရန် ကြိုးပမ်းရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၂၃ ရက် နံနက် ၁၁နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာမှ အင်အား ၉၀ခန့်ပါ စစ်ကောင်စီတပ်သည် မြင်းမူ၊ မြောင်နှင့် ချောင်းဦးမြို့နယ်အစပ်ရှိ CDSOM အဖွဲ့၏ PDF စခန်းဟောင်းအား ဝင်ရောက်စီးနင်းရန် ကြိုးပမ်းရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ စစ်ကြောင်းအား သတင်းကြိုရ၍ အနီးကပ်တိုက်ခိုက်နိုင်ခဲ့ကာ အထိအခိုက်များကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ကလည်း သတင်းကြိုရထားလို့ သူတို့စခန်းထဲဝင်မယ့်အချိန် စခန်းထဲက အသင့်နေရာယူပြီးတော့ စောင့်နေတာ။ စခန်းထဲဝင်မယ့်အချိန်မှာ သူတို့ကို မီတာ ၅၀လောက်အကွာကနေ အနီးကပ် စောင့်ပြီး ပစ်ခတ်နိုင်ခဲ့တယ်။ သူတို့ဘက်က အကျအဆုံးများသွားတယ်။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။

အဆိုပါစခန်း၌ လူမနေတော့ဘဲ ကင်းသာချထားသည့်စခန်းဖြစ်၍ ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် မေလ ၁၁ ရက်က မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာရှိ ဒေသခံပြည်သူ ၃၄ ဦးအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့ရာပါဝင်ခဲ့သည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)

အဆိုပါ စစ်ကြောင်းအား CDSOM တစ်ဖွဲ့တည်း ခံတိုက်နေသော်လည်း တိုက်ပွဲချိန် ကြာလာ၍ မဟာမိတ်အဖွဲ့များအား စစ်ကူခေါ်ခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များနှင့် ဆက်လက်ပူးပေါင်းတိုက်ခိုက်ရာ စစ်တပ်၏ စစ်ကြောင်းတဝက်ခန့် ထိခိုက်ခဲ့၍ ညနေ ၅ နာရီခန့်တွင် လေကြောင်းမှ ရှစ်ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊သို့သော် မည်သူမျှ အထိအခိုက်မရှိကြောင်း ကိုနွေဦး(မြောင်)က ဆိုသည်။

“လေယာဥ်က ညနေ ၆ နာရီအထိ တစ်နာရီကြာ ပတ်ပစ်တယ်။ လေယာဥ်နဲ့ပတ်ပစ်နေတဲ့အချိန် စစ်ကောင်စီက ဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်တယ်။ ဆွဲထုတ်ပြီးသယ်တယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ညတွင်းချင်း နတ်နေကန်အထိုင်စခန်းသို့ ပြန်ဆုတ်သွားပြီး PDFများက ဒရုန်းများဖြင့်ပါ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်​၏ ထိခိုက် သေဆုံးသူများအား ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်သား ၃၄ ဦးအား နေအိမ် သုံးအိမ်၌ ခွဲကာ ဆေးကုသနေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း CDSOM မှ ရဲဘော် နှစ် ဦး၊ မြောင်ပလဖ မှ ရဲဘော် တစ်ဦး၊ PDF TALOKE မှ တစ်ဦး စုစုပေါင်း ရဲဘော် လေးဦးထိခိုက်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပစ်ခတ်နေ၍ မြောင်မြို့နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် နတ်ရေကန်စခန်း၌ အင်အားထပ်မံဖြည့်တင်းထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook