Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

CDSOM စခန်းတစ်ခုစစ်တပ်၏စီးနင်းတိုက်ခိုက်မှုခံရ

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် CDSOM ၏စခန်းရှိပစ္စည်းအချို့ ဖျက်ဆီးခံရသော်လည်းလက်နက် ခဲယမ်းနှင့်အရေးကြီးစာရွက်စာတမ်းများ ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း CDSOM က သတင်းထုတ်ပြန်ထားသည်။

(CDSOM စခန်းမှသိမ်းဆည်းခံလိုက်ရ​​သောပစ္စည်းများ။ဓါတ်ပုံ-စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ)
(CDSOM စခန်းမှသိမ်းဆည်းခံလိုက်ရ​​သောပစ္စည်းများ။ဓါတ်ပုံ-စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ)

▪︎CDSOMမှဒဏ်ရာအပြင်းအထန်ရခဲ့​သောတိုက်ခိုက်​ရေး​ခေါင်း​ဆောင်တစ်ဦး အသက်အန္တရာယ်စိုးရိမ်စရာမရှိ​​တော့ဟုဆို

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့(CDSOM)၏ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်အင်အားချင်းမမျှ၍ ဆုတ်ခွာ​ခဲ့ရကြောင်း CDSOM ၏ပြန်ကြား​ရေးအရာရှိက ပြောသည်။

CDSOMစခန်းကို စစ်ကောင်စီတပ်က မတ်လ ၅ရက် ညနေတွင် စစ်ကြောင်းသုံးကြောင်းဖြင့်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အင်အားအလုံးအရင်းအပြင် RPG တွေ၊ စက်လတ်တွေ၊ ဒရုံးဖျက် jammer တွေနဲ့ တိုက်တာ။ ဒရုန်းနဲ့ ပြန်တိုက်ပေမယ့် သူတို့က Jammer တွေနဲ့မို့ ဒရုန်းမဆုံးအောင်တောင် မနည်းပြန်လုပ်ခဲ့ရတယ်” ဟုပြန်ကြား​ရေးအရာရှိကPeople’s Spring သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီတပ်သည် CDSOM စခန်းအား မစီးနင်းခင် မြောင်မြို့နယ် ပတ်ပတ်လည်တွင် အင်အားအများအပြားချထားပြီးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ဆမြိတ်ခုံဘက်တွင် အင်အား ငါးရာခန့်၊ ရေလယ်ကျွန်းဘက်တွင် အင်အား နှစ်ရာခန့်နှင့်ချောင်းဇင်ရွာအနီးပျူရွာတွင် အင်အားတစ်ရာခန့်ဖြန့်ကျက်ထားပြီးလက်နက်ကြီး၊လက်နက်ငယ်များ သုံးကာ စီးနင်းတိုက်ခိုက်ခဲ့သည်ဟုတိုက်ပွဲဝင်ခဲ့​သောPDF တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” မြောင်နယ်မှာစစ်ကောင်စီကငြိမ်နေတာကြာပြီ။ ကျွန်တော်တို့(ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ) တွေကလည်း အခြားနယ်ကတိုက်ပွဲတွေကို သွားကူနေချိန် CDSOM စခန်းကို ဝင်စီးတာမို့ အလစ်အငိုက်ခံလိုက်ရတဲ့သဘောပဲ”ဟု မြောင်မြို့နယ်မှ PDFတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် CDSOM ၏စခန်းရှိပစ္စည်းအချို့ ဖျက်ဆီးခံရသော်လည်းလက်နက် ခဲယမ်းနှင့်အရေးကြီးစာရွက်စာတမ်းများ ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း CDSOM က သတင်းထုတ်ပြန်ထားသည်။

စခန်းအား စီးနင်းတိုက်ခိုက်မှုတွင် CDSOM ၏ တိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့ပြီးကျန်ရဲ​ဘော်နှစ်ဦးအသေးစား ဒဏ်ရာရခဲ့ကြောင်းသိရသည်။ ယခုအခါ တိုက်ခိုက်ရေးခေါင်းဆောင်၏ ဒဏ်ရာ အခြေအနေ သက်သာလာပြီး အသက်အန္တရာယ်စိုးရိမ်စရာအခြေအနေကို ကျော်လွန်ခဲ့ပြီဟု ပြန်ကြား​ရေးအရာရှိကသည်။

အခြားသတင်းတပ်ရပ်တွင် မြောင်မြို့နယ်တွင်ရွာများကို မီးရှို့ဖက်ဆီးပြီး CDSOM စခန်းကို စီးနင်း၍ပြန်လာသော စစ်ကောင်စီတပ်၊ ရဲနှင့် ပျူများပါဝင်သည့် စုစု​ပေါင်း အင်အား ၃၀၀ ပါသည့် စစ်ကြောင်း၃ ​ကြောင်းအား မြစ်ငယ်PDF အပါအဝင် PDF များက မတ်လ ၆ ရက်နှင့် ၇ ရက် ၂ ရက်ဆက်ပူး​ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာဗိုလ်တစ်ဦးအပါအဝင် ၆ ဦး​သေဆုံးကြောင်းမန္တလေးခရိုင်အမှတ်(၅)တပ်ရင်း MNpdf မြစ်ငယ်၏ ပြန်ကြားရေးတာဝန်ခံကPeople’s Spring သို့​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။