Connect with us

Hi, what are you looking for?

သတင်း

CDSOM စခန်းတစ်ခုစစ်တပ်၏စီးနင်းတိုက်ခိုက်မှုခံရ

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် CDSOM ၏စခန်းရှိပစ္စည်းအချို့ ဖျက်ဆီးခံရသော်လည်းလက်နက် ခဲယမ်းနှင့်အရေးကြီးစာရွက်စာတမ်းများ ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း CDSOM က သတင်းထုတ်ပြန်ထားသည်။

(CDSOM စခန်းမှသိမ်းဆည်းခံလိုက်ရ​​သောပစ္စည်းများ။ဓါတ်ပုံ-စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ)
(CDSOM စခန်းမှသိမ်းဆည်းခံလိုက်ရ​​သောပစ္စည်းများ။ဓါတ်ပုံ-စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ)

▪︎CDSOMမှဒဏ်ရာအပြင်းအထန်ရခဲ့​သောတိုက်ခိုက်​ရေး​ခေါင်း​ဆောင်တစ်ဦး အသက်အန္တရာယ်စိုးရိမ်စရာမရှိ​​တော့ဟုဆို

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့(CDSOM)၏ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်အင်အားချင်းမမျှ၍ ဆုတ်ခွာ​ခဲ့ရကြောင်း CDSOM ၏ပြန်ကြား​ရေးအရာရှိက ပြောသည်။

CDSOMစခန်းကို စစ်ကောင်စီတပ်က မတ်လ ၅ရက် ညနေတွင် စစ်ကြောင်းသုံးကြောင်းဖြင့်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အင်အားအလုံးအရင်းအပြင် RPG တွေ၊ စက်လတ်တွေ၊ ဒရုံးဖျက် jammer တွေနဲ့ တိုက်တာ။ ဒရုန်းနဲ့ ပြန်တိုက်ပေမယ့် သူတို့က Jammer တွေနဲ့မို့ ဒရုန်းမဆုံးအောင်တောင် မနည်းပြန်လုပ်ခဲ့ရတယ်” ဟုပြန်ကြား​ရေးအရာရှိကPeople’s Spring သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီတပ်သည် CDSOM စခန်းအား မစီးနင်းခင် မြောင်မြို့နယ် ပတ်ပတ်လည်တွင် အင်အားအများအပြားချထားပြီးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ဆမြိတ်ခုံဘက်တွင် အင်အား ငါးရာခန့်၊ ရေလယ်ကျွန်းဘက်တွင် အင်အား နှစ်ရာခန့်နှင့်ချောင်းဇင်ရွာအနီးပျူရွာတွင် အင်အားတစ်ရာခန့်ဖြန့်ကျက်ထားပြီးလက်နက်ကြီး၊လက်နက်ငယ်များ သုံးကာ စီးနင်းတိုက်ခိုက်ခဲ့သည်ဟုတိုက်ပွဲဝင်ခဲ့​သောPDF တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” မြောင်နယ်မှာစစ်ကောင်စီကငြိမ်နေတာကြာပြီ။ ကျွန်တော်တို့(ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ) တွေကလည်း အခြားနယ်ကတိုက်ပွဲတွေကို သွားကူနေချိန် CDSOM စခန်းကို ဝင်စီးတာမို့ အလစ်အငိုက်ခံလိုက်ရတဲ့သဘောပဲ”ဟု မြောင်မြို့နယ်မှ PDFတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် CDSOM ၏စခန်းရှိပစ္စည်းအချို့ ဖျက်ဆီးခံရသော်လည်းလက်နက် ခဲယမ်းနှင့်အရေးကြီးစာရွက်စာတမ်းများ ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း CDSOM က သတင်းထုတ်ပြန်ထားသည်။

စခန်းအား စီးနင်းတိုက်ခိုက်မှုတွင် CDSOM ၏ တိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့ပြီးကျန်ရဲ​ဘော်နှစ်ဦးအသေးစား ဒဏ်ရာရခဲ့ကြောင်းသိရသည်။ ယခုအခါ တိုက်ခိုက်ရေးခေါင်းဆောင်၏ ဒဏ်ရာ အခြေအနေ သက်သာလာပြီး အသက်အန္တရာယ်စိုးရိမ်စရာအခြေအနေကို ကျော်လွန်ခဲ့ပြီဟု ပြန်ကြား​ရေးအရာရှိကသည်။

အခြားသတင်းတပ်ရပ်တွင် မြောင်မြို့နယ်တွင်ရွာများကို မီးရှို့ဖက်ဆီးပြီး CDSOM စခန်းကို စီးနင်း၍ပြန်လာသော စစ်ကောင်စီတပ်၊ ရဲနှင့် ပျူများပါဝင်သည့် စုစု​ပေါင်း အင်အား ၃၀၀ ပါသည့် စစ်ကြောင်း၃ ​ကြောင်းအား မြစ်ငယ်PDF အပါအဝင် PDF များက မတ်လ ၆ ရက်နှင့် ၇ ရက် ၂ ရက်ဆက်ပူး​ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာဗိုလ်တစ်ဦးအပါအဝင် ၆ ဦး​သေဆုံးကြောင်းမန္တလေးခရိုင်အမှတ်(၅)တပ်ရင်း MNpdf မြစ်ငယ်၏ ပြန်ကြားရေးတာဝန်ခံကPeople’s Spring သို့​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။