Connect with us

Hi, what are you looking for?

News

ကန့်ဘလူမြို့နယ်တွင် ခရီးသွားပြည်သူများလိုက်နာရမည့်အချက်များကို ကန့်ဘလူ PDF အသိပေး

ကန့်ဘလူ PDFက အသိပေးထားသော လမ်းပိုင်းအချို့တွင် မဟာဗောဓိမြိုင် ဆရာတော်ကြီးထံသွားရောက်သည့် ဘုရားဖူးကားများ နေ့စဥ်ဖြတ်သန်းနေကြကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ်တွင်ဘုရားဖူးပြည်သူများအပါအဝင် ခရီးသွားမိဘပြည်သူများလိုက်နာရမည့်အချက်များအား ကန့်ဘလူ PDFက ထပ်မံအသိပေးသည်။

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ကောလင်း-ကျွန်းလှ-ကန့်ဘလူ – စပါယ်နံ့သာ လမ်းပိုင်း၊ ကန့်ဘလူ- ဇီးကုန်း-ခင်ဦး- ရွှေဘို မူးရိုးလမ်းပိုင်း တို့အတွင်း သွားလာမှုများပြုလုပ်ပါက ကား မှန်တံခါးများအောက်သို့ချကာ သွားလာကြပါရန်၊ ည ၈ နာရီကျော်လွန်ပါက ကား ရှေ့နောက်ဘေး မီးများ အတွင်းမီးများဖွင့်၍မောင်းနှင်ကြပါရန်၊ စစ်ကောင်စီကားများအနီးမှ ကပ်လျက် မောင်းနှင်လိုက်ပါလာခြင်းများကို ရှောင်ကြဥ်ကြပါရန် ၂၀၂၁ စက်တင်ဘာ ၁၉ ရက်ကတောင်းဆို ပန်ကြားခဲ့ပြီးဖြစ်ကြောင်း ကန့်ဘလူ PDF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြည်သူလူထု၏ အသက်ကိုမြတ်နိုးတန်ဖိုးထားသောအားဖြင့် တောင်းဆိုပန်ကြားထားသော်လည်း မှန်တံခါးချ၍ မောင်းနှင်ခြင်းမပြုသော ယာဥ်များကိုတွေ့ရှိနေရကြောင်း၊ ယခု ထပ်မံကာမေတ္တာရပ်ခံပန်ကြားသည့် ရက်မှစ၍ ပန်ကြားချက်များအား မလိုက်နာသောယာဥ်တို့၏ လုံခြုံရေးကို တာဝန်ယူမည်မဟုတ်ကြောင်း ကန့်ဘလူ PDFက အသိပေးသည်။

စစ်ကောင်စီနောက်တော်ပါများ၊ သတင်းပေးဒလန်များက အိမ်စီးကား၊ လူမှုကူညီရေးကား၊ ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီးကားများနှင့် မထင်မရှား သွားလာခြင်း၊ သတင်း ထောက်လှမ်းခြင်း၊ ရိက္ခာသယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်နေသည့်အတွက် ၄င်းတို့၏ ယန္တရားများလည်ပတ်နေမှု ရပ်တန့်သွားစေရန် တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါသောကြောင့် အထူးသတိအနေဖြင့် ရွှေဘို-မြစ်ကြီးနားလမ်း ပေကြီးကျေးရွာ၏ မြောက်ဘက်အလွန်မှ စတင်ကာ ပန်ကြားချက်များကို မဖြစ်မနေလိုက်နာပေးဖို့ အလေးအနက်ထား မေတ္တာရပ်ခံ ပန်ကြားလိုက်ကြောင်း ကန့်ဘလူ PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ကန့်ဘလူ PDFက အသိပေးထားသော လမ်းပိုင်းအချို့တွင် မဟာဗောဓိမြိုင် ဆရာတော်ကြီးထံသွားရောက်သည့် ဘုရားဖူးကားများ နေ့စဥ်ဖြတ်သန်းနေကြကြောင်း ဒေသခံများက ပြောသည်။

ဆရာတော်ကြီးထံသွားရောက်ဖူးမျှော်ကြသည့်ဘုရားဖူးကားများနှင့်ပတ်သက်၍ သီးသန့်ပြောဆိုရန်မရှိကြောင်း ကန့်ဘလူ PDFက People Spring သို့ ပြောသည်။

“ဆရာတော်ကြီး က ကန့်ဘလူမြို့နယ်မလယ်လမ်းဆုံမှာရှိတဲ့ ဉေယျဓံတောရမှာပါခင်ဗျ။ ဆရာတော်ကြီးနဲ့ပတ်သက်ပြီးအထူးတလည်ဘာမှပြောလိုတာမရှိပါဘူးခင်ဗျာ။ ဉေယျဓံတောရဆိုတာအခုမှပေါ်လာတဲ့နေရာမဟုတ်ဘဲ ဆရာတော်ရဲ့ဇာတိရွာ မင်းကုန်း(ယခုနတ်တလူသာသပြုစခန်း)ရဲ့အနီးနားနေရာလဲဖြစ်ပါတယ်။”ဟု ကန့်ဘလူ PDFအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

(ကန့်ဘလူမြို့တစ်နေရာကို ဧပြီလအတွင်းက တွေ့ရစဉ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။