Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံအထက်ပိုင်းဒေသများမိုးကောင်းပြီး ရေကြီး​ရေလျှံမှု ကြုံ၊ ဧရာဝတီနှင့်ချင်းတွင်းမြစ်ရေ စတက်

ကချင်ပြည်နယ်ချီဘွေမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းမှုကြောင့် နေအိမ်အချို့ ပျက်စီးမှုရှိခဲ့သည်။ ဒေသခံအချို့ကိုလည်း ဘေးလွတ်ရာသို့ပို့ဆောင်ထားရကြောင်းသတင်းရရှိသည်။

(ချီ‌ ဘွေမြို့နယ်၌ ရေကြီးနစ်မြုပ်နေ၍ ဒေသခံများ ဘေးလွတ်ရာ တိမ်း‌​ရှောင်နေစဉ်/ ခန္တီးမြို့ပေါ်နေရာအချို့ ရေတက်​နေစဥ်။ ဓါတ်ပုံ-CJ)
(ချီ‌ ဘွေမြို့နယ်၌ ရေကြီးနစ်မြုပ်နေ၍ ဒေသခံများ ဘေးလွတ်ရာ တိမ်း‌​ရှောင်နေစဉ်/ ခန္တီးမြို့ပေါ်နေရာအချို့ ရေတက်​နေစဥ်။ ဓါတ်ပုံ-CJ)

ထူးအောင်/People’s Spring

REMALမုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဝင်ပြီး အား​​လျော့ သွားသော်လည်း မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ မိုးသီးထန်စွာရွာသွန်းနေသောကြောင့် ​ဒေသအချို့တွင် ရေကြီးမှု နှင့်မြေပြုမှု ဘေးကြုံတွေ့နေရသည်။

ဆိုင်ကလုန်း REMALသည် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားသို့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် မေလ(၂၆)ရက်နေ့ညပိုင်း တွင် ဖြတ်ကျော်ဝင်ရောက်သွားခြင်းဖြစ်သည်။ သို့သော် ကုန်းတွင်းမုန်တိုင်းအဖြစ်ဆက်လက်တိုက်ခိုက်နေစဉ် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ မေလ ၂၆ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းနေသည်။

ကချင်ပြည်နယ်ချီဘွေမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းမှုကြောင့် နေအိမ်အချို့ ပျက်စီးမှုရှိခဲ့သည်။ ဒေသခံအချို့ကိုလည်း ဘေးလွတ်ရာသို့ပို့ဆောင်ထားရကြောင်းသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

(ချီ‌ ဘွေမြို့နယ်၌ ရေကြီးနစ်မြုပ်နေ၍ ဒေသခံများ ဘေးလွတ်ရာ တိမ်း‌​ရှောင်နေစဉ်/ ခန္တီးမြို့ပေါ်နေရာအချို့ ရေတက်​နေစဥ်။ ဓါတ်ပုံ-CJ)
(ချီ‌ ဘွေမြို့နယ်၌ ရေကြီးနစ်မြုပ်နေ၍ ဒေသခံများ ဘေးလွတ်ရာ တိမ်း‌​ရှောင်နေစဉ်/ ခန္တီးမြို့ပေါ်နေရာအချို့ ရေတက်​နေစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်းမြို့နယ်တို့၌ ချင်းတွင်းမြစ်ရေမြင့်တက်ပြီး မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံများကပြောသည်။

“ချင်းတွင်းရေက ကြည့်နေရင်း တက်လာတာ။ မိုးကဆက်ရွာနေတုန်းပါပဲ။ ရေဘေးရှောင်ရတဲ့အဆင့်အထိတော့မရောက်သေးဘူး”ဟု ခန္တီး မြို့ခံတဦးကပြောသည်။

ရှမ်းပြည်နယ်တွင်လည်း ​ဒေသအချို့တွင် မိုးသည်းထန်စွာဆက်တိုက်ရွာသွန်း​နေ​ကြောင်း ​​ဒေသခံအချို့က​ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်တို့မှာလည်း ရုတ်တရက်ရေတိုးလာကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီမြစ်သည် မြစ်ကြီးနားမြို့တွင် မေလ ၂၆ရက်မှ မေလ ၂၈ရက်အတွင်း ၁၃ပေခန့်အထိမြင့်တက်ခဲ့ပြီး ချင်းတွင်းမြစ်ရေသည် ၂ ရက်အတွင်း ပေ၃၀ ခန့်အထိ မြင့်တက်လာသည်ဟု ဒေသခံများကပြောသည်။

REMALမုန်တိုင်းအရှိန်‌ ကြောင့် မြန်မာနိုင်ငံတွင် မုတ်သုန်လေဆက်လက်အားကောင်းနေသောကြောင့် မေလကုန်အထိ ဒေသအများစု၌မိုးကောင်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေဝန်ကြီးဌာန(MOHADM)ကသတိ ပေးထားသည်။

မေလ ၂၇ ရက်မှ ‌ဇွန်လ ၂ရက်အတွင်း ဒေသအများစုမိုးကောင်း‌နိုင်ပြီး မွန်၊ကရင်၊ရခိုင်၊ချင်းပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းတို့တွင် မိုးကြီးနိုင်ပြီး ရေဘေးနှင့် မြေပြိုမှုဘေးအထူး သတိပြုရန် MOHADMကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။