Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီးထိန်းသိမ်းရေးကျောင်းအချို့တွင် နိုင်ကျဥ်းအမျိုးသမီးငယ်များအပါအဝင် ဖမ်းဆီးခံထားရသူများ လိင်ပိုင်းဆိုင်ရာဖိနှိပ်မှုများရှိဟုဆို

စစ်ကောင်စီသည် အသက်မပြည့်သေးသည့် ကလေးလူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးပြီးနောက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံကလေးလူငယ်အကျဉ်းထောင်များကို ပို့ဆောင်၍ မတရားဖမ်းဆီးထိန်းသိမ်းထားသည်။

(လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းတခုသို့ ရောက်ရှိနေသော စစ်ကောင်စီ၏ (ယခင်)လှုမှုရေးဝန်ကြီး သက်သက်ခိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)
(လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းတခုသို့ ရောက်ရှိနေသော စစ်ကောင်စီ၏ (ယခင်)လှုမှုရေးဝန်ကြီး သက်သက်ခိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)

ဇေအောင်/People’s Spring

စစ်ကောင်စီ၏ အမျိုးသမီးထိန်းသိမ်းရေးကျောင်းအချို့တွင် နိုင်ငံရေးအကျဥ်းသား အမျိုးသမီးငယ်များအပါအဝင် ဖမ်းဆီးခံထားရသူများအား လိင်ပိုင်းဆိုင်ရာဖိနှိပ်မှုများရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် အသက်မပြည့်သေးသည့် ကလေးလူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးပြီးနောက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံကလေးလူငယ်အကျဉ်းထောင်များကို ပို့ဆောင်၍ မတရားဖမ်းဆီးထိန်းသိမ်းထားသည်။

ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းသည် အသက်မပြည့်သေးသည့် နိုင်ကျဉ်းအမျိုးသမီးငယ်များအပါအဝင် အခြားအမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု ၊လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ခံစားနေရကြောင်း၊ လက်ရှိထုတ်ပြန်ချိန်အထိ အမျိုးသမီးငယ်များထားရာ အခန်းများ ရေချိုးခန်းများနှင့် အိမ်သာများအား စောင့်ကြည့်သည့် CCTV များတပ်ဆင်ထားကြောင်း မေလ ၃၀ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အမျိုးသမီးငယ်များ ရေချိုးချိန်နှင့် အိမ်သာသွားချိန်များတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားနေရကြောင်း PPNM က ပြောသည်။

အချို့အကျဉ်းသူများကို အပြစ်ပေးအရေးယူရာတွင် ဝတ်ဆင်ထားသည့် အဝတ်အစားများကိုအကုန် ချွတ်ခိုင်း၍ အပြစ်ပေးသည်အထိ လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့ကြောင်း PPNM က ဆိုသည်။

အလားတူ ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းတွင်လည်း အမျိုးသမီးလစဉ်သုံးပစ္စည်းလုံလောက်စွာ ထောက်ပံ့ပေးခြင်းမရှိ၍ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုများနှင့် အဆိုပါရက်များကို ဖြတ်သန်းနေရကြောင်း သိရသည်။

ထို့အပြင် စခန်းတွင်း ပြင်ပအမျိုးသားများ ဝင်ရောက်လာတတ်၍ စိတ်မလုံခြုံမှုများ ရင်ဆိုင်နေရကြောင်း သိရသည်။

“အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်နဲ့ အမျိုးသားငယ်တွေဟာ လက်ရှိမှာ မိသားစုတွေနဲ့ဝေးတဲ့ လူငယ်ထိန်းသိမ်းရေးကျောင်းအမည်ခံ

ကလေးသူငယ်ထောင်တွေမှာ နေထိုင်နေကြရတယ်။ တကယ်တော့ အကျဥ်းချခံထားရတာဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှု၊ ထင်မြင်ယူဆချက်တွေကို နိုင်ငံရေးအမြင်မတူမှုအပေါ်မှာ အခြေခံပြီး ဒီကလေးငယ်တွေဟာ အကျဥ်းထောင်များနည်းတူ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အလားတူ ရန်ကုန် ဗဟန်းနှင့် မန္တလေး ပုသိမ်ကြီးမြို့နယ်တို့ရှိ အမျိုးသမီးထိန်းသိမ်းရေးကျောင်းများတွင်လည်း ပါဆယ်မပို့နိုင်ခြင်း၊စခန်းတွင်း စားသောက်ရေးအဆင်မပြေမှုနှင့် ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း PPNM က ထပ်မံအသိပေးသည်။

စစ်ကောင်စီသည် အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များကို ရန်ကုန်တွင် သံလျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စန်း လူငယ်သင်တန်းကျောင်း နှင့် မန္တလေးလူငယ်သင်တန်းကျောင်းတို့တွင် အဓိကဖမ်းဆီးထားသည်။

အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကိုမူ ရန်ကုန်တွင် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း၊ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေးတွင် ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းတို့တွင် ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။