Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီးထိန်းသိမ်းရေးကျောင်းအချို့တွင် နိုင်ကျဥ်းအမျိုးသမီးငယ်များအပါအဝင် ဖမ်းဆီးခံထားရသူများ လိင်ပိုင်းဆိုင်ရာဖိနှိပ်မှုများရှိဟုဆို

စစ်ကောင်စီသည် အသက်မပြည့်သေးသည့် ကလေးလူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးပြီးနောက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံကလေးလူငယ်အကျဉ်းထောင်များကို ပို့ဆောင်၍ မတရားဖမ်းဆီးထိန်းသိမ်းထားသည်။

(လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းတခုသို့ ရောက်ရှိနေသော စစ်ကောင်စီ၏ (ယခင်)လှုမှုရေးဝန်ကြီး သက်သက်ခိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)
(လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းတခုသို့ ရောက်ရှိနေသော စစ်ကောင်စီ၏ (ယခင်)လှုမှုရေးဝန်ကြီး သက်သက်ခိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)

ဇေအောင်/People’s Spring

စစ်ကောင်စီ၏ အမျိုးသမီးထိန်းသိမ်းရေးကျောင်းအချို့တွင် နိုင်ငံရေးအကျဥ်းသား အမျိုးသမီးငယ်များအပါအဝင် ဖမ်းဆီးခံထားရသူများအား လိင်ပိုင်းဆိုင်ရာဖိနှိပ်မှုများရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် အသက်မပြည့်သေးသည့် ကလေးလူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးပြီးနောက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံကလေးလူငယ်အကျဉ်းထောင်များကို ပို့ဆောင်၍ မတရားဖမ်းဆီးထိန်းသိမ်းထားသည်။

ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းသည် အသက်မပြည့်သေးသည့် နိုင်ကျဉ်းအမျိုးသမီးငယ်များအပါအဝင် အခြားအမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု ၊လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ခံစားနေရကြောင်း၊ လက်ရှိထုတ်ပြန်ချိန်အထိ အမျိုးသမီးငယ်များထားရာ အခန်းများ ရေချိုးခန်းများနှင့် အိမ်သာများအား စောင့်ကြည့်သည့် CCTV များတပ်ဆင်ထားကြောင်း မေလ ၃၀ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အမျိုးသမီးငယ်များ ရေချိုးချိန်နှင့် အိမ်သာသွားချိန်များတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားနေရကြောင်း PPNM က ပြောသည်။

အချို့အကျဉ်းသူများကို အပြစ်ပေးအရေးယူရာတွင် ဝတ်ဆင်ထားသည့် အဝတ်အစားများကိုအကုန် ချွတ်ခိုင်း၍ အပြစ်ပေးသည်အထိ လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့ကြောင်း PPNM က ဆိုသည်။

အလားတူ ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းတွင်လည်း အမျိုးသမီးလစဉ်သုံးပစ္စည်းလုံလောက်စွာ ထောက်ပံ့ပေးခြင်းမရှိ၍ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုများနှင့် အဆိုပါရက်များကို ဖြတ်သန်းနေရကြောင်း သိရသည်။

ထို့အပြင် စခန်းတွင်း ပြင်ပအမျိုးသားများ ဝင်ရောက်လာတတ်၍ စိတ်မလုံခြုံမှုများ ရင်ဆိုင်နေရကြောင်း သိရသည်။

“အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်နဲ့ အမျိုးသားငယ်တွေဟာ လက်ရှိမှာ မိသားစုတွေနဲ့ဝေးတဲ့ လူငယ်ထိန်းသိမ်းရေးကျောင်းအမည်ခံ

ကလေးသူငယ်ထောင်တွေမှာ နေထိုင်နေကြရတယ်။ တကယ်တော့ အကျဥ်းချခံထားရတာဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှု၊ ထင်မြင်ယူဆချက်တွေကို နိုင်ငံရေးအမြင်မတူမှုအပေါ်မှာ အခြေခံပြီး ဒီကလေးငယ်တွေဟာ အကျဥ်းထောင်များနည်းတူ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အလားတူ ရန်ကုန် ဗဟန်းနှင့် မန္တလေး ပုသိမ်ကြီးမြို့နယ်တို့ရှိ အမျိုးသမီးထိန်းသိမ်းရေးကျောင်းများတွင်လည်း ပါဆယ်မပို့နိုင်ခြင်း၊စခန်းတွင်း စားသောက်ရေးအဆင်မပြေမှုနှင့် ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း PPNM က ထပ်မံအသိပေးသည်။

စစ်ကောင်စီသည် အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များကို ရန်ကုန်တွင် သံလျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စန်း လူငယ်သင်တန်းကျောင်း နှင့် မန္တလေးလူငယ်သင်တန်းကျောင်းတို့တွင် အဓိကဖမ်းဆီးထားသည်။

အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကိုမူ ရန်ကုန်တွင် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း၊ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေးတွင် ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းတို့တွင် ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။