Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တိုက်ပွဲစစ်​ကောင်စီတပ် ၁၃ ဦး​​သေ ၊ ၄ ဦး အရှင်ဖမ်းမိ

မြင်းခြံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်​ကြောင်းကို တန်ပြန်တိုက်ခိုက်ခဲ့ခြင်းရာတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(မလှိုင်ပကဖ နှင့်ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-မလှိုင် ပကဖ)
(မလှိုင်ပကဖ နှင့်ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-မလှိုင် ပကဖ)

ရဲခေါင်/People’s Spring

မြင်းခြံမြို့နယ်အတွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကြောင်း မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့( မလှိုင် ပကဖ )နှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

မြင်းခြံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်​ကြောင်းကို တန်ပြန်တိုက်ခိုက်ခဲ့ခြင်းရာတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

အဆိုပါစစ်​ကြောင်းမှ သေဆုံး၊ဖမ်းမိခဲ့သည့် စစ်​ကောင်စီတပ်သား များ ပါဝင်သော ရုပ်သံဖိုင်မှတ်တမ်းမှာလည်း လူမှုကွန်ရက်စာမျက်နှာအချို့တွင် ပျံ့နှံ့လျက်ရှိသည်။ စစ်​ကောင်

Public Service Announcement

Public Service Announcement

စီတပ်သား အ​လောင်း ၁၃ ​လောင်းကို ကား​ပေါ်တွင်တင်ထားသည်ကို​တွေ့ရပြီး စစ်သားအ​လောင်းများကို ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကဆွဲလာခြင်း ၊စစ်သားအချို့ကို ဖမ်းလာသည်ကိုလည်း ရုပ်သံမှတ်တမ်း၌ ​တွေ့ရသည်။ရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/44852 တွင်ကြည့်ရှုနိုင်ပါသည်။

“ဒီလ(ဇွန်လ) ၄ ရက်နေ့က တိုက်ပွဲပေါ့။နေရာအသေးစိတ်တော့ လုံခြုံရေးအခြေအနေအရ မပြောနိုင်သေးဘူး။မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု မလှိုင် ပ.က.ဖ နှင့် နီးစပ်သူကရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီက နွားထိုးကြီး နှင့် မြင်းခြံမြို့နယ်တို့တွင် စစ်ကြောင်းများထိုးလျှက်ရှိပြီး တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်​ကြောင်း ​ဒေသခံခံသတင်းရင်းမြစ်အချို့က ​ပြောသည်။

“စစ်ကြောင်းထိုးပြီးတိုက်ပွဲတွေဆက်ဖြစ်နေဆဲမို့လို့ ဘာမှပြန်မဖြေပေးနိုင်တာကို နားလည်ပေးနိုင်လိမ့်မယ် လို့မျှော်လင့်ပါတယ်”ဟု မြင်းခြံမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

အင်အား ၂၀၀ ကျော်ပါ​သောစစ်​ကောင်စီတပ်စစ်​ကြောင်းတစ်​ကြောင်းသည် မေလ ဒုတိယပတ်ကစ၍မြင်းခြံမြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်နေ၍ ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်ခြင်း ၊ ပြည်သူ့ပစ္စည်းများလုယက်ခြင်း၊မီးရှို့ဖျက်ဆီးခြင်းစ​သဖြင့် နည်းမျိုးစုံဖြင့်အကြမ်းဖက်​နေကြောင်း ဒေသခံအချို့က​ပြောသည်။ စစ်​ကောင်စီတပ်စစ်​ကြောင်းကို ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များကလည်း​ပြောက်ကျားနည်းဖြင့်တိုက်လိုက်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။