Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးနှင့် မုန်းတွင် စစ်ကောင်စီက အရပ်သားများပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်၊ သေဆုံးထိခိုက်မှုရှိ

KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင် ) လယ်ဒို မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ဇွန်လ ၁၁ရက် နေ့လယ်ပိုင်းတွင် ဟင်္သာဝဲအုပ်စု ဟင်္သာဝဲကျေးရွာအတွင်းကျရောက် ပေါက်ကွဲကာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

(အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

သက်ဝေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများအတွင်းရှိ ပြည်သူလူထုများ နေထိုင်ရာသို့ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ဇွန်လအတွင်း လယ်ဒို(ကျောက်ကြီး)နှင့် မုန်း(မူး) မြို့နယ်တို့၌ အရပ်သားထိခိုက်မှုများ ဆက်လက်ရှိခဲ့သည်ဟု KNUဗဟိုက အသိပေးထားသည်။

KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင် ) လယ်ဒို မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ဇွန်လ ၁၁ရက် နေ့လယ်ပိုင်းတွင် ဟင်္သာဝဲအုပ်စု ဟင်္သာဝဲကျေးရွာအတွင်းကျရောက် ပေါက်ကွဲကာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။

ဇွန်လ ၉ရက်နှင့် ၈ရက်ကလည်း ဒေသတွင်း ကျေးရွာများကို ပစ်မှတ်ထားသည့် လက်နက်ကြီး ပစ်ခတ်မှုများ စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဇွန်လ ၄ရက် ညပိုင်းက ပိန်းဇလုပ် အခြေစိုက် ခလရ(၂၆၄)တပ်ရင်းမှ ၁၂၀မမ လက်နက်ကြီး (၁၀)လုံးနှင့် ၁၅၅ မမ ဟောင် ဝစ်ဇာလက်နက်ကြီး တစ်လုံး စုစုပေါင်း (၁၁)လုံးပစ်ခတ်ခဲ့ရာ ကောက်မယ်သူကျေးရွာနှင့် ဝမ်ချဲ ကျေးရွာအကြား၊ ယောက်သွားကုန်းကျေးရွာ နှင့်ရေတွင်းကုန်းကျေးရွာအကြား၊ နွားရေကျောင်းကျေးရွာ နှင့်ကြိတ်ကွင်းကျေးရွာအကြား နှင့် ဘုရားကြီး ကျေးရွားအရှေ့ပိုင်းတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

ဇွန်လ ၅ရက်နှင့် ၇ရက်တွင်လည်း စစ်ကောင်စီ တပ်က ဒေသတွင်း ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မူးမြို့နယ်တွင်လည်း ဇွန်လ ၄ရက်က စစ် ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ကြိတ်ခါးကုန်းရွာရှိ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်။ ဇွန်လ ၆ရက်တွင် နတ်သံကွင်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်၍ ထွနီကုန်းကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ကလေးငယ်နှင့် အမျိုးသမီး အပါအဝင်လေးဦး ဒဏ်ရာရခဲ့သည်။

ဇွန်လ ၉ရက်က စစ်ကောင်စီတပ် ခမရ(၃၀၇)က လက်နက်ကြီးဖြင့်ပစ်ခတ်၍ မုန်းမြို့နယ် သရက်တိုက်ကျေးရွာမှ အသက်(၈၅)နှစ်အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည်ဟု KNUက အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီတပ် ထောင်သည့်မိုင်းကြောင့် အရပ်သား ထိခိုက်မှုအချို့လည်း ရှိခဲ့သည်။

ဇွန်လ ၈ရက်တွင် မုန်းမြို့နယ် သူဌေးကုန်း ကျေးရွာခံတစ်ဦး ခြံဝန်းအတွင်းအမှိုက်ရှင်းလင်းရာ မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ယင်းနေ့၌ပင် တုံးတံတားကျေးရွာခံ တစ်ဦး လယ်ထွန်သွားချိန် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကြောင့် ၎င်း၏ လယ်ထွန်စက် ပျက်စီးခဲ့ရသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။