Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမအစပ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်

လက်ရှိအခြေအနေတွင် ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း စုံစမ်းသိရသည်။

(တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၂)မှ ရဲဘော်သစ်များအား သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - Phoenix DF)
(တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၂)မှ ရဲဘော်သစ်များအား သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - Phoenix DF)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ ၁၂ရက် နံနက် ၇နာရီခွဲခန့်က ကြို့ပင်ကောက်နယ်၊ ပဲခူးရိုးမအစပ်ရှိ ဝိုင်းရွာကျေးရွာ ကိုင်းချိုကြီးအနီးသို့ အင်အား ၇၀ခန့်ဖြင့်လာသော စစ်ကောင်စီတပ်နှင့် တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ(၁) တို့ကြား ၄၅မိနစ်ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

“စကစ ဘက်ကထိခိုက်သေဆုံးမှု ရှိနိုင်ပါတယ်။ စကစ အင်အား နောက်ထပ်အင်အားထပ်ဖြည့်ပြီး ကမ်းနီဆည်ဘောင်မှာ တပ်စွဲနေတယ်။ စကစအင်အား ၁၀၀ကျော်မယ်”ဟု တိုက်ပွဲအပြီး ယမန်နေ့အခြေအနေကို တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ၄၅မိနစ်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးနှင့် ထိခိုက်ဒဏ်ရာရမှုများရှိနိုင်သော်လည်း အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ယနေ့(ဇွန်လ ၁၃ ရက်)နံနက် ၆ နာရီ ၁၅မိနစ်ခန့်တွင် အဆိုပါစစ်ကောင်စီတပ်စစ် ကြောင်းနှင့် နောက်ထပ်ထိတွေ့မှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များ၏ ရှေ့တန်းကင်းစခန်းအချို့မှ ဆုတ်ခွာပေးခဲ့ရပြီး မီးရှို့ဖျက်ဆီးခံရမှုလည်းရှိကြောင်း တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၁)ထံမှ သိရသည်။

“အခြေနေကတော့ ကင်းစခန်းတချို့ စကစတွေမီးရှို့ဖျက်စီးနေတယ်။ တော်လှန်ရေးရဲ ဘော်များ နောက်ဆုတ်ခွာပေးထားရတယ်။ မနက်ကတိုက်ပွဲမှာ ရဲဘော် သုံးယောက်ဒဏ်ရာရထားတယ်”ဟု ယနေ့နံနက် တိုက်ပွဲအခြေ အနေကို တပ်ခွဲ(၁)မှ တာဝန်ရှိသူက ပြောသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတွင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၂)မှ ထွက်ပြေးသွားသည့် ယခင် ရဲဘော်ဟောင်းနှစ်ဦး လမ်းပြအဖြစ်လိုက်ပါလာသည်ကိုတွေ့ရပြီး ၎င်းတို့မှာ ရဲဘော်လိုင်းယွန်းနှင့် အသေးလေးဆိုသူတို့ဖြစ်ကြောင်း တပ်ခွဲ(၁)မှ တာဝန်ရှိသူက ဆက်ပြောသည်။

“စကစဘက် အမှောင်၀င်သွားတဲ့ ၃၈၀၁၊ တပ် ခွဲ(၂)က ရဲဘော်လိုင်းယွန်းနဲ့ အသေးလေး ၎င်းနှစ်ယောက်လည်း ပါလာတယ်။ (တပ်ရင်းကထွက်ပြေးတာ)ရက်ပိုင်းလောက်ပဲ ရှိသေးတယ်”ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါတော်လှန်ရေးရဲဘော်နှစ် စစ်ကောင်စီတပ်ထံ ထွက်ပြေးသွားစဥ် ၎င်းတို့နှင့်အတူ လက်နက်များပါသွားခြင်းမရှိသော်လည်း လက်ပစ်ဗုံးနှစ်လုံးပါသွားကြောင်း တပ်ရင်း(၃၈၀၁) ထံမှ သိရသည်။

“​ခုလိုအချိန်အခုလိုအခါမျိုးမှာတောင် အဖြူအမဲ သဲသဲကွဲကွဲမြင်အောင် မကြည့်တတ်ဘဲ စကစနဲ့ပေါင်းသွားတဲ့သူတွေကတော့ တနေ့နောင်တရပါပြီဆိုတဲ့အသံမကြားပါရစေနဲ့လို့ ပြောချင်တယ်။ အရေးတော်ပုံအောင်ဖို့ လက်တကမ်းအလိုပဲရှိတော့တာပါ”ဟု တော်လှန်ရေးရဲဘော်အဖြစ်မှ စစ်ကောင်စီထံပူးပေါင်းသွားသူနှစ်ဦးနှင့် ပတ်သက်ပြီး တပ်ခွဲ(၁)မှ တာဝန်ရှိသူက မှတ်ချက်ပေးသည်။

လက်ရှိအခြေအနေတွင် ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။