Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပန်းသပိတ် ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများတိုက်တွန်း

ပန်းသပိတ်ကို ဆင်နွှဲဖို့ဆိုပေမယ့် ကိုယ့်ရဲ့ လုံခြုံရေးက အဓိကပါ။ ဘုရားပန်းကပ်တာမျိုး၊ ပန်းအိုးထိုးတာမျိုးနဲ့လည်းပန်းသပိတ်ကို ပါဝင်ဆင်နွှဲနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပန်းသပိတ် ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများတိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပန်းသပိတ် ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများတိုက်တွန်း

“ဇွန် (၁၉)ပန်းသပိတ် လူထုလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ တက်စုံဖွင့် ရွက်ကုန်လွှင့် ဖော်ဆောင်ကြမယ်ဗျာ။ ဟေ့ စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ ဆိုတာကို ဒီပြည်လုံးကျွတ် ပန်းသပိတ် လူထုလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြမယ်” – ဒေါက်တာ​တေဇာစန်း

သုည/People’s Spring

လာမည့် ဇွန်လ ၁၉ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့်မွေးနေ့တွင် ပြည်လုံးကျွတ်ပန်းသပိတ် ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ (ဇွန်လ ၁၃) တိုက်တွန်းထားသည်။

“မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို ငုံ့မခံဘဲ တုန့်ပြန် ခဲ့ကြတာပဲဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သံမဏိနှင်းဆီလို့ ကမ္ဘာကဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။ ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ ပန်းသပိတ်လှုပ်ရှားမှုကြီးကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်”ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တိုက်တွန်းထားသည်။

အဆိုပါပန်းသပိတ်တွင် ပြည်သူများအနေဖြင့် နှင်းဆီနီများအပါအဝင် အဆင်သင့်ရာပန်းများကို ဘုရားပန်းတင်ခြင်း၊ ပန်ဆင်ခြင်း၊ အလှပန်းအိုးထိုး​​​​ခြင်း၊ အပြန်အလှန် ပန်းလက်ဆောင်ပေး၍ အွန်လိုင်းပေါ်တင်ခြင်း၊ မြေပြင်တွင်လည်း ပန်းသပိတ်လှုပ်ရှားမှုကို သတိဖြင့် ဖော်ဆောင်ခြင်းတို့ လုပ်ဆောင်နိုင်ကြောင်း တော်လှန်ရေးအင်အားစုတို့က အသိပေးဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ပန်းသပိတ်ကို ဆင်နွှဲဖို့ဆိုပေမယ့် ကိုယ့်ရဲ့ လုံခြုံရေးက အဓိကပါ။ ဘုရားပန်းကပ်တာမျိုး၊ ပန်းအိုးထိုးတာမျိုးနဲ့လည်းပန်းသပိတ်ကို ပါဝင်ဆင်နွှဲနိုင်ပါတယ်။ ပန်းပန်မယ်ဆိုလည်း နှင်းဆီနီမှ မဟုတ်ပါဘူး။ ဘယ်ပန်းနဲ့မဆို ရပါတယ်။ အရေးကြီးတာက အန္တရာယ်ကင်းဖို့ပါပဲ။ အချိန်၊ နာရီနဲ့ ပန်းအမျိုးအစား ကန့်သတ်ထားတာ မရှိလို့ ဥာဏ်နဲ့ဆင်ခြင်ပြီး ပုံစံမျိုးစုံနဲ့ ပန်းသပိတ်ကို ပါဝင်ဆင်နွှဲကြဖို့တိုက်တွန်းလိုပါတယ်”ဟု ရန်ကုန်သပိတ်အင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ မြန်မာပြည်အနေဖြင့် ကောင်းမွန်စရာမရှိနိုင်ကြောင်းနှင့် ပြည်သူများအနေဖြင့် သံမဏိစိတ်ဓာတ်၊ ဘာမထီစိတ်ဓာတ်ကို အမြင့်မားဆုံးလွှင့်ထူပြီး တော်လှန်တိုက်ပွဲကို အရှိန်တိုးမြှင့်ကြရန် လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းကလည်း တိုက်တွန်းခဲ့သည်။

“ဇွန် (၁၉)ပန်းသပိတ် လူထုလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ တက်စုံဖွင့် ရွက်ကုန်လွှင့် ဖော်ဆောင်ကြမယ်ဗျာ။ ဟေ့ စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ ဆိုတာကို ဒီပြည်လုံးကျွတ် ပန်းသပိတ် လူထုလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြမယ်” ဟု ဒေါက်တာတေဇာစန်းက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။