Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီဒီယိုခေါ်ဆိုမှုမှ တွေ့ဆုံခွင့်ရရန် အာဏာသိမ်းခေါင်းဆောင်ထံ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းတောင်းဆို

ဟွန်ဆန်က မည်သည့်အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် ခွင့်တောင်းသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

(ဟွန်ဆန်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်တို့ ​မေ ၇ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံစဥ်။ဓါတ်ပုံ-ဟွန်ဆန်​ဖေစ်ဘွခ်)
(ဟွန်ဆန်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်တို့ ​မေ ၇ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံစဥ်။ဓါတ်ပုံ-ဟွန်ဆန်​ဖေစ်ဘွခ်)

လီလီယန်/People’s Spring

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်သည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီဒီယိုခေါ်ဆိုမှုမှတဆင့် တွေ့ဆုံစကားပြောခွင့်ရရန် အာဏာသိမ်းစစ်ခေါင်းဆောင်ကို တောင်းဆိုလိုက်သည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နှင့် ဟွန်ဆန်တို့သည် ယနေ့(မေလ ၇ ရက်)တွင် ဗီဒီယိုခေါ်ဆိုမှုမှတဆင့် တွေ့ဆုံစဥ် ယင်းသို့တောင်းဆိုခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်က စဥ်းစားပေးမည်ဟု ဟွန်ဆန်က ၎င်း၏​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

(ဟွန်ဆန်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်တို့ ​မေ ၇ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံစဥ်။ဓါတ်ပုံ-ဟွန်ဆန်​ဖေစ်ဘွခ်)
(ဟွန်ဆန်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်တို့ ​မေ ၇ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံစဥ်။ဓါတ်ပုံ-ဟွန်ဆန်​ဖေစ်ဘွခ်)

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က အာဏာသိမ်း​ခေါင်း​ဆောင်နှင့် ​မေ ၇ ရက်တွင်ဗီဒီယိုခေါ်ဆိုမှု တွေ့ဆုံခဲ့မှုမှတ်တမ်းဓာတ်ပုံများကို သူ၏ဖေ့စ်ဘွခ်တ်လူမှုကွန်ရက်တွင်ဖော််ပြအသိပေးခဲ့ပြီး ကမ္ဘောဒီးယားက အထူးသံတမန်ကို စေလွှတ်လိမ့်မည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင်အဖြစ် ဆယ်စုနှစ်လေးခုနီးပါးအုပ်ချုပ်ခဲ့​သော အာဏာရှင် ဟွန်ဆန်သည် ၎င်း၏

(ဟွန်ဆန်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်တို့ ​မေ ၇ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံစဥ်။ဓါတ်ပုံ-ဟွန်ဆန်​ဖေစ်ဘွခ်)
(ဟွန်ဆန်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်တို့ ​မေ ၇ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံစဥ်။ဓါတ်ပုံ-ဟွန်ဆန်​ဖေစ်ဘွခ်)

သားဖြစ်သူကို ဝန်ကြီးချုပ်ခန့်အပ်ကာ လက်ရှိတွင် ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ယူနေသည်။ သို့သော် စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာသော ပဋိပက္ခကြားဝင်စေ့စပ်ရေးအတွက် ဟွန်ဆန်က တရားဝင်ရာထူးယူထားခြင်းမရှိပေ။

(ဟွန်ဆန်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်တို့ ​မေ ၇ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံစဥ်။ဓါတ်ပုံ-ဟွန်ဆန်​ဖေစ်ဘွခ်)
(ဟွန်ဆန်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်တို့ ​မေ ၇ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံစဥ်။ဓါတ်ပုံ-ဟွန်ဆန်​ဖေစ်ဘွခ်)

ထိုအခြေအနေတွင် ဟွန်ဆန်က မည်သည့်အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် ခွင့်တောင်းသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ဟွန်ဆန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူချိန် ၂၀၂၂ ဇန်နဝါရီတွင် နေပြည်တော်သို့ လာရောက်ကာ စစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့သော်လည်း နေပြည်တော်၌ စစ်အုပ်စု၏ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်မပြုခဲ့ပေ။

ကိုးကား – ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”