Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုအကျဥ်းထောင်မှ နိုင်ကျဥ်း ၇၀ ကျော်ကို မကွေးနှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့

အိုးဘိုအကျဥ်းထောင်၌ ထောင်ပိုင်အပါအဝင် ဝန်ထမ်းအချို့ နေရာပြောင်းခြင်း၊ အလုပ်ထုတ်ခြင်းများ ပြုလုပ်ပြီးနောက် နိုင်ကျဥ်းများကိုပါ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း PPNM က အသိပေးသည်။

(အိုးဘိုအကျဥ်းထောင်အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(အိုးဘိုအကျဥ်းထောင်အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ဇေအောင်/People’s Spring

မန္တလေးအိုးဘိုအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၇၀ ကျော်အား မြင်းခြံနှင့် မကွေးအကျဥ်းထောင်များသို့ ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ဇွန်လ ၁၅ရက် နံနက်၂နာရီခန့်က နိုင်ငံရေးအကျဉ်းသား၇၀ကျော်နှင့် မူးယစ်မှုဖြင့်ကျနေသော ၃ ဦးခန့်ကို နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်၍ မကွေးနှင့် မြင်းခြံအကျဉ်းထောင်များသို့ ထောင်ပြောင်းပို့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“နိုင်ငံရေးအကျဥ်းသူ အမျိုးသမီးတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အိုးဘိုအကျဥ်းထောင်၌ ထောင်ပိုင်အပါအဝင် ဝန်ထမ်းအချို့ နေရာပြောင်းခြင်း၊ အလုပ်ထုတ်ခြင်းများ ပြုလုပ်ပြီးနောက် နိုင်ကျဥ်းများကိုပါ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း PPNM က အသိပေးသည်။

“ပြီးခဲ့တဲ့အပတ်က ထောင်ပိုင်အောင်မျိုးချွန် ရာထူးအပြောင်းအလဲများ နေရာပြောင်းရွှေ့တာတွေလုပ်တယ်။ အကျဥ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရေလုံလောက်စွာမပေးမှုတွေ နေရာထိုင်ခင်းလုံလောက်စွာမပေးဘဲ လာဘ်စားမှုတွေ မူးယစ်ဆေးဝါးမှုတွေဖြစ်ပြီးအပြောင်းအလဲလုပ်တယ်။ ဦးစီးဝန်ထမ်းအချို့ လည်းပြုတ် ရာထူးလျှော့ချခံရတယ်။”ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ယခင်ကလည်း အိုးဘိုအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများအား မြင်းခြံအပါအဝင် အခြားနယ်ဝေးအကျဥ်းထောင်များသို့ ရွှေ့ပြောင်းခဲ့၍ ထောင်ဝင်စာပို့ရန်ပင် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း နိုင်ကျဥ်းလူမှုကူညီရေးလုပ်ကိုင်နေသူများက ပြောသည်။

အလားတူ ယမန်နေ့(ဇွန်လ ၁၅ရက်)ကပင် မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် အကျဥ်းသားတစ်ဦးကိစ္စနှင့်ပတ်သက်၍ ထောင်ပိုင်အား တောင်းဆိုမှုများပြုလုပ်ခဲ့သည်ဆိုကာ နိုင်ငံရေးအကျဥ်း သားများအပါအဝင် အကျဥ်းသား ၁၆၀ ခန့်အားသာယာဝတီနှင့် ဒိုက်ဦးအကျဥ်းထောင်များသို့ ပြောင်းရွှေ့ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။