Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှု အထောက်အပံ့ယူရို ၁၅ သန်း EU ထပ်မံကူညီမည်

၂၀၂၃ ခုနှစ် နှောင်းပိုင်းကစလို့ မြန်မာနိုင်ငံ အနှံ့မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာခြင်းနဲ့အတူ စစ်ရှောင် ဦးရေကလည်း ၃ သန်း ကျော်လွန်လာခဲ့ပါတယ်။

(​နေရပ်မှ ထွက်​ပြေးတိမ်း​ရှောင်ရန်ပြင်ဆင်​နေ​သောစစ်​ဘေး​ရှောင်ပြည်သူအချို့)
(​နေရပ်မှ ထွက်​ပြေးတိမ်း​ရှောင်ရန်ပြင်ဆင်​နေ​သောစစ်​ဘေး​ရှောင်ပြည်သူအချို့)

-People’s Spring

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုမို အရှိန်မြင့်လာတဲ့ အခြေအနေမှာ စစ်ဘေးသင့် ပြည်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပိုမို ထောက်ပံ့ ပေးပို့သွားမယ်လို့ ဥရောပသမဂ္ဂ (EU)က ထုတ်ပြန်ခဲ့ပါတယ်။

အသစ်တိုးမြှင့်ပေးမယ့် ယူရို ၁၅ သန်းဟာ စစ်ရှောင်တွေနဲ့ ရိုဟင်ဂျာတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့သောက်ရေ၊ အရေးပေါ် ကျန်းမာရေး အထောက်အပံ့တွေ ထောက်ပံ့ပေးဖို့၊ အန္တရာယ် ကြီးမားတဲ့ မြေမြှုပ်မိုင်း ခြိမ်းခြောက်မှုတွေကို တုံ့ပြန် ရှင်းလင်းဖို့အတွက် အဓိက ရည်ရွယ် အသုံးပြုသွားမယ်လို့ EUက ကြေညာပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် EUဟာ အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ အရှိန်မြှင့်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ မြန်မာ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပိုမိုပံ့ပိုးခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာ ယူရို ၃၆ သန်းထိ ခွဲတမ်းသတ်မှတ် ကူညီပေးပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

EUရဲ့ အကျပ်အတည်း စီမံခန့်ခွဲမှု ကော်မရှင် အကြီးအကဲ ဂျန်းနက်ဇ် လီနာဆစ်က မြန်မာ့ ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အတိုင်းအတာ ကြီးမားလှတဲ့ အကျပ်အတည်းတွေကို လုံးဝ မျက်ကွယ် မပြုသင့်ကြောင်း အလေးထား သတိပေးခဲ့သလို လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေရာ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအနှံ့က ပဋိပက္ခတွေမှာ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ စည်းမျဉ်းတွေကို အလေးထား လက်ကိုင်ပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းမှုနဲ့ ကြုံပြီးကတည်းက မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှု အကူအညီတွေ အပူတပြင်း လိုအပ်တဲ့ အနေအထားဆီ ဦးတည် ရောက်ရှိလာနေတယ်လို့ EUက ဆိုပါတယ်။ အာဏာမသိမ်းခင်က အဲဒီလို ကူညီထောက်ပံ့မှုမျိုး လိုအပ်တဲ့ပြည်သူ ၁ သန်းဝန်းကျင် ရှိရာက ၂၀၂၄ ခုနှစ်မှာ ၁၈ သန်းလောက်ထိ တိုးပွားလာပါတယ်။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းကစလို့ မြန်မာနိုင်ငံ အနှံ့မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာခြင်းနဲ့အတူ စစ်ရှောင် ဦးရေကလည်း ၃ သန်း ကျော်လွန်လာခဲ့ပါတယ်။

စစ်အင်အား လွန်လွန်ကဲကဲ ပြုန်းတီးလာတဲ့ အာဏာသိမ်း စစ်တပ်ဟာ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့တဲ့နောက် လက်ရှိ စစ်ရေးအခြေအနေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေဟာ စစ်ဒဏ်ရော၊ အဓမ္မ စစ်မှုထမ်းအဖြစ် သွတ်သွင်းမှု ဒဏ်တွေကိုပါ ခံစားနေရတယ်လို့ EUက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ မိုးရာသီမှာ ရခိုင်ပြည်နယ်ဟာ မနှစ်တုန်းက တိုက်ခတ်ခဲ့ပြီး ယူရို ၂ ဘီလီယံဖိုးလောက် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါလို သဘာဝ ဘေးအန္တရာယ်တွေ အချိန်မရွေး ကျရောက်လာနိုင်ခြေ ခြိမ်းခြောက်မှုကိုလည်း အချိန်ပြည့် ရင်ဆိုင်နေရပါတယ်။

EUဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အထောက်အပံ့တွေကို ၁၉၉၄ ခုနှစ် ကတည်းက စတင်ပေးပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အစောပိုင်းက ယူရို ၁၉ သန်းအပြင် ဒေသအလိုက် စစ်ဒဏ်သင့် ပြည်သူတွေအတွက် နောက်ထပ် ယူရို ၂ သန်း ထပ်မံ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

နိုင်ငံတကာ

ဥရောပတိုက်မှာ အပူလှိုင်းဖြတ်တဲ့ဒဏ်ကြောင့် တရုတ်နိုင်ငံဆီက လေအေးပေးစက် (အဲကွန်း)တွေကို မကြုံစဖူး အမြောက်အမြား မှာယူ တင်သွင်းနေရပါတယ်။ ဥရောပ သမဂ္ဂ (EU)ဟာ တရုတ်နဲ့ ကုန်သွယ်မှုမှာ ပို့ကုန်ထက် သွင်းကုန်တန်ဖိုးက အရမ်းများနေတာကို လျှော့ချဖို့ ကြိုးစားနေချိန်မှာပဲ အခုလို အခြေအနေနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ လုပ်ရပ်အတွက် အီရန် အစိုးရကို အရေးယူ ပိတ်ဆို့မှု အသစ်တွေနဲ့ တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပြီ ဖြစ်ပါတယ်။