Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တိုက်ပွဲအတွင်းစစ်ကောင်စီဖမ်းသွားသည့်ပရဟိတသမားသုံးဦး သေဆုံးဟုသတင်းထွက်ပေါ်

မြို့ခံများသည် စစ်ဘေးရှောင်လိုကြသော်လည်း တိုက်ပွဲပြင်းထန်နေသည့်အခြေအနေကြောင့် ပြင်ပသို့မထွက်ရဲကြကြောင်း သတင်းရရှိသည်။

(မိုးကုတ်မြို့ယ​နေမြင်ကွင်း။ဓါတ်ပုံ-CJ)
(မိုးကုတ်မြို့ယ​နေမြင်ကွင်း။ဓါတ်ပုံ-CJ)

▪︎မိုးကုတ်မြို့​ပေါ်တွင် တိုက်ပွဲများပြင်းထန်​နေ

ယောနသံ/People’s Spring

မိုးကုတ်မြို့တွင် ယမန်နေ့(ဇွန် ၂၅ )တိုက်ပွဲပြင်းထန်နေစဉ် ဆေးရုံသို့လူနာသွားပို့​ပေးသည့် လူမှုကူညီ​ရေးအသင်းမှ အဖွဲ့ဝင်သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး ၃ ဦးစလုံးသေဆုံးသွားပြီဟုလည်း သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများကပြောသည်။

ဒေသခံလူနာနှစ်ဦးအား ကားဖြင့် ဆေးရုံသို့သွားရောက်ပို့ဆောင်သည့် လောကဟိတပရဟိတအသင်းမှ အသင်းဝင်အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးကုတ်မြို့ အနောက်ပိုင်းတစ်နေရာ၌ ဖမ်းဆီးခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

“ကျော်တူးဆိုတဲ့သူပါတယ်။ ကျ‌တော့် မိတ်‌ဆွေ။ ကားကို ထားခဲ့ပြီး လူတွေ ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးနေသူသုံးဦးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးကလည်း “ညက လူနာပို့ပြီအပြန် ဦးလေးနဲ့မောင်းဝမ်းကွဲလေးနှစ်ယောက် အဆက်သွယ်လုံးဝမရတောလို့ပါ။ လောကဟိတ ပရဟိတကို လုပ်ဆောင်နေသူတွေပါ။ကျပ်ပြင်ကပါ။ ပရဟိတကားကိုတော့ကသဲအောက်ကျောင်းမှာတွေ့ပြီလူတွေကြတော့အဆက်သွယ်မရပါ။ သူတို့ကအများတွက် ပရဟိတလုပ်နေကြတဲ့သူတွေပါသိသူမြင်သူဆက်သွယ်ပေးကြပါအုံး”ဟု လူမှုကွန်ရက်တွင်​ရေးသားအကူအညီတောင်းထားသည်။

ဖမ်းဆီးခံရသူသုံးဦး ပစ်သတ်ခံရကြောင်းသတင်းများထွက်ပေါ်နေသော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်သေးပေ။

​တော်လှန်​ရေးတပ်ဖွဲ့များ ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုသည် မိုးကုတ်မြို့ပေါ်သို့ရောက်ရှိနေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ​ဒေသခံအချို့က​ပြောသည်။တိုက်ပွဲများမှာ ယ​​နေ့ (ဇွန် ၂၆) မိုးကုတ်မြို့​ပေါ်အထိ​ရောက်လာပြီး တိုက်ပွဲများပြင်းထန်ပနေကြ​သည်ကို ​ဒေသခံအချို့ ရိုက်ကူးထား​​သော ရုပ်သံမှတ်တမ်းအချို့တွင်​တွေ့ရသည်။

ယနေ့ (ဇွန် ၂၆) နံနက်ပိုင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေနေကိုမသိရှိရသေးပေ။

မြို့ခံများသည် စစ်ဘေးရှောင်လိုကြသော်လည်း တိုက်ပွဲပြင်းထန်နေသည့်အခြေအနေကြောင့် ပြင်ပသို့မထွက်ရဲကြကြောင်း သတင်းရရှိသည်။

မိုးကုတ်-မတ္တရာလမ်းတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။