Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ထိုင်းဘဏ်တွေ ပံ့ပိုးနေတယ်ဆိုတဲ့ကိစ္စ စုံစမ်းမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဆို

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက အန်ဒရူးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ Kaohoon သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

(ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ)
(ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ)

People’s Spring

အာဏာသိမ်း စစ်တပ်ရဲ့ လက်နက် ဝယ်ယူမှု အပါအဝင် အထောက်အပံ့ကောင်းတွေ ရရှိအောင် ထိုင်းဘဏ်တွေက ပံ့ပိုးနေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အလေးအနက် စုံစမ်းသွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ အခုသီတင်းပတ် ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းဆီကနေ စစ်ကောင်စီရဲ့ လက်နက် ဝယ်ယူမှုတွေဟာ တစ်နှစ်အတွင်း နှစ်ဆတိုးပြီး ဒေါ်လာ သန်း ၁၂၀ ကျော်လောက်ထိ မြင့်တက်လာကြောင်း၊ အဲဒီ ဝယ်ယူမှုတွေမှာ ငွေကြေးလွှဲပြောင်းမှု ချောမွေ့ အဆင်ပြေစေဖို့ ထိုင်းဘဏ်တချို့က အဓိက ကူညီပေးခဲ့တယ်လို့ စွပ်စွဲ ဖော်ပြထားခဲ့ပါတယ်။

စစ်တပ်ဟာ အဲဒီဝယ်ယူမှုတွေကနေ ရရှိတဲ့ စစ်လက်နက်၊ စစ်အသုံးအဆောင်တွေနဲ့ တခြားပစ္စည်းတွေကို တော်လှန်ရေး အင်အားစုတွေနဲ့ ရင်ဆိုင်စစ်ခင်းတဲ့ နေရာမှာတင် မကဘဲ လူထုအပေါ် ဗိုလ်ကျ အကြမ်းဖက်မှုတွေမှာပါ အသုံးပြုနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက အန်ဒရူးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ Kaohoon သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဟာ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတချို့ဆီက တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေပေမယ့် အနည်းအကျဉ်းသော နိုင်ငံတွေကြောင့် လက်နက်တွေ ဆက်လက် ဝယ်ယူရင်း အသက်ရှူပေါက် ရနေသေးတယ်လို့ အန်ဒရူးစ်က အစီရင်ခံထားပါတယ်။

အရင်တုန်းက စစ်ကောင်စီဟာ Mi-17နဲ့ Mi-35တို့လို စစ်ရဟတ်ယာဉ် အပိုပစ္စည်းတွေ အပါအဝင် အရေးပါတဲ့ စစ်သုံးပစ္စည်း တချို့ကို စင်ကာပူဆီကနေ ဝယ်ယူခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကစပြီး အဲဒီ ကဏ္ဍမှာ ထိုင်းကုမ္ပဏီတွေအပေါ် သိသိသာသာ ပိုမို ပြောင်းလဲ မှီခိုလာနေတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ စင်ကာပူ အစိုးရရဲ့ ဖိဖိစီးစီး အရေးယူမှုတွေကြောင့် စင်ကာပူ ကုမ္ပဏီတွေက စစ်ကောင်စီကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချမှုဟာ တစ်နှစ်အတွင်း ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားကြောင်း သိရပါတယ်။

ကိုးကား: Kaohoon

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။