Connect with us

Hi, what are you looking for?

သတင်း

ရမခ စစ်တိုင်းအတွင်း စစ်ရဟတ်ယာဉ်ပေါ် လူတင်နေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးရှိ

ရမခ အခြေစိုက်ရာ လားရှိုးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့ ဇူလိုင် ၇ရက်ညပိုင်းက စစ်ကောင်စီ၏ ခမရ(၅၀၇) တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်။

(စစ်ရဟတ်ယာဥ် လူတင်​နေစဥ် ဒရုန်းဖြင့် ဗုံးကြဲခံရစဥ် နှင့် ဗုံကြဲခံရပြီး​နောက်ရဟတ်ယာဥ် အမြန်​မောင်းထွက်စဥ်။ဓါတ်ပုံ- ကချင်စစ်​ရေးရင်းမြစ်)
(စစ်ရဟတ်ယာဥ် လူတင်​နေစဥ် ဒရုန်းဖြင့် ဗုံးကြဲခံရစဥ် နှင့် ဗုံကြဲခံရပြီး​နောက်ရဟတ်ယာဥ် အမြန်​မောင်းထွက်စဥ်။ဓါတ်ပုံ- ကချင်စစ်​ရေးရင်းမြစ်)

▪️စစ်ကောင်စီတပ် အရာရှိကတော်များ သယ်ထုတ်စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ဟု စစ်ရေးသတင်းရင်းမြစ်ပြော

▪️ကိုးကန့်တပ် သိမ်းထားသည့် ခမရ(၅၀၇)တပ်ကို စစ်ကောင်စီ ပြန်ထိုးစစ်ဆင်၍ ပြန်လည်ဆုတ်ခွာရ

ဟန်နွေ/People’s Spring

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းလားရှိုး ရမခ စစ်တိုင်းရှိ အရာရှိ ကတော်များနှင့် တပ်မိသားစုဝင်များကို ရဟတ်ယာဉ်ဖြင့် သယ်ထုတ်စဉ် ကိုးကန့်တပ်(MNDAA)က ဒရုန်းဖြင့် ဗုံးကြဲချ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(စစ်ရဟတ်ယာဥ် လူတင်​နေစဥ် ဒရုန်းဖြင့် ဗုံးကြဲခံရစဥ် နှင့် ဗုံကြဲခံရပြီး​နောက်ရဟတ်ယာဥ် အမြန်​မောင်းထွက်စဥ်။ဓါတ်ပုံ- ကချင်စစ်​ရေးရင်းမြစ်)
(စစ်ရဟတ်ယာဥ် လူတင်​နေစဥ် ဒရုန်းဖြင့် ဗုံးကြဲခံရစဥ် နှင့် ဗုံကြဲခံရပြီး​နောက်ရဟတ်ယာဥ် အမြန်​မောင်းထွက်စဥ်။ဓါတ်ပုံ- ကချင်စစ်​ရေးရင်းမြစ်)

အဆိုပါ တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းကိုလည်း သတင်းရင်းမြစ်က ယနေ့ ဇူလိုင် ၈ရက် မွန်းလွဲပိုင်း၌ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

“ရမခ စစ်တိုင်း ရဟတ်ယာဉ်ကို ဒရုန်းတိုက်ခိုက်ခံရတာ ဟုတ်တယ်။ တင်ထားတဲ့အတိုင်းပဲ ။ ဒီမနက်လို့ ပြောတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

(စစ်ရဟတ်ယာဥ် လူတင်​နေစဥ် ဒရုန်းဖြင့် ဗုံးကြဲခံရစဥ် နှင့် ဗုံကြဲခံရပြီး​နောက်ရဟတ်ယာဥ် အမြန်​မောင်းထွက်စဥ်။ဓါတ်ပုံ- ကချင်စစ်​ရေးရင်းမြစ်)
(စစ်ရဟတ်ယာဥ် လူတင်​နေစဥ် ဒရုန်းဖြင့် ဗုံးကြဲခံရစဥ် နှင့် ဗုံကြဲခံရပြီး​နောက်ရဟတ်ယာဥ် အမြန်​မောင်းထွက်စဥ်။ဓါတ်ပုံ- ကချင်စစ်​ရေးရင်းမြစ်)

ရုပ်သံတွင် စစ်ရဟတ်ယာဉ်တစ်စီး မြေပေါ် ဆင်းသက်စဉ် အနီးဝန်းကျင်ရှိ ခန့်မှန်း လူဦးရေ ၃၀ ကျော်က ရဟတ်ယာဉ်ပေါ် တက်ရောက်နေသည်ကို တွေ့ရပြီး ရဟတ်ယာဉ်အနီး အဆိုပါလူများ စုစည်းရောက်ရှိစဉ် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုသို့ ပေါက်ကွဲထိခိုက်သူအချို့ရှိခဲ့ပြီး ထွက်ပြေးသူများကိုလည်းတွေ့ရသည်။ စက်နှိုးထားသည့် စစ်ရဟတ်ယာဉ်သည်လည်း ချက်ချင်းပျံတက်သွားသည်ကိုလည်း တွေ့ရသည်။

ရမခ အခြေစိုက်ရာ လားရှိုးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့ ဇူလိုင် ၇ရက်ညပိုင်းက စစ်ကောင်စီ၏ ခမရ(၅၀၇) တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်။

သို့ရာတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်၍ ယနေ့ ဇူလိုင် ၈ရက်မနက်တွင် MNDAAနှင့် မဟာမိတ်တပ်များ ပြန်လည်ဆုတ်ခွာပေးလိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(စစ်ရဟတ်ယာဥ် လူတင်​နေစဥ် ဒရုန်းဖြင့် ဗုံးကြဲခံရစဥ် နှင့် ဗုံကြဲခံရပြီး​နောက်ရဟတ်ယာဥ် အမြန်​မောင်းထွက်စဥ်။ဓါတ်ပုံ- ကချင်စစ်​ရေးရင်းမြစ်)
(စစ်ရဟတ်ယာဥ် လူတင်​နေစဥ် ဒရုန်းဖြင့် ဗုံးကြဲခံရစဥ် နှင့် ဗုံကြဲခံရပြီး​နောက်ရဟတ်ယာဥ် အမြန်​မောင်းထွက်စဥ်။ဓါတ်ပုံ- ကချင်စစ်​ရေးရင်းမြစ်)

ခမရ(၅၀၇) တပ်ရင်းဌာနချုပ်အား စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ် နိုင်ပြီး အလံ လွှင့်ထူနေသည့် ရုပ်သံမှတ်တမ်းကိုလည်း စစ်ကောင်စီ ဝါဒဖြန့် အကောင့်များက လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်ကိုတွေ့ရသည်။

MNDAAနှင့် မဟာမိတ်တပ်များသည် လားရှိုးမြို့သိမ်းတိုက်ပွဲကို စစ်ကြောင်း ၅ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး မြို့ပေါ်နှင့် မြို့အနီး တဝိုက်တွင် ရင်ဆိုင်တိုက်ပွဲ၊ ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများဖြင့် စစ်ဆင်ရေးစတင်ချိန်မှာ ယနေ့အထိ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။