Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့တွင် တိုက်ပွဲပိုပြင်းထန်၊ မြို့ခံများစစ်ဘေးရှောင်ရန် စစ်ကောင်စီပိတ်ဆို့ထား

လားရှိူးမြို့မှ သီပေါမြို့သို့အထွက်လမ်းနှင့် သိန္နီမြို့ဘက်သို့အထွက်လမ်းများကို စစ်ကောင်စီက နံနက် ၁၁နာရီခန့်မှစတင်၍ပိတ်ဆို့လိုက်ခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။

(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ယောနသံ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရပ်ကွက်များအတွင်း တိုက်ပွဲပြင်းထန်နေပြီး ဘေးလွတ်ရာ တိမ်းရှောင်သည့်ဒေသခံများကို စစ်ကောင်စီက မြို့ဝင်ပေါက်၊ ထွက်ပေါက်နေရာများအားလုံးပိတ်ဆို့ထားပြီး ထွက်ခွာခွင့်မပြုတော့ကြောင်း သတင်းရရှိသည်။

လားရှိူးမြို့မှ သီပေါမြို့သို့အထွက်လမ်းနှင့် သိန္နီမြို့ဘက်သို့အထွက်လမ်းများကို စစ်ကောင်စီက နံနက် ၁၁နာရီခန့်မှစတင်၍ပိတ်ဆို့လိုက်ခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။

” အကုန် ပြန်လှည့်ခိုင်းတာ။ လှည့်လို့ကလည်း မရတော့ဘူး။ ပေးလည်း မဖြတ်တော့ဘူး” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

လားရှိုးမြို့ခံများသည် ဇူလိုင်လ ၅ရက်မှစ၍ အိမ်စီးကားများ၌ အလံဖြူထောင်၍ စစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။ ယခင်ရက်များက မြို့ပြင်သို့ ထွက်ခွင့်ပြုပြီး မြို့တွင်းသို့ အဝင် ခွင့်မပြုခဲ့ရာမှ ယနေ့တွင် ထွက်ခွာမည့်သူများကိုပါ ခွင့်မပြုတော့ခြင်းဟု သတင်းရရှိသည်။

” ကိုးကန့်တပ်က စစ်တပ်စခန်းတွေကိုဆက်တိုက်နေတယ်။ ရပ်ကွက်(၅)နဲ့(၇)မှာလည်း လက်နက်ကြီးတွေရော ဒရုန်းသံတွေကိုကြားနေရတယ်။ မြို့ခံလူထုကိုအပြင်ထုတ်ခွင့်မပေးတော့ဘဲနဲ့ ကာထားတဲ့ပုံနဲ့လုပ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ယမ်းမြို့ဘက်သို့ထွက်သည့်လမ်းမှ သွားလာ၍ရနေသေးသော်လည်း လမ်းများဖျက်ဆီးထား၍ အဆင်မပြေကြောင်း ဒေသခံများက ပြောသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်မတော်(MNDAA)က စစ်မျက်နှာငါးခုဖွင့် တိုက်ခိုက်နေပြီး ယနေ့တွင်လည်း မြို့အနီးရှိ စစ်ကောင်စီ​၏ ခလရ(၆၈)နှင့် ခမရ(၅၀၇)ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” ၅၀၇က ကျတော့မယ်။ အတော်လေး အတ်ိုက် ခံ‌နေရတယ်။ အဲ့နားနဲ့ မလှမ်းမကမ်းက စစ်ရှောင်တွေကို စစ်တပ်က ပိတ်ထားတာက အဓိပ္ပါယ်မရှိဘူး”ဟု စစ်ဘေး ရှောင်များအားကူညီနေသူတစ်ဦးက ပြောသည်။

(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လားရှိုးမြို့ရှိ ဆောက်လက်စအဆောက်အဦးတစ်ခုတွင် စစ်ဘေးရှောင်နေကြသော ဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့် ခလရ (၂၉၁) တပ်ရင်းဌာနချုပ်ကို MNDAAက ဇူလိုင် ၆ရက် တွင် တိုက်ခိုက်သိမ်းယူထားသည်။

ယနေ့တွင်လည်း လားရှိုးမြို့ နေရာအချို့၌ ပေါက်ကွဲသံများကြားနေရပြီး အရပ်သားထိခိုက်မှုများလည်းရှိနေကြောင်း၊ မြို့မှတ်တိမ်းရှောင်လိုသည့် အလံဖြူထောင်အိမ်စီးကားများလည်း အစီးရေထောင်ချီ၍ ပိတ်မိနေကြောင်းသတင်းရရှိသည်။

မြို့ခံများသည် ဆောက်လက်စအဆောက်အအုံမြေအောက်ခန်းများတွင်ပါ ပုန်းခိုနေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသည် ဟိုင်ဂင်စာချုပ်အရ သဘောတူထားသည့်အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက် များကို လျစ်လျူရှုထားခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ကိုးကန့်တပ်မတော် (MNDAA)က မေလ ၃၀ရက်တွင် သတိပေးထားသည်။

တအာင်းတပ်မတော်(TNLA)ကလည်း စစ်ကောင်စီက ရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍တိုက်ခိုက်လာနိုင်သောကြောင့် လုံခြုံရေးသတိပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။