Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်နှင့် စပ်ဆက်ဒေသတိုက်ပွဲများအတွင်း အရပ်သား ၇၀ခန့်သေဆုံး၊ ၁၀၀ကျော် ဒဏ်ရာရ

NLAနှင့် MNDAA တို့က ဇူလိုင် ၁၄ရက်ညပိုင်းမှစ၍ ၄ရက်ကြာ အပစ်ရပ်စဲရေး ကြေညာထားသော်လည်း ရှမ်းမြောက်၌ တိုက်ပွဲဆက်ဖြစ်နေသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နေ အဘွားအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံး၍ ရုပ်အလောင်းအား သယ်ယူနေစဉ်။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နေ အဘွားအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံး၍ ရုပ်အလောင်းအား သယ်ယူနေစဉ်။ ဓာတ်ပုံ - TNLA)

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း မိုးကုတ်မြို့၌ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှုများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိရာ တိုက်ပွဲ ၂၂ရက်အတွင်း အရပ်သား ၇၀ခန့်သေဆုံးခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ယမန်နေ့(ဇူလိုင် ၁၆)ညတွင် ထုတ်ပြန်သည်။

TNLAနှင့် မဟာမိတ်တပ်များသည် ဇွန်လ ၂၅ရက် မှစ၍ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နောင်ချို၊ မိုးကုတ်မြို့များရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ပြီး ကိုးကန့်တပ်မတော်(MNDAA) ကလည်း လားရှိုးမြို့ရှိ စစ်ကောင်စီတပ်များကို ဇူလိုင် ၃ရက်မှ စတင်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း လက်နက်ကြီး ၊ လေကြောင်း ပစ်ခတ်မှုများစွာ စစ်ကောင်စီဘက်က ပြုလုပ်ခဲ့၍ အရပ်သားထိခိုက်မှု ပိုမိုများပြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

TNLA ထုတ်ပြန်ချက်တွင် တိုက်ပွဲ ၂၂ရက်အတွင်း စစ်ကောင်စီက အရပ်သားများကို ဦးတည်ပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၆၉ဦးသေဆုံးကာ ၁၁ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု ဖော်ပြထားသည်။

ဒေသခံအချို့နှင့် စစ်ရေးသတင်းရင်းမြစ်အချို့၏ ပြောဆိုချက်တွင် မဟာမိတ်တပ်များက စစ်ကောင်စီကို ပစ်ခတ်တိုက်ခိုက်သည့် ကျည်ကြောင့်လည်း အရပ်သားသေဆုံးထိခိုက်မှု ဖြစ်စဉ်အချို့ရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် TNLAနှင့် MNDAA တို့က ဇူလိုင် ၁၄ရက်ညပိုင်းမှစ၍ ၄ရက်ကြာ အပစ်ရပ်စဲရေး ကြေညာထားသော်လည်း ရှမ်းမြောက်၌ တိုက်ပွဲဆက်ဖြစ်နေသည်။

ထို့ကြောင့် အရပ်သားသေဆုံးထိခိုက်မှုများလည်း ဆက်ရှိခဲ့သည်။

တစ်ဖက်သတ်အပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပစ်ရပ်ကာလ (၂)ရက်အတွင်း အရပ်သား (၃) ဦးသေဆုံးပြီး (၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLAက ယမန်နေ့တွင်ထုတ်ပြန်သည်။

သေဆုံးထိခိုက်သူများတွင် ကလေးငယ်အချို့ ပါဝင်သည်ဟုလည်း TNLAက အသိပေးသည်။ ယမန်နေ့ ဇူလိုင် ၁၆ရက်က မိုးကုတ်မြို့တွင် စစ်ကောင်စီမှ ပစ်ခတ်သည့် အတွဲလိုက်ဒုံးကျရောက်ပေါက်ကွဲ၍ ကလေးငယ် တစ်ဦးအပါအဝင် နှစ်သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟုဆိုသည်။

မိုးကုတ်အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ဗျူဟာကုန်းမှနေ၍ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်းမချယ်ရီ ရပ်ကွက်ဘက်သို့ အတွဲလိုက်ဒုံးပစ်ခတ်တိုက်ခိုက်ရာ ထိုနေရာရှိ အရပ်သားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး (၇)နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် (၄၀)အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။ ထို့အပြင် အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။