Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့မှထွက်ခွာလိုသည့် ​ဒေသခံပြည်သူများကိုစစ်ကောင်စီတားဆီး​နေ

ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ​ဒေသခံပြည်သူ ၂၂ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ဦးအထိ ရှိလာခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

(မိုးကုတ်မြို့တွင် စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲပြီး​နောက်​ မြို့တစ်​နေရာ​ပေါက်ကွဲ​နေ​သောမြင်ကွင်း။ ဓါတ်ပုံ-File Photo)
(မိုးကုတ်မြို့တွင် စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲပြီး​နောက်​ မြို့တစ်​နေရာ​ပေါက်ကွဲ​နေ​သောမြင်ကွင်း။ ဓါတ်ပုံ-File Photo)

ဇော်ရမ်း/People’s Spring

မိုးကုတ်မြို့မှ ထွက်ခွာရန်ကြိုးစားသည့်ဒေသခံများကို စစ်ကောင်စီတပ်ကတားဆီးပြီး မြို့ထဲသို့ပြန်ဝင်ခိုင်း‌နေကြောင်း ​ဒေသခံများက​ပြောသည်။

မိုးကုတ်မြို့တွင်ဇွန်လ ၂၄ရက်ညမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲများမှာ မြို့တွင်းသို့ ​ရောက်ရှိလာကာ ပိုမိုပြင်းထန်လာသဖြင့် မြို့တွင်း၌ကျန်​နေ​သော ဒေသခံများမှာ ယနေ့ (ဇွန် ၃၀ )နံနက်အစောပိုင်းတွင်ဘေးလွတ်ရာသို့ တိမ်းရှောင်ရန်ကြိုးစား​နေကြခြင်းဖြစ်သည်။

“မြို့ခံတွေကားတွေဆိုင်ကယ်တွေနဲ့ ထွက်တာ။ မနက်မိုးမလင်းခင်ကတည်းကထွက်တဲ့သူတွေလည်းရှိတယ်။ စစ်တပ်ဘက်က မြို့ထဲအကုန်ပြန်ဝင်ခိုင်းတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(မိုးကုတ်မြို့တွင် စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲပြီး​နောက်​ မြို့တစ်​နေရာ​ပေါက်ကွဲ​နေ​သောမြင်ကွင်း။ ဓါတ်ပုံ-File Photo)
(မိုးကုတ်မြို့တွင် စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲပြီး​နောက်​ မြို့တစ်​နေရာ​ပေါက်ကွဲ​နေ​သောမြင်ကွင်း။ ဓါတ်ပုံ-File Photo)

ဇွန် ၃၀ ရက်မနက်ပိုင်းတွင် မိုးကုတ်မြို့တွင်တိုက်ပွဲပြင်းထန်​နေပြီး ဒေသခံများသည် ဘေးလွတ်ရာသို့တိမ်းရှောင်လိုနေကြသည်။သို့သော် စစ်ကောင်စီက ပိတ်ဆို့ထား၍ ဒေသခံများ ထွက်မရဖြစ်နေသည်။ မနက်အစောပိုင်းထွက်ခွာသွားသည့်ကားအနည်းငယ်သာ ထွက်သွားနိုင်ခဲ့ကြောင်းသတင်းရရှိသည်။

“ကျ‌မတို့ကို ထွက်ခွာခွင့်ပေးဖို့လိုတယ်။ အခုကမြို့ခံတွေကို တည်ထားသလို စစ်တပ်က လုပ်နေတယ်။တိုက်ပွဲရပ်နေချိန်မှ နှစ်ဘက်စလုံးက ဒါကို(ဒေသခံများထွက်ခွာခွင့်) ခွင့်ပြုပေးဖို့လိုတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်သည် ကျန်​ဒေသများတွင်လည်း ၎င်းတို့တပ်စခန်းများတိုက်ခိုက်ခံရပါက ​ဒေသခံပြည်သူများကို ဖမ်းဆီး၍ ၊ထွက်​ပြေးခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် ပြုလုပ်​လေ့ရှိသည်။

ဒေသခံအများအပြားသည် ​ဘေးကင်းမည်ထင်ရာသို့ ထွက်ခွာနေပြီးကျန်​နေ​သောပြည်သူများမှာလည်းထွက်​ပြေးတိမ်း​ရှောင်လို​နေကြခြင်းဖြစ်ကြောင်းလည်း သတင်းရရှိသည်။

“မြို့အပြင်ဘက်မှာရော ပြန်ဝင်လာတဲ့လမ်းမှာပါ ကားတွေအတန်းလိုက်ပိတ်မိနေတာပါ။ ဒီမနက်တိုက်ပွဲဆက်ဖြစ်နေပြီး မြို့နားမှာလူထိခိုက်မှုလည်းရှိပါတယ်”ဟု ဒေသခံတဦးကပြောသည်။

(မိုးကုတ်မြို့တွင် စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲပြီး​နောက်​ မြို့တစ်​နေရာ​ပေါက်ကွဲ​နေ​သောမြင်ကွင်း။ ဓါတ်ပုံ-File Photo)
(မိုးကုတ်မြို့တွင် စစ်​ကောင်စီတပ်က ​လေ​ကြောင်းမှ ဗုံးကြဲပြီး​နောက်​ မြို့တစ်​နေရာ​ပေါက်ကွဲ​နေ​သောမြင်ကွင်း။ ဓါတ်ပုံ-File Photo)

မြို့ပေါ်တိုက်ပွဲပြင်းထန်နေချိန်တွင် စစ်​ကောင်စီတပ်သားများမှာ အရပ်ဝတ်ဖြင့် ထွက်​ပြေး​​နေကြသဖြင့် ဒေသခံပြည်သူများ နေအိမ်ထဲများတွင်သာနေထိုင်ကြရန် PDF မိုးကုတ်ဗျူဟာ က ဇွန် ၂၉ တွင်သတိ​ပေးထားသည်။

မိုးကုတ်မြို့မှစစ်ကောင်စီစခန်းများကို TNLA ၊MDY-PDF ၊မိုးကုတ်ဗျူဟာတပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄တို့ကဇွန်လ ၂၄ ရက်ညမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မြို့အနောက်ပိုင်းရှိ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ဖြူရောင်ကုန်း၊ ရဲစခန်း ၊ အောင်သာယာနှင့် အာကာမိုး တပ်စခန်းများအား TNLA ၊PDFပူး‌ ပေါင်းတပ်ကတိုက်ခတ်သိမ်းပိုက်ထားသည်။

မိုးကုတ်တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုများရှိနေပြီး အသေးစိတ်မသိရှိရသေးပေ။တိုက်ပွဲစတင်သည့် ဇွန်လ ၂၅ရက်မှ ၂၉ရက်အထိ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုတို့ကြောင့်ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ​ဒေသခံပြည်သူ ၂၂ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ဦးအထိ ရှိလာခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။